" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Monday, May 8, 2023

ဘင်္ဂလားဒေ့ရှ်စခန်းတွေက ရိုဟင်ဂျာတွေ ရိက္ခာထောက်ပံ့ ကြေး ထပ်မံဖြတ်တောက်ခံရဖို့ရှိနေ

BBC
မေ ၈ ၂၀၂၃ 

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေဟာ ရိက္ခာထောက်ပံ့ကြေး ထပ်မံ ဖြတ်တောက်ခံရဖို့ ရှိနေတယ်လို့ ဒုက္ခသည်တွေက ဘီဘီစီကို ပြောလာပါတယ်။

လာမယ့် ဇွန်လကစလို့ ထောက်ပံ့ကြေး ဖြတ်တောက်မယ့်အစီအစဥ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP က စခန်းတွေကို စာနဲ့ဖြန့်ဝေထားတာလို့လည်းဆိုပါတယ်။

ဘီဘီစီက ရရှိတဲ့စာမှာတော့ လက်ရှိထောက်ပံ့ကြေး ဘင်္ဂလားဒေ့ရှ်ငွေ ၁၀၅၀ တာကာ ကနေ ၈၄၀ တာကာအထိ လျှော့ချမှာဖြစ်တယ်ဆိုပြီး ဒီလိုလုပ်ဆောင်ရတာဟာ ရန်ပုံငွေ ရရှိမှု နည်းပါးတာကြောင့်လို့ WFP ကရှင်းပြထား တာတွေ့ရပါတယ်။

ရန်ပုံငွေ လုံးဝပြတ်သွားတာမျိုးမဖြစ်အောင် အခုလို လျှော့ချရတာဖြစ်တယ်လို့လည်း အဲဒီစာထဲမှာ ပြောထားပါ တယ်။

စခန်းတွေက သိန်းနဲ့ချီတဲ့ဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လကလည်း ရန်ပုံငွေမလုံလောက်တာကြောင့် ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ပမာဏကို တာကာငွေ ၂၀၀ ကျော် လျှော့ချထားပြီး ဖြစ်ပါတယ်။

ဒုက္ခသည်စခန်းထဲမှာနေထိုင်နေကြရတဲ့ ရိုဟင်ဂျာတွေကတော့ စခန်းထဲကနေ ထွက်ပြီး အပြင်မှာ အလုပ်လုပ်ကိုင် ခွင့်မရှိတဲ့အချိန်မှာ ထောက်ပံ့ကြေးဖြတ်တောက်ခံရတာ၊ ရရှိတဲ့ ထောက်ပံ့ကြေးနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်တာတွေ ကြောင့် စခန်းကနေ ထွက်ခွါတဲ့သူတွေများလာနိုင်သလို၊ လူကုန်ကူးခံရနိုင်တဲ့အန္တရာယ်လည်းမြင့်လာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */