" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, July 16, 2021

ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေကို ကိုဗစ်ကာကွယ် ဆေး ထိုးပေးတော့မည်

RFA
လွတ်လပ်တဲ့ အာရှအသံ
2021-07-15

၂ဝ၂ဝ ဒီဇင်ဘာလက ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တွေကို ဘာဆန်ချာကျွန်းကို ပို့ဆောင်စဉ်။
File Photo: Reuters


 မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို လာမယ့် သြ ဂုတ်လဆန်းမှာ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးမယ်လို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ကြာ သ ပတေးနေ့က ပြောဆိုကြောင်း AFP သတင်းတရပ်မှာ ဖော်ပြပါတယ်။
                                                      
ဆေးလိုအပ်ချက်အရ ပထမဆုံးအနေနဲ့ ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အသက် ၅၅ နှစ်အထက် လူပေါင်း လေး ‌သောင်းရှစ်ထောင်ကို စတင် ထိုးပေးမှာ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကော်မရှင်နာမင်းကြီးက ပြော ပါတယ်။

အခုထိုးပေးမယ့် ဆေးတွေဟာ WHO က ပေးပို့တဲ့ ဆေးတွေ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်ဘ ဇား မှာရှိတဲ့ ဒုက္ခသည်စခန်းပေါင်း ၃၄ ခုမှာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ဒုက္ခသည် ကိုးသိန်းနီးပါး ရှိနေ တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းကျော်ရှိပြီး သေဆုံးသူ တသောင်း ခုနှစ်ထောင် ‌ကျော်တယ်လို့ တရားဝင် စာရင်းထုတ်ပြန်ထားပေမယ့် အမှန်တကယ် ရောဂါကူးစက်သူနဲ့ သေဆုံးသူအရေ အတွက်ဟာ အခုထက် ၄-၅ ဆပိုနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒုက္ခသည်တွေထဲမှာတော့ ရောဂါကူးစက်ခံရသူ ၂၁၀၀ ရှိပြီး သေဆုံးသူ ၂၄ ဦး ရှိပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */