" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 26, 2021

မြန်မာ အာဏာသိမ်းအစိုးရကို အသိအမှတ်မပြုဖို့ ကုလအ ထူး ကိုယ်စားလှယ် တိုက်တွန်း

VOA
ဗွီအိုအေ (မြန်မာဌာန)
26 ဖေဖော်ဝါရီ၊ 2021
Christine Schraner-Burgener

မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက အသိအမှတ်မပြုဖို့ ကုလသမဂ္ဂအတွင်း ရေး မှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ဒီကနေ့ ကုလ သမ ဂ္ဂအထွေထွေညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

“တည်ဆဲဥပဒေယန္တရားတွေကို ကျင့်သုံးရမယ့်အစား စစ်တပ်ဟာ သူတို့ရဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှု တရား ဝင်စေဖို့ ကွဲလွဲမှုတွေကို လိုသလိုအသုံးချပြီး အကြောင်းပြခဲ့ပါတယ်။ ကျွန်မက “ကြိုးပမ်းမှု” လို့ပြောရတဲ့အကြောင်းကတော့ အာဏာလွှဲယူမှုဟာ တည်ငြိမ်မှုမရှိတဲ့အပြင် လူထုက ပြတ်ပြတ်သားသား ပယ်ချနေပုံရပါ တယ်။ ဒါကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ ဒီအာဏာသိမ်းအစိုးရအပေါ် တရားဝင်မှုမပေးဖို့ အသိ အမှတ်မပြုဖို့ အရေးကြီးပါတယ်” လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက ဒီကနေ့ အထွေထွေညီလာခံ၊ မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲအတွင်း ပြောသွား ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်က ဘယ်လိုပဲပြောပြော အရေးအပေါ် အခြေအနေကြေညာပြီး စစ်တပ်က အာဏာလွှဲယူမှုဟာ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ ဖြစ်တယ်လို့လည်း အထူးကိုယ်စားလှယ်က ပြော ပါတယ်။

ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ်တွေ စုပေါင်းဖွဲ့စည်း ထား တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ထောက်ခံဖို့လည်း အဖွဲ့ဝင်နိုင်ငံတွေကို တိုက် တွန်းခဲ့ ပါတယ်။ မြန်မာနိုင်ငံတွင်း စစ်တပ်က ဆက်လက်ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့်အောင် ဝိုင်းဝန်းဖိအားပေးကြဖို့ ထပ်မံ တိုက်တွန်းပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေဟာ စစ်တပ်နဲ့ NLD ရဲ့ တိုက်ပွဲမဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေရဲ့ အခွင့် အရေး တိုက်ပွဲဖြစ်တယ်၊ ဒါကြောင့် နိုင်ငံတွေအားလုံးက ခုချိန်မှာ အမြန်ဆုံးနဲ့ တညီတညွတ်တည်း မြန်မာစစ် တပ်ကို ဖိအားပေး တုံ့ပြန်ရမယ့်အချိန်ဖြစ်တယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် မြန်မာပြည်သူတွေ ဘက်က ရပ်တည်ပေးကြဖို့ တိုက်တွန်းပါတယ်၊ ဒါဟာ အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ တာဝန်လည်း ဖြစ်ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အ ထူး ကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */