BBC
၈ ဇန္နဝါရီ ၂၀၂၂
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသ အာဏာပိုင်တွေနဲ့ တခြား အဖွဲ့အစည်းတွေရဲ့ သီးခြားသတင်းထုတ်ပြန် မှု တွေတော့ မရှိသေးပါဘူး။
ဒဏ်ရာရရှိခဲ့တဲ့ မြိုအမျိုးသားဟာ မောင်တောမြို့နယ်မြောက်ပိုင်း ခုံတိုင်ကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်လှက ပြောပါတယ်။
ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ်ပိုင်းက ခုံတိုင်ကျေးရွာသား ၂၅ ဦးတို့ ကျေးရွာရဲ့မြောက်ဘက်မှာရှိတဲ့ လဘော် ချောင်းအတွင်း ဝါးခုတ်သွားခဲ့ကြပြီး ဝါးခုတ်နေစဉ် လူအင်အား ၂၀ ဦးခန့်ပါဝင်တဲ့ ARSA အဖွဲ့နဲ့ တွေ့ရှိခဲ့တာ ဉဖစ်တယ်လို့ သိရပါတယ်။
ဝါးခုတ်နေကြတဲ့ မြိုအမျိုးသားတွေဟာ ARSA အဖွဲ့နဲ့တွေ့ပြီး ထွက်ပြေးကြတဲ့အချိန်မှာ သေနတ်တွေနဲ့ လှမ်း ပစ်တာကြောင့် ဦးထွန်းလင်းဆိုသူရဲ့ ညာဘက်ဒူးဆစ်လောက်နား ခြေသလုံးမှာ ကျည်ဆန်ရှပ်ထိခဲ့တာဖြစ် တယ် လို့ ကျေးရွာအုပ်ချုပ်ရေးမှူး က ပြောပါတယ်။
"ကျွန်တော်တို့ရွာသားတွေ လဘော်ချောင်းမှာဝါးခုတ်နေတဲ့အချိန် အာဆာအဖွဲ့နဲ့ကိုမြင်တော့ ကြောက်ပြီး ထွက် ပြေးကြတယ်။ အဲ့ဒီမှာ သေနတ်နဲ့ပစ်လို့ တစ်ယောက်ဒဏ်ရာရလာပါတယ်။ သူတို့အဖွဲ့မှာ ရှေ့ကငါးဦး မှာ သေ နတ်ကိုင်ထားကြတာတော့ မြင်ခဲ့တယ်။ နောက်ကလူတွေမှာ ဘယ်လိုလဲဆိုတာတော့ မမြင်ခဲ့ဘူးလို့ ပြောကြတယ်"လို့ လွတ်မြောက်လာခဲ့တဲ့ ကျေးရွာသားတွေရဲ့ ပြောကြားချက်တွေကို ကျေးရွာအုပ်ချုပ်ရေး မှူး က ပြန်လည်ပြောပြပါတယ်။
အဲ့ဒီပစ်ခတ်ခံရမှုဟာ ဇန်နဝါရီ ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားတဲ့နေ ရာနဲ့ သူတို့နေထိုင်တဲ့ ခုံတိုင်ကျေးရွာမှာ ဝေးလွန်းတဲ့အတွက် အခုလို ARSA ရဲ့ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ် ရာရရှိခဲ့တယ်ဆိုတာကို ညနေ ၅ နာရီလောက်မှ ကျေးရွာသားတွေသတင်းရရှိကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ လဘော်ချောင်းဟာ မေယုတောင်ကြားမှာတည်ရှိပြီး ခုံတိုင်ကျေးရွာကနေ ခြေလျင်ခရီး နှစ်နာရီခန့် သွားရတယ်လို့ သိရပါတယ်။
တိုက်ခိုက်ခံနေရတဲ့သူတွေကို ကျေးရွာသားတွေဝိုင်းဝန်းပြီး အဲ့ဒီနေရာကိုသွားရောက်ကယ်ထုတ်ခဲ့ကြကာ ညနေမှောင်ချိန်မှ ရွာသို့ပြန်လည်ရောက်ရှိခဲ့ကြတဲ့အတွက် ဒဏ်ရာရလူနာကိုတော့ ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မနက်ပိုင်း ၁၀ နာရီကျော်လောက်မှ မောင်တောဆေးရုံကို ပို့တောင်ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ARSA အဖွဲ့ မေယုတောင်ကြောတစ်လျှောက်မှာ မကြာခဏသွားလာလှုပ်ရှားမှုတွေရှိနေပြီး အခုလိုမျိုးဖြစ် စဉ် တွေ အပြင် နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့လည်း ရံဖန်ရံခါ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားလေ့ ရှိပါတယ်။
အခုလိုမျိုး မေယုတောင်တန်းတွေမှာ ARSA အဖွဲ့တွေ ဝင်ရောက်လှုပ်ရှားနေတာကြောင့် ဒေသခံတွေဖမ်း ဆီးခံရတာတွေ၊ ပစ်ခတ်သတ်ဖြတ်ခံရတာတွေလည်းရှိလာနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေနဲ့ ရင်ဆိုင် နေ ရတယ်လို့ ခံတိုင်ကျေးရွာသားတွေက ပြောဆိုကြပါတယ်။
၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က မေယုတောင်ကျော်လမ်းဘက်ကို ဟင်းခူးငါးရှာသွားကြတဲ့ ခုံတိုင်ကျေး ရွာသားနှစ်ဦးတို့ ဟာ ARSA အဖွဲ့နဲ့တွေ့ပြီး ဖမ်းဆီးခံခဲ့ရကာ ရိုက်နှက်ပြီး တောထဲမှာ ကြိုးချည်ထားခြင်းခံခဲ့ ရဖူးတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။

Link : Here
No comments:
Post a Comment