ဖေဖော်ဝါရီ ၂ -၂၀၂၂
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ် ကြားနာသည့် ICJ တရားရုံး၌ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုယ်စား နိဂုံးချုပ် လျှောက်လဲချက် ပေးရာတွင်အပြည် ပြည်ဆိုင်ရာ တရားရုံး (ICJ)သို့ ဂမ်ဘီယာ နိုင်ငံက တင်သွင်း ထားသည့် အမှုကိစ္စအား ရုံးတော် က ပယ်ဖျက်ပေးရန် သို့မဟုတ် ဂမ်ဘီယာက တောင်းဆိုထားသည့် ကြားဖြတ် စီမံဆောင်ရွက်ချက်များအား ပယ်ဖျက်ပေးရန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ တစ်ဆင့် မြန်မာနိုင်ငံက ကနဦး ကန့်ကွက်ချက်အား ပြန်လည် ရုတ်သိမ်းပြီးတရားရုံး၏ တရားစီရင်မှု အခွင့်အာဏာကို လက်ခံကြောင်း တရားရုံးသို့ အကြောင်း ပြန်ခဲ့ပြီး ဖြစ်သည်။ အဆို ပါ ကန့်ကွက်ချက်များသည် လုပ်ထုံးလုပ်နည်း ဆိုင်ရာ ကိစ္စရပ်များသာ ဖြစ်ပြီး အမှု၏ အကြောင်းအရာနှင့် သက်ဆိုင်မှု ရှိသည်ဟု မဆိုနိုင်ပါ” ဟု NUG က ထုတ်ပြန်ထားသည်။
ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် ဂမ်ဘီယာ နိုင်ငံက စွဲဆိုထားသည့် မြန်မာအမှုကို ICJ တရားရုံး၌ လာမည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဒုတိယအကြိမ် ကြားနာသွားမည် ဖြစ်ကြောင်း ICJ ကသတင်း ထုတ်ပြန်ထားပြီး အဆိုပါ ကြားနာမှုအတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ခုခံ ချေပခွင့် အတွက် NUG အစိုးရနှင့် စစ်ကောင်စီတို့ အပြိုင် တင်သွင်းထားကြသည်။
နိုင်ငံ ကိုယ်စားပြု အဖြစ် မည်သည့်အဖွဲ့ကို ခုခံ ချေပခွင့် ပြုမည်ကိုမူ အပြည်ပြည်ဆိုင်ရာ တရားရုံး က တရား ဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
အာဏာသိမ်း စစ်တပ်ကို မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ် ICJ က လက်ခံမည် ဆိုပါက ကုလသမဂ္ဂ အေ ထွထွေညီလာခံ၏ ရပ်တည်ချက် သဘောထားများနှင့် ညီညွတ်မှု မရှိဘဲ အန္တရာယ် ရှိသော အစဉ်အလာ တစ်ရပ်ကို ချမှတ် ပေးသကဲ့သို့ ဖြစ်မည်ဟု NUG အစိုးရ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။
မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ်နှင့် ကိုယ်ခွဲ ကိုယ်စားလှယ်တို့ကို စစ်တပ်က တရားဥပဒေနှင့် အညီမဟုတ်ဘဲ ဖမ်းဆီး ထိန်းသိမ်းထားချိန်တွင် NUG အစိုးရက မြန်မာနိုင်ငံ၏ ကုလ အမြဲတမ်းကိုယ်စား လှယ် ဦးကျော်မိုးထွန်းသည်သာလျှင် တရားရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် တစ်ဦးတည်းသော ကိုယ် စား လှယ် ဖြစ်ကြောင်း ICJ သို့ ဆက်သွယ် အကြောင်းထားသည်။
မြန်မာနိုင်ငံ၏ တရားရုံးဆိုင်ရာ ကိုယ်စားလှယ်နှင့် ကိုယ်ခွဲ ကိုယ်စားလှယ်တို့ကို စစ်တပ်က တရားဥပဒေနှင့် အညီမဟုတ်ဘဲ ဖမ်းဆီး ထိန်းသိမ်းထားချိန်တွင် NUG အစိုးရက မြန်မာနိုင်ငံ၏ ကုလ အမြဲတမ်းကိုယ်စား လှယ် ဦးကျော်မိုးထွန်းသည်သာလျှင် တရားရုံးနှင့် ဆက်သွယ် ဆောင်ရွက်ရမည့် တစ်ဦးတည်းသော ကိုယ် စား လှယ် ဖြစ်ကြောင်း ICJ သို့ ဆက်သွယ် အကြောင်းထားသည်။
ICJ သည် အာဏာသိမ်း စစ်တပ်ကို အသိအမှတ် ပြုလိုက်မည် ဆိုပါက ၎င်းတို့ နေ့စဉ် ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက် ကျူးလွန်ရန် အားပေး အားမြှောက် ပြုရာ ရောက် သကဲ့သို့ နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တာဝန်ခံမှု အတွက် ကြိုးပမ်း အားထုတ် နေမှုများကိုလည်း နှောင့် နှေး ကြန့်ကြာစေမည် ဖြစ်ကြောင်း NUG အစိုးရက ဆိုထားသည်။
Link : Here
No comments:
Post a Comment