" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Wednesday, August 31, 2022

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် နှင့်တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

ရန်ကုန်ခေတ်သစ်
၂၀၂၂ သြဂုတ်လ ၃၁ ရက်။

Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင် နှင့်တွေ့ဆုံမေးမြန်းခြင်း အပိုင်း (၁)

“ဖမ်းဝရမ်း ထွက်လာရင် ဘယ်နိုင်ငံက မဆို ဖမ်းပေးခွင့်ရှိတယ်။ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ဆောင် တွေဟာ ကိုယ့်နိုင်ငံမှာပဲ အကျဉ်းကျနေတဲ့ ပုံစံဖြစ်သွားမယ်။ ထိုင်းတို့၊ တရုတ်တို့ သွားရင်တောင်မှ မဖမ်းဘူးလို့ အာမခံပေးပါလို့ တောင်းဆိုရတဲ့ အခြေ အနေဖြစ်လာမယ်။”

ပြည်သူတွေကို သတ်ဖြတ်ထားတဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ဆောင်တွေကို ICC ကိုပို့ဖို့ အမေရိကန်က ထောက်ခံတယ်လို့ ပြောဆိုလိုက်ပါပြီ ။

ICJ မှာလည်း မြန်မာနိုင်ငံကို တရားစွဲဆိုထားတဲ့ ဂမ်ဘီယာနိုင်ငံဘက်ကနေ အင်အားကြီးတဲ့ ဗြိတိန်၊ နယ်သာလန်၊ ကနေဒါ၊ ဂျာမဏီနဲ့ မော်လဒိုက်နိုင်ငံတွေက တရားလို နိုင်ငံတွေ အဖြစ် ထပ်မံပါဝင်လာပါတယ်။
 
ဒါကြောင့် ICC ၊ ICJ နဲ့ အာဂျင်တီးနားတရားရုံးတွေမှာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်း ဆောင်တွေကို ထိထိ ရောက် ရောက် အရေးယူဖို့အတွက် ဘယ်လောက်ကြာဦးမလဲ။

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ အရေးမယူ နိုင်အောင် ရုရှားနဲ့ တရုတ်တို့က တားဆီးပေးနိုင်မှာလား စတဲ့အကြောင်းအရာတွေကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူလည်းဖြစ် Free Rohingya Coalition ၏ ပူးတွဲတည်ထောင်သူလည်း ဖြစ်တဲ့ ရိုနေဆန်းလွင်ကို ရန်ကုန်ခေတ်သစ်က တွေ့ဆုံ မေး မြန်းထားပါတယ်။
Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */