VOA
ဗွီအိုအေ (မြန်မာပိုင်း
11 ဖေဖော်ဝါရီ၊ 2021ဒါ့အပြင် မြန်မာ့တပ်မတော်က လက်ရှိသိမ်းယူထားတဲ့ အာဏာကို အမြန်ဆုံး ပြန်စွန့်လွှတ်ဖို့ကိုလည်း သမ္မတ ဘိုင်ဒန် က ထပ်လောင်း တိုက်တွန်းလိုက်ပြီး ၊ နိုဝင်ဘာ (၈)ရက်နေ့မှာ ပြည်သူတွေက သူတို့ဆန္ဒအတိုင်း ထုတ်ဖေါ်မဲပေးခဲ့ကြတဲ့ ရွေးကောက်ပွဲ ရလဒ်ကို အသိမှတ်ပြု လေးစားလိုက်နာဖို့ကိုလည်း သမ္မတ ဘိုင်ဒန်က တိုက်တွန်းလိုက်ပါတယ်။
ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံရတဲ့ စစ်ခေါင်းဆောင် ပထမအသုတ် အမည်စာရင်းကို ဒီသီတင်းပတ်ထဲ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုထဲမှာ မြန်မာအစိုးရအတွက် အကျိုးအမြတ် ဖြစ်စေမယ့် အမေရိကန်နိုင်ငံကို တင်သွင်းမယ့် ပို့ကုန်လမ်းကြောင်းကို ပိတ်ဆို့ ရပ်တန့်ထားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျန်းမာရေး စောင့် ရှောက်မှုကဏ္ဍ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ အခြားလိုအပ်တဲ့ကဏ္ဍ တွေမှာတော့ မြန်မာပြည်သူတွေလက်ထဲ တိုက်ရိုက်ရောက်ရှိစေမယ့် နည်းလမ်းအရ အမေရိကန်ပြည်ထောင်စုက ဆက်လက် ထောက်ပံ့နေမှာ ဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်က ကြေညာသွားပါတယ်။
ဖေဖေါ်ဝါရီ ၁ ရက်နေ့ အာရုံတက်ချိန်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အခုဆိုရင် ဆန္ဒပြဆန့်ကျင်မှုတွေ တိုးလာနေပြီး ၊ မြန်မာပြည်သူတွေက ထုတ်ဖေါ် နေတဲ့ သူတို့ဆန္ဒကို အထင်အရှား မြင်နေရကြောင်း၊ ဒီမိုကရေစီ အခွင့်အရေးအရ ဆန္ဒပြလှုပ်ရှားတာကို အကြမ်းဖက်နှိမ်နင်းနေတဲ့ လုပ်ရပ်အပေါ် လက်ခံနိုင်စရာ မရှိသလို ၊အဲဒီ လုပ်ရပ်ကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုနေမှာဖြစ်ကြောင်း သမ္မတ ဘိုင်ဒန်က ပြောပါတယ်။
အကယ်၍ မြန်မာနိုင်ငံမှာ လက်ရှိထက် အခြေအနေတွေ ပိုဆိုးလာမယ် ဆိုရင် မြန်မာစစ်ဗိုလ်ချုပ်တွေကို အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ် သွားမယ်လို့လည်း သမ္မတ Joe Biden က သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိ ဆန္ဒပြပွဲတွေကို လုံခြုံရေးတပ်ဖွဲ့နဲ့ အင်အားသုံး ဖြိုခွင်းဖို့ လုပ်နေတဲ့အပေါ် ကုလသမဂ္ဂနဲ့ အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေက စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ဖေါ် ပြောဆိုထားပါတယ်။
Link : Here

No comments:
Post a Comment