" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, June 7, 2023

နေရပ်ပြန်ရေးလက်ခံထားသူ ရိုဟင်ဂျာ ၂၃ဦးကို အကူအညီ ဖြတ်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၀၇ ဇွန်၊ ၂၀၂၃

Cox's Bazar စခန်း၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကပေးတဲ့ရိက္ခာထုတ်လာတဲ့ ရိုဟင်ဂျာတဦး

Cox's Bazar ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်မိသားစု ၄ စု ရဲ့ လူ ၂၃ ယောက်ကို ကုလသမဂ္ဂ ဒုက္ခသည် ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က စားနပ်ရိက္ခာထောက်ပံ့တာ ရပ်နားလိုက်ပါတယ်။ အဲဒီ မိသားစု ၄ စုတို့ စမ်း သပ်စီမံချက်အောက်မှာ ပြန်သွားကြဖို့ သဘောတူညီထားပြီးသားဖြစ်တယ်လို့ ဒုက္ခသည် သက်သာရေးနဲ့ ပြန်ပို့ရေး ကော်မရှင်နာ Md Mizanur ကပြောပါတယ်။

 

“မိသားစု ကို တနင်္လာနေ့ မနက်ကစပြီး ထောက်ပံ့တာရပ်လိုက်တာပါ။ ဒါပေမဲ့ UNHCR ကတော့ ဘာကြောင့် အဲ ဒီလို ရပ်လိုက်ရသလဲဆိုတာကို ဖော်ထုတ်မပြောပါဘူး။ ဒါပေမဲ့ သူတို့ ကို တနည်းတဖုံနည်းလမ်းနဲ့ စားနပ်ရိက္ခာ ထောက်ပံ့နေပါတယ်။” လို့လည်း Md Mizanur က ဆိုပါတယ်။

စားနပ်ရိက္ခာ ထောက်ပံ့တာကို ရပ်လိုက်တဲ့အကြောင်းပြချက်ကိုတော့ ရာထူးမြင့်တဲ့ တာဝန်ရှိသူတွေကပဲ ရှင်းပြ နိုင်ပါတယ်လို့ UNHCR Cox's Bazar ရုံး ရဲ့ ဒုတိယ အကြီးအကဲက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ကြောင်း စိစစ်ထားပြီးဒုက္ခသည် အဖွဲ့တစ်ဖွဲ့ ကိုစမ်းသပ်စီမံချက်အနေနဲ့ မြန်မာနိုင်ငံ ကိုပြန် ပို့ဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့ သဘောတူထားကြပါတယ်။ ဒီအစီအစဥ်ကို တရုတ်အကူအညီနဲ့ စတင်ဖို့စီစဥ် နေ ကြ တာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာရခိုင်ပြည်နယ်ရဲ့ အခြေအနေက ဒုက္ခသည်တွေပြန်ဖို့ အခြေအနေ မပေးသေး ဘူးလို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး ကို ဆိုပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */