" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, May 7, 2023

မြန်မာနိုင်ငံကို ပြန်ဖို့ သဘောမတူဘူးလို့ ရခိုင်ကိုလာတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်တွေ ပြော

VOM
မျိုးဆက်(VOM)
ဒါကာ၊ မေ-၆-၂၀၂၃
မနေ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် နေရာထိုင်ခင်းနဲ့ အခြေအနေတွေကို လာရောက်လေ့လာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို သူတို့ဆန္ဒသဘောအလျောက် ပြန်ဖို့သဘောမတူဘူးလို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ၂၀ ဦးနဲ့အတူ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဟာ ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေနေဖို့ဆောက်ထားတဲ့ စံပြကျေးရွာနှစ်ရွာကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

ကျွန်တော်တို့ ကိုယ့်မြေကို ကိုယ်ပြန်ရမှာဖြစ်ပြီး ဘေးကင်းလုံခြုံရေးနဲ့ နိုင်ငံသားဖြစ်ခွင့်တောင်းဆိုချက်တွေ လက်ခံရင် ပြန်မယ်လို့ ဒုက္ခသည်ကိုယ်စားလှယ်အဖွဲ့က မိုဟာမက်စလင်းက ပြောပါတယ်။

ပြန်လည်နေထိုင်မယ့် ဒုက္ခသည်တွေအတွက် စျေး၊ ဆေးရုံ အပါအ၀င် အဆောက်အဦတွေအသစ်တည်ဆောက်ထားပေမယ့်လည်း လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ကိုယ်စားလှယ်အဖွဲ့မှာပါတဲ့ ဒုက္ခသည်အမျိုးသမီးတဦးကလည်း ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်တွေအတွက် ဘယ်အရာမှမလုံခြုံကြောင်းနဲ့ ထပ်ပြီး ဖိနှိပ်မှုတွေ ခံရနိုင်တယ်လို့ သူမက ပြောပါတယ်။ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို ဆက်လုပ်ချင်ကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အတွင်း ထောင်ပေါင်းများစွာသော ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်းခဲ့ကြပြီး ပြန်ပို့ရေးလုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံသဘောတူခဲ့ပေမယ့် ထင်သာမြင်သာ တိုးတက်မလာခဲ့ပါဘူး။

ဒါ့အပြင် ရခိုင်ပြည်နယ်ဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် သင့်လျော်တဲ့ အခြေအနေတွေ မရှိသေးကြောင်း ကုလသမဂ္ဂကလည်း ကြိမ်ဖန်များစွာ သတိပေးထားပါတယ်။

Ref: AFP

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */