VOA
ဗွီအိုအေ (မြန်မာပိုင်း)
02 ဖေဖော်ဝါရီ၊ 2021
ဗွီအိုအေ (မြန်မာပိုင်း)
02 ဖေဖော်ဝါရီ၊ 2021

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (ဇူလိုင် ၁၉၊ ၂၀၁၈)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ် ဦးစီးမယ့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီက ထုတ်ပြန်ပါတယ်။ ကောင်စီ အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးက ဆောင်ရွက်ပြီး ထူးခြားတာကတော့ အရပ်သား အဖွဲ့ဝင်တွေထဲ KNU ကရင်အမျိုးသားအစည်းအရုံး ဗဟိုကော်မတီဝင်တဦးဖြစ်ခဲ့တဲ့ ဖဒိုမန်းငြိမ်းမောင် ပါဝင်သ လို ဦးသိန်းညွန့်၊ ဦးခင်မောင်ဆွေတို့ အမည်တွေ ပါဝင်ပါတယ်။
အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်ကတော့ သူပါတယ်ဆို တာကို ဗွီအိုအေမြန်မာပိုင်းကို အတည် ပြု ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင် တွေ ဖြစ်ခဲ့ဖူးတဲ့ ဦးခင်မောင်ဆွေ၊ ဦးသိန်းညွန့် တို့ဟာ ၂၀၁၀ နောက်ပိုင်းမှာ ပါတီသစ်တွေအဖြစ်ခွဲထောင်ခဲ့ကြပြီး NLD အစိုးရလက်ထက်မှာ တပ်မတော်နဲ့ မဟာမိတ်သဘော တေ့ွဆုံလေ့ရှိတဲ့ နိုင်ငံရေးပါတီခေါင်းဆောင် တွေဖြစ်ပါတယ်။ မဲစာရင်းအငြင်းပွားမှုပေါ် တည်ပြီး အဲဒီနိုင်ငံရေးပါတီတွေဟာ တပ်မတော်အာဏာ သိမ်းယူဖို့ ဆိုပြီး တိုက်တွန်းမှုတွေ ရှိခဲ့ပါတယ်။
တဆက်ထဲမှာပဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးလက်မှတ်နဲ့ အမိန့်ကြော်ငြာချက်တွေ ဆက် တိုက်ထွက်လာပါတယ်။ ရွေးကောက်ပွဲကော်မရှင်သစ်ဖွ့ဲစည်းလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ဦးသိန်းစိုးကို ခန့်ထားပါ တယ်။ ဒါ့အပြင် ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်သစ်တွေကိုလည်း ခန့်အပ်လိုက်ပါတယ်။ တနင်္လာနေ့တုန်းကလည်း အစိုးရဝန်ကြီးသစ် ၁၁ ယောက်ခန့်အပ်ကြောင်း ကြေငြာခဲ့သလို ဒီနေ့မှာလည်းနောက် ထပ် ဝန်ကြီး နှစ် ယောက်ခန့်အပ်ခဲ့ပါတယ်။

Link : Here
No comments:
Post a Comment