" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, March 22, 2023

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ၁၀၀၀ စစ်ကောင်စီပြန် လက်ခံမည်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
၂၂ မတ် ၂၀၂၃

ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်မြို့ Teknaf မှာ မြန်မာကိုယ်စားလှယ်အဖွဲ့လာရောက်စဉ်အတွင်းတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်များ (မတ် ၁၅၊ ၂၀၂၃)

 
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာတွေထဲက ၁၀၀၀ လောက်ကို နေရပ်ပြန်ရေး စမ်းသပ်အစီအစဉ် တ စိတ်တပိုင်းအဖြစ် လက်ခံဖို့ မြန်မာစစ်ကောင်စီက စီစဉ်နေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ နေရပ်ပြန် ရေး အစီအစဉ်အပေါ် သံသယရှိနေကြတာပါ။

ဧပြီလလယ်လောက်မှာ စတင်မယ့် နေရပ်ပြန်ရေး အစီအစဉ်မှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံသဘောတူညီချက် အရ ပထမအသုတ်အဖြစ် လူ ၁၀၀၀ လောက်ကို ပြန်လက်ခံမှာဖြစ်ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော် မင်းထွန်းကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ ပြန်လက်ခံမယ့် လူစာရင်းကိုတော့ လတ်တလော မြန်မာ ဖက်က စိစစ်နေတယ်လို့လည်း ပြောပါတယ်။ ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုတွေအရ အ ဝင် ၁၇ ယောက်ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ် ခရီးစဉ် ဒီကနေ့ ဗုဒ္ဓဟူးနေ့ အဆုံးသတ်ချိန်မှာ ပဲ ရိုဟင်ဂျာတွေ ပြန်လက်ခံမယ့် သတင်းထွက်လာတာပါ။ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်အတွင်း ဒုက္ခသည် ၄၈၀ လောက်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ကြရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ပြန်လက်ခံဖို့ ၂ နိုင်ငံကြား အရင်ကတည်းက သဘောတူထားပေမဲ့ လက်တွေ့ အကောင်အထည် မဖော်နိုင်ပဲ ဖြစ်နေတာပါ။ ရိုဟင်ဂျာဒုက္ခသည်တွေကတော့ မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေကြောင့်ရော၊ အခြေခံအခွင့်အရေး ရရှိပိုင်ခွင့်နဲ့ လုံခြုံရေး အခြေအနေအပေါ် စိုးရိမ်မှုတွေကြောင့်ပါ နေရပ်ပြန်ရေး အစီအစဉ် အပေါ် သံသယရှိနေကြပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */