" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, July 23, 2023

ARSA အဖွဲ့ ခေါင်းဆောင်ကို ဖမ်းဆီးရမိကြောင်း ဘင်္ဂလား ဒေ့ရှ်ရဲ ကြေညာ

VOA
ဗွီအိုအေ (မြန်မာဌာန)
၂၃ ဇူလိုင်၊ ၂၀၂၃ 

ဝရမ်းပြေးအဖြစ် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က လိုချင်နေတဲ့ လက်နက်ကိုင် ARSA အဖွဲ့ဝင်များ (Photo: C J)


ဘင်္ဂလာဒေ့ရှ်နိုင်ငံ Cox’s Bazar ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ ARSA အကြမ်းဖက်အဖွဲ့ရဲ့ ခေါင်း ဆောင် Hafez Nur Mohammad ကိုသောကြာနေ့မှာ ဖမ်းဆီးရမိကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် မှုတိုက်ဖျက်ရေးဆိုင်ရာ RAB တပ်ဖွဲ့ တရားရေးနဲ့ သတင်းဌာနအကြီးအကဲ Khandaker Al Moin က စနေနေ့မှာ ကြေညာပါတယ်။

ARSA အဖွဲ့ဟာ ပြန်ပေးဆွဲတာ၊ လူသတ်တာလို ရာဇဝတ်မှုတွေ လုပ်ဆောင်နေကြောင်းနဲ့ ဒီအဖွဲ့ရဲ့ အဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ဖို့ ဆက်လက်ကြိုးစားနေကြောင်းလည်း RAB တပ်ဖွဲ့က ပြောပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar ဒေသမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းကနေ လာရောက်တဲ့ လက်နက်ကိုင် အဖွဲ့အများ အပြား လှုပ်ရှားနေကြပြီး တချို့က အဲဒီမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြ တယ်လို့လည်း ပြောပါတယ်။

SEE ALSO:

HRW လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ကြီးရဲ့ ဒီလအစောပိုင်း ထုတ်ပြန်တ့ဲ အစီရင်ခံစာမှာတော့ ဘင်္ဂလားဒေ့ရှ် ရောက် ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အဲဒီဝန်းကျင်က ရာဇဝတ်ဂိုဏ်းတွေကို ကြောက်ရွံ့ ထိတ်လန့်နေကြရတယ် လို့ ပြောပါတယ်။ Cox's Bazar ဒုက္ခသည်စခန်းတွေမှာ လက်နက်ကိုင်အဖွဲ့ အနည်းဆုံး ၁၁ ဖွဲ့ကြီးစိုးနေပြီး HRW က ကောက်ယူတဲ့ စာရင်းတွေအရ ဒီနှစ်ထဲမှာပဲ ရိုဟင်ဂျာ အနည်းဆုံး ၄၈ ယောက် အသတ်ဖြတ်ခံခဲ့ရသလို မနှစ် က ၂၀၂၂ မှာတော့ အယောက် ၄၀ အသတ်ခံခဲ့ရတယ်လို့ ဖေါ်ပြထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည် ၂၀ ဝန်းကျင်ဟာ အဖမ်းဆီးခံနေရပြီး ညှင်းဆဲတာ ဒါမှမဟုတ် ခြိမ်းခြောက်တာ ပြန် ပေးဆွဲတာ ခံနေရတယ်လို့လည်း ပြောပါတယ်။

ဒီဒုက္ခသည် စခန်းတွေမှာ အကြမ်းဖက်မှုတွေ တိုးလာတာနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် ဆိုင်ရာ ကု လသမဂ္ဂအဖွဲ့ အကြီးအကဲ Gwyn Lewis က ဇူလိုင်လ ၁၈ ရက်နေ့မှာ ဘင်္ဂလာဒေ့ရှ် ပြည်ထဲရေးဝန်ကြီးကို တွေ့ ဆုံ ပြောကြားခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီး Asaduzzaman Khan ကလည်း အခုလို အသတ်ဖြတ်ခံရမှုတွေ အ ကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အခြေနေကို ထိန်းချုပ်ဖြေရှင်းနိုင်ဖို့ Cox's Bazar မှာ စစ်တပ်ချထားဖို့ ဘင်္ဂလာ ဒေ့ရှ်အစိုးရက စဉ်းစားနေကြောင်း ပြောပါတယ်။

အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာဒုက္ခသည်က ၁.၂ သန်း နီးပါး ရှိနေပြီဖြစ်ပါတယ်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */