" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, June 8, 2023

လှေစီးပြေး ရိုဟင်ဂျာအရေး အင်ဒို- မလေး ပူးပေါင်းဆောင် ရွက်မည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၈ ဇွန်၊ ၂၀၂၃

entara စာမျက်နှာမှ သတင်းဖော်ပြချက်
 

အင်ဒိုနီးရှားပင်လယ်ပြင်လုံခြုံရေးဌာနနဲ့ မလေးရှားပင်လယ်ပြင်ဥပဒေစိုးမိုးရေးဌာနတို့ ပူးတွဲပြီး လှေစီးပြေး ရိုဟင် ဂျာဒုက္ခ သည်တွေအရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြောင်း တာဝန်ရှိသူ တွေက ဗုဒ္ဓဟူးနေ့မှာပြော ဆိုခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှာ ဗုဒ္ဓဟူးနေ့ကျင်းပတဲ့ ၂၀၂၃ (ASEAN Coast Guard Forum) အာဆီယံနိုင်ငံ များ ပင်လယ်ကမ်းရိုးတန်းဆိုင်ရာလုံခြုံရေးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အင်ဒိုနီးရှား ပင် လယ် ပြင်ဆိုင်ရာလုံခြုံရေးဌာနအကြီးအကဲ ဒုတိယရေတပ်ဗိုလ်ချုပ်ကြီး Aan Kurnia က အခုလိုထုတ်ဖေါ်ပြော ဆိုခဲ့တာပါ။

လူသားခြင်းစာနာမှုဆိုင်ရာစည်းမျဉ်းတွေအရ ဒုက္ခသည်တွေ ကမ်းခြေအနီးရောက်လာခဲ့ရင်၊ ဒါမှမဟုတ် စက်လှေ ချို့ ယွင်းခဲ့ရင်၊ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဝတ္တရားရှိပါတယ်လို့လည်းသူက မှတ်ချက် ပြုပြောဆိုခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်ထဲမှာအခြေချနေထိုင်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာစစ်တပ်က တိုက် ခိုက်ခဲ့ပြီးကတည်းက ရိုဟင်ဂျာဒုက္ခသည် ၉ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဘဇားဒေသမှာ နေထိုင် လျက်ရှိတယ်လို့ ကုလသမဂ္ဂစာရင်းတွေမှာဖေါ်ပြထားပါတယ်။ မြန်မာစစ်တပ်တာဝန်ရှိသူတွေကတော့ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်း ကိုလက်မခံပါဘူး။

ဒီရိုဟင်ဂျာဒုက္ခသည်တွေဟာ နယူးဇီလန်၊ သြစတြေးလျ စတဲ့နိုင်ငံတွေမှာ ခိုလှုံခွင့်ရဖို့သွားရောက်တာ တွေရှိပါ တယ်။ မကြာခဏဆိုသလိုဘဲ စက်လှေတွေပျက်ပြီး အင်ဒိုနီးရှားနဲ့မလေးရှား ရေပိုင်နက်ထဲ ကိုရောက်ရှိ လာတတ် ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလကနေ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ရိုဟင်ဂျာဒုက္ခသည် ၆၄၄ ယောက်ဟာ စက်လှေ ၅ စင်းနဲ့ အင်ဒိုရီးရှားရေပိုင်နက်အတွင်းကိုရောက်ရှိလာခဲ့တယ်လို့ ကုလသမဂ္ဂကဖေါ်ပြထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */