" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 22, 2022

မြန်မာ-ဂမ်ဘီယာ အိုင်စီဂျေအမှု မြန်မာဘက်က ကနဦးကန့်ကွက်ချက်အားလုံး ပယ်ချခံရ

B B C

ဘီဘီစီမြန်မာပိုင်း
2022-07-22


လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက် အမှုကြီး တစ်ခုလုံး မဆုံးဖြတ်ခင် ဒုတိယမြောက် ကြားဖြတ်ဆုံးဖြတ်ချက်လို့ ဆိုနိုင်တဲ့ ဆုံးဖြတ်ချက်ကို နယ်သာလန်နိုင်ငံမှာ ဒီကနေ့ ကြေညာခဲ့ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုပြီး မြန်မာကို ဂမ်ဘီယာက အိုင်စီဂျေမှာ တရားစွဲ ဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး အမှုကို တရားရုံးက လက်ခံသင့် မသင့် ကိစ္စကို မြန်မာဘက်က ကနဦးကန့်ကွက် ချက် လေးချက်တင်ထားကို လေးချက်စလုံးကို တရားရုံးက ပယ်ချခဲ့ကြောင်း ဆုံးဖြတ်လိုက်ပါတယ်။

မြန်မာရဲ့ ပထမဆုံးကန့်ကွက်ချက်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ တရားစွဲလို့ မရကြောင်း ကန့်ကွက်ခဲ့တာနဲ့ ပတ်သက်ပြီး ဂမ်ဘီယာ ဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံနဲ့ ဂျီနိုဆိုက် တားဆီးရေး စာချုပ်အဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အတွက် မြန်မာကန့်ကွက် ချက်ကို ပယ်ချရမယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာရဲ့ နောက်ကန့်ကွက်ချက်တစ်ခုကတော့ အမှုကို တိုင်ကြားချိန်မှာ ဂမ်ဘီယာနဲ့ မြန်မာကြားမှာ အငြင်းပွား မှု ရှိမနေဘူး၊ ဒါကြောင့် တရားရုံးမှာ တိုင်ကြားနိုင်တဲ့ တရားဝင်မှုမရှိဘူးဆိုတဲ့ အချက်အပေါ်မှာ တရားသူကြီးက ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေမှာ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့က တွေ့ရှိချက်တွေ တင်ပြချိန်မှာက တည်းက ဂမ်ဘီယာရဲ့ ရပ်တည်ချက်၊ ဂမ်ဘီယာဘက်က ပေးပို့ခဲ့တဲ့စာတွေနဲ့ မြန်မာဘက်က တုံ့ပြန်ချက် မတုံ့ ပြန် ချက်တွေကို ကြည့်ပြီး မြန်မာနဲ့ ဂမ်ဘီယာကြားမှာ အငြင်းပွားမှုရှိခဲ့ပါတယ်လို့ ဆုံးဖြတ်တဲ့အတွက် မြန်မာရဲ့ ဒီကန့်ကွက်ချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

မြန်မာရဲ့ တတိယကန့်ကွက်ချက်ဖြစ်တဲ့ မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုတားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုး စဉ်က ခြွင်းချက်ထားခဲ့တဲ့ ပုဒ်မ ၈ ကြောင့် အိုင်စီဂျေတရားရုံးအနေနဲ့ အခုအမှုကို ကြားနာစီရင်ဆုံးဖြတ် ခွင့်မရှိ ဘူးဆိုတဲ့ အပေါ်မှာ တရားရုံးကတော့ မြန်မာဟာ ပုဒ်မ ၈ ကို ခြွင်းချက်ထားပေမဲ့ ပုဒ်မ ၉ ကို လက်ခံထားတဲ့ အ တွက်ရယ်၊ တရားစွဲဆိုမှုကို ကြားနာခွင့်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ရာမှာ ဆက်စပ်အခြေအနေတွေကို ပါထည့်သွင်း စဉ်းစားရတာမို့ စီရင်ပိုင်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ပြီး မြန်မာရဲ့ ကန့်ကွက်ချက်ကို ပယ်ချခဲ့ပါတယ်။

မြန်မာရဲ့ နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်ခံနေရတယ်ဆိုတဲ့ စွပ်စွဲချက်ကို ဂမ် ဘီ ယာက သူတို့မြေမှာဖြစ်တာလည်းမဟုတ်၊ သူတို့လူမျိုးတွေ ထိခိုက်နစ်နာတာလည်းမဟုတ်လို့ တိုင်ကြားစွဲဆို နိုင်တဲ့ အခွင့်အလမ်းမရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို တရားသူကြီးက ဂမ်ဘီယာဟာ လူမျိုးတုံးသတ်ဖ့တ်မှု ကာ ကွယ်တားဆီးရေး ပဋိဉာဉ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တယ်၊ ဒါကြောင့် လက်မှတ်ထိုးထားတဲ့ နိုင်ငံတွေ အားလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုကို ကာကွယ်တားဆီးနိုင်ရေးဆိုတဲ့ ရည်မှန်းချက်နဲ့ ဆန္ဒသဘောထားရှိ ကြ တယ်၊ ဒါကြောင့် စွဲဆိုနိုင်ခွင့်ရှိတယ်၊ မြန်မာဘက်က ကန့်ကွက်ချက်ကို ပယ်ချတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

မြန်မာရဲ့ ကန့်ကွက်ချက်အားလုံးကို ပယ်ချခဲ့တဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်မှာ ပယ်ချချက် သုံးခုကို တရားသူကြီး အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ခဲ့ကြပြီး နံပါတ် ၂ ကန့်ကွက်ချက်ဖြစ်တဲ့ဂမ်ဘီယာဟာ တိုက်ရိုက် နစ် နာသူမဟုတ်တဲ့အတွက် စွဲဆိုခွင့် မရှိဘူးဆိုတဲ့ ကန့်ကွက်ချက်ကို ပယ်ချတဲ့ ဆုံးဖြတ်ချက်မှာတော့ တရား သူကြီး အားလုံးထဲမှာ တရုတ်နိုင်ငံသူ တရားသူကြီး ရွှီဟန်ချင်းက သဘောမတူ ကြောင်း မဲပေးခဲ့လို့ ၁၅ မဲ ၁ မဲနဲ့ ဆုံးဖြတ်ခဲ့တယ်လို့ ဆုံးဖြတ်ချက်ကို ဖတ်ကြားခဲ့တဲ့ တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဂျုံးဒိုနိုဟူးက ကြေညာခဲ့ပါတယ်။

မြန်မာရဲ့ ကနဦးကန့်ကွက်ချက်တွေ အားလုံးကို ပယ်ချခဲ့ပြီးတဲ့နောက်မှ အိုင်စီဂျေတရားရုံးအနေနဲ့ ဒီအမှုကိုကြား နာစစ်ဆေးစီရင်ပိုင်ခွင့် ရှိတယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း တရားသူကြီး ၁၅ ဦးက သဘောတူဆုံးဖြတ်ပြီး တ ရုတ်တရားသူကြီး ရွှီဟန်ချင်း တစ်ဦးတည်းကပဲ ကန့်ကွက်လို့ ၁၅-၁ မဲ နဲ့ ဆုံးဖြတ်ခဲ့ကြကြောင်းတရားသူကြီး ဂျုံးဒိုနိုဟျူးက ဖတ်ကြားသွားခဲ့ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */