" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 21, 2023

ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေက ဒုက္ခသည်တွေ နေရပ် ပြန်ဖို့ အခြေအနေမပေးသေးဘူးလို့ UNHCR ထုတ်ပြန်

မဇ္စျိမ
21 March 2023

ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေဟာ ဒုက္ခသည်တွေပြန်ဖို့ အခြေအနေမပေးသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခ သည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

ရခိုင်နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်နေတဲ့အချိန်မှာ UNHCR က ထုတ်ပြန်လာတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေဟာ ဒုက္ခသည်တွေပြန်ဖို့ မသင့်တော်သေးသလို မည်သည့်ဒုက္ခသည်တွေကိုမှ အ တင်း အကြပ် မပြန်ခိုင်းသင့်ဘူးလို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်(AA)တို့ ယာယီအပစ်ရပ်ထားပေမယ့် နှစ်ဖက်စစ်ရေးအခြေအနေ ကြောင့် တိုက်ပွဲတွေ အချိန်မရွေးပြန်ဖြစ်နိုင်တယ်လို့ AA က ပြောဆိုထားတာလည်းဖြစ်ပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်- မြန်မာနှစ်နိုင်ငံ ရှေ့ပြေး စီမံချက် အတွက် ဒုက္ခသည်အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံဖို့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့ တာ ကို UNHCR ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးက သိရှိတဲ့အကြောင်း၊ ဒါပေမဲ့ အဲဒီဆွေးနွေးပွဲ တွေမှာ UNHCR ပါဝင်ပတ်သက်မှု မရှိကြောင်း မတ် ၁၉ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

AFP သတင်းမှာတော့ ရိုဟင်ဂျာတွေ ပြန်ဖို့ မြန်မာနိုင်ငံအခြေအနေက စိတ်မချရသေးပေမယ့် ဒုက္ခသည်တွေ ပြန် ပို့ရေးအတွက် စစ်ကောင်စီတာဝန်ရှိသူတွေ ဘင်္ဂလားဒေ့ရှ်သွားရောက်ဖို့ UNHCR က ကူညီခဲ့တဲ့အကြောင်း ကုလ သမဂ္ဂ တာဝန်ရှိသူနှစ်ယောက်က ပြောကြားတယ်လို့ မတ် ၁၈ ရက်က ဖော်ပြပါတယ်။

စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ မတ်လ ၁၅ ရက်က မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံပြီး လူ ၁၀၀၀ ကျော်လောက်ကို နေရပ်ပြန်ခေါ်ဖို့ စီစဉ်နေတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကော့စ်ဘဇားဒုက္ခသည်စခန်းများမှာ ရခိုင်နေရပ်စွန့်ခွာသူ ၁ ဒသမ ၁သန်းကျော်ရှိတယ်လို့ ပြောဆိုနေပေမယ့် စစ်ကောင်စီကတော့ ၅သိန်းကျော်သာရှိတယ်လို့ ပြောဆိုထားပါတယ်

ပိုမိုဆိုးရွားလာနေတဲ့ မြန်မာနိုင်ငံက အခြေအနေတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ် ကော့ဇ်ဘဇားရှိ ဒုက္ခ သည် စခန်းတွေမှာ ခိုလှုံနေထိုင်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးလို့ ကုလသမဂ္ဂရဲ့ ယူကေနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဖားဂက်စ်အက္ကာစလေက ကုလသမဂ္ဂရဲ့ ၇၇ ကြိမ်မြောက် အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။

နေရပ်ပြန်ဖို့အတွက် နိုင်ငံသားမှတ်ပုံတင်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ထံ တောင်းဆိုခဲ့ကြကြောင်းဒုက္ခသည် ခေါင်းဆောင်တွေက ပြောပါတယ်။

၂၀၂၃ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို လုံလောက်စွာထောက်ပံ့နိုင်ရေးအတွက်လျာထားတဲ့ အမေရိကန်ဒေါ်လာ ၈၇၆ သန်းပြည့်အောင် အဖွဲ့ဝင်နိုင်ငံတွေက ဝိုင်းဝန်ကူညီကြဖို့ကိုလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကလည်း ကုလသမဂ္ဂညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */