" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, September 1, 2022

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေ ဆန်းလွင် နှင့်တွေ့ဆုံမေးမြန်းခြင်း ( နိဂုံး )

ရန်ကုန်ခေတ်သစ်
၂၀၂၂-၀၈-၂၀၂၂ 


“ရိုဟင်ဂျာတွေ လက်ထပ်ဖို့ဆိုရင် စစ်တပ်ဆီက ခွင့်ပြုချက်ယူရတယ်။ သူတို့ခွင့်ပြုချက်ရဖို့ လေးငါးခြောက်နှစ် စောင့်ရတဲ့အပြင် ပိုက်ဆံသိန်းနဲ့ချီပြီး ပေးရတယ်။ နောက်ပြီးတော့ သတို့သား သတို့သမီးတွေကို စစ်ဆေးစရာ ရှိတယ် ဆိုပြီးခေါ်တယ်။ ပြီးတော့ သတို့သမီးတွေကို စစ်တပ်က မုဒိမ်းကျင့်တယ်”


ပြည်သူတွေကို သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ဆောင်တွေကို ICC တရားရုံး ဆီကိုပို့ဖို့ အမေရိကန်က ထောက်ခံတယ်လို့ ပြောဆိုလိုက်ပါပြီ ။

ICJ မှာလည်း မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကနေ အင်အားကြီးတဲ့ ဗြိတိန်၊ နယ်သာလန်၊ ကနေဒါ၊ ဂျာမဏီနဲ့ မော်လဒိုက်နိုင်ငံတွေက တရားလို နိုင်ငံတွေ အဖြစ် ထပ်မံပါဝင်လာပါတယ်။

ပြီးခဲ့တဲ့ ပထမပိုင်းမှာတော့ ICC ၊ ICJ နဲ့ အာဂျင်တီးနားတရားရုံးတွေမှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ ကို ထိထိ ရောက် ရောက် အရေးယူဖို့အတွက် ဘယ်လောက်ကြာဦးမလဲဆိုတာတွေ နဲ့စစ်ရာဇဝတ် ကောင် မင်း အောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ အရေးမယူ နိုင်အောင် ရုရှားနဲ့ တရုတ်တို့က တားဆီးပေး နိုင် မှာလား စတဲ့အကြောင်းအရာတွေကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှား သူလည်းဖြစ် Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ ရိုနေဆန်းလွင်နဲ့ မေးမြန်းတင်ဆက်ခဲ့ပါတယ်။

အခု နိဂုံးပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က အာဏာ သိမ်းလိုက်ကတည်း ရိုဟင်ဂျာ တွေရဲ့ အခွင့်အရေးတွေဆုံးရှုံးသွားတာတွေ၊ စစ်အုပ်စုအသီးသီးက လူမျိုးရေးဘာသာရေး မှိုင်းတိုက်ထားတဲ့ အ ကြောင်းတွေ စစ်အုပ်စု အဆက်ဆက်ရဲ့ ရာဇဝတ်မှုကျူးလွန်ပုံတွေက နေရာဒေသ လူ မျိုး သာကွဲ သွားပေမယ့် ကျူးလွန်တဲ့ပုံစံတွေအကြောင်း ရန်ကုန်ခေတ်သစ်က မေးမြန်းထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */