Saturday, June 10, 2023

ရိုဟင်ဂျာတွေကို မြန်မာဘက်ခြမ်း ပြန်ပို့ရေး ရှေ့ပြေးအစီ အစဉ် ဆိုင်းငံ့ထားဖို့ ကုလတိုက်တွန်း

BBC
09.06.2023

ရိုဟင်ဂျာ ၇၀၀၀ ကျော်ကို ဒီနှစ်ကုန်မတိုင်ခင် မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ စီစဉ်ထား

ရိုဟင်ဂျာတွေ မြန်မာနိုင်ငံ ပြန်ရောက်ရင် ဆိုးဝါးတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည် တွေကို မြန်မာနိုင်ငံ ပြန်ပို့ရေး ရှေ့ပြေးစီမံကိန်းတစ်ခုကို ဆိုင်းငံ့ထားဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုကုလသမဂ္ဂကတိုက် တွန်းလိုက်ပါတယ်။

ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံဘက်ခြမ်း အတင်းပြန်ပို့တာဟာ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ရာ ကျပြီး ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ရိုဟင်ဂျာတွေ ရင် ဆိုင်ရနိုင်ဖွယ် ရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ပြောပါတယ်။

မြန်မာနိုင်ငံ ပြန်ပို့တာကို လက်မခံတဲ့သူမှန်သမျှကို ဖမ်းဆီးပြီး သူတို့ရဲ့ အထောက်အထားစာရွက်စာတမ်းတွေသိမ်း ဆည်းပစ်မယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ခြိမ်းခြောက်ထားတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီရှေ့ပြေးစီမံကိန်းအရ ရိုဟင်ဂျာ ၇ ထောင်ကျော်ကို ဒီနှစ်ကုန်မတိုင်ခင် မြန်မာနိုင်ငံဘက်ခြမ်း ပြန်ပို့ဖို့ ရှိနေပါ တယ်။

 Link: Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */