Wednesday, January 5, 2022

ရိုဟင်ဂျာဈေးဆိုင် သုံးထောင်ကျော် ဘင်္ဂလားဒေ့ရှ်မှာ ဖျက် ဆီးခံရ

RFA
လွတ်လပ်တဲ့အာရှအသံ
2022-01-04 

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဖျက်ဆီးခံထားရသော ဆိုင်ခန်းများအား တွေ့ရစဉ်။
Photo: AFP 

ရိုဟင်ဂျာဒုက္ခသည် စခန်းတွေမှာ ရှိတဲ့ ဈေးဆိုင်သုံးထောင်ကျော်ကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ဘူဒိုဇာ နဲ့ ဖြိုဖျက်ခဲ့တာ အမှန်ပဲလို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်္ဂါနေ့မှာ အတည်ပြုချက်ပေးတဲ့အကြောင်း AFP သ တင်း မှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာတွေ တရားမဝင် ဖွင့်ထားတဲ့ ဆိုင်ပေါင်းသုံးထောင်ကျော်ကို ပြီးခဲ့တဲ့လက စပြီး ဖျက်ဆီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်ရေးရာ ဒုတိယကော်မရှင်နာ Shamsud Douza ကပြောပါတယ်။

အခုလို ဆိုင်တွေ အဖျက်ခံရတာဟာ ထောင်နဲ့သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေအတွက် ထိခိုက်နစ်နာတယ်လို့ ရိုဟင်ဂျာအသိုင်းအဝန်းက ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ဦးခင်မောင်က ပြောပါတယ်။ ဒုက္ခသည် အရေအတွက် က များပြီး သူတို့ရတဲ့ ရိက္ခာက နည်းနေတာကြောင့် ဒုက္ခသည်မိသားစု တော်တော်များများက ဆိုင်ဖွင့်ပြီး ရတဲ့ ဝင်ငွေကို မှီခိုနေရတယ်လို့ဆိုပါတယ်။

အခုလို ဆိုင်တွေ အဖျက်ခံရတဲ့အပြင် ရိုဟင်ဂျာတွေ ဖွင့်ထားတဲ့ ကျောင်းတွေလည်း အပိတ်ခံနေရတာတွေက ဒုက္ခသည်တွေအတွက် ပိုပြီးစိတ်ပျက်ဖို့ ကောင်းတဲ့ အခြေအနေတွေ ဖြစ်နေပြီး ဒုက္ခသည်တွေရဲ့ အခွင့်အရေး တွေ ကို အကာအကွယ်ပေးဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကို တိုက်တွန်း တောင်းဆိုတယ်လို့ Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က Saad Hammadiက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ မြန်မာနိုင်ငံက ရောက်လာပြီး နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာဒုက္ခ သည်ပေါင်း ရှစ်သိန်းခွဲလောက် ရှိနေတာပါ။

Link : Here

 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */