Sunday, February 14, 2021

စစ်ကောင်စီကို ဆက်လက်အံတုကြရန် လွှတ်တော်ကိုယ် စား ပြုကော်မတီ တိုက်တွန်း

Myanmar Now
Feb 14, 2021စစ်ကောင်စီက ယမန်နေ့တွင် ပြင်ဆင်ထုတ်ပြန်လိုက်သော ဥပဒေနှစ်ရပ်သည် ပြည်သူလူထု၏ အခွင့်အရေး များကို ကန့်သတ်ရန်ကြိုးစားခြင်း ဖြစ်သည်ဟု ကော်မတီ၏ ကြေညာချက်က ဆိုသည် ။
မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားကျောင်းသူများ၏ အာဏာသိမ်း စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှု။ (ဓာတ်ပုံ - Myanmar Now)
  အာဏာသိမ်းစစ်ကောင်စီက ပြင်ဆင်ထုတ်ပြန်လိုက်သော နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးဥပဒေ နှစ်ရပ်လုံး သည် တရားမဝင်သည့်အတွက် ပြည်သူများ လိုက်နာရန်မလိုအပ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စား ပြုကော် မတီ (CRPH) က ယနေ့ ဖေဖော်ဝါရီ ၁၄ တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။

ပြည်သူလူထု၏ အခွင့်အရေးများကို ကန့်သတ်ရန် ကြိုးစားခြင်းသည် နိုင်ငံ၏ "ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို ဖျက်ဆီးရာရောက်သည်" ဟု ကြေညာချက်က ဆိုသည်။


ဧည့်စာရင်းစစ်ဆေးခြင်း၊ နောက်ယောင်ခံလိုက်စုံစမ်းစစ်ဆေးခြင်းတို့မှာဒီမိုကရေစီနှင့်ဆန့်ကျင်သဖြင့်ထို ဥပဒေ တို့ကို NLD အစိုးရလက်ထက်တွင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

နေပြည်တော်တွင် လွှတ်တော်သစ် အစပြုတော့မည့်အချိန်တွင် စစ်တပ်က အာဏာသိမ်းကာ စစ်ကောင်စီဖွဲ့ပြီး အုပ်ချုပ်ရေးအာဏာ လုယူလိုက်သဖြင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရထားသည့် NLD ပါတီ၏ ရွေးကောက်ခံ ကိုယ်စားလှယ်များထဲမှ ၁၅ ဦးက CRPH ကို ဖေဖော်ဝါရီ ၅ တွင် ဖွဲ့စည်းခဲ့သည်။

ပြည်ထာင်စုလွှတ်တော်ကိုယ်စားလှယ် ၃၇၈ ဦး၏ တာဝန်လွှဲအပ်မှုဖြင့် ပြည်ထာင်စုလွှတ်တော်ကိုယ်စား ဥပဒေ ပြုရေးအပါအဝင် လွှတ်တော်တာဝန်များ ထမ်းဆောင်မည့် ဤကော်မတီသက်တမ်း ၅ ရက်အကြာတွင် အခြား ပါတီ ၂ ခုမှ ကိုယ်စားလှယ် ၂ ဦးကို ထပ်မံ အင်အားဖြည့်တင်းလိုက်သည်။ ထိုသူတို့မှာ ကယားပြည်နယ်ဒီမိုက ရက်တစ်ပါတီမှ ဦးရောဘတ်ညေးရယ်၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဦးလမင်းထွန်းတို့ ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုဆောင်ရွက်မည့် ထိုကော်မတီက စစ်အာဏာသိမ်းမှုဆန့်ကျင်နေကြသူ များ၊ အာဏာဖီဆန်နေသည့် အစိုးရနှင့် ပုဂ္ဂလိကဝန်ထမ်းများကို လေးစားဦးညွတ်ကြောင်း ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

ထိုနေ့မတိုင်မီက ထုတ်ပြန်သည့် ကြေညာချက်တွင်လည်း ပြည်သူ့ဝန်ထမ်းများ၏ မတရားသည့် အမိန့်အာဏာ များ ဖီဆန်ရေး (CDM) လှုပ်ရှားမှုကို အားပေးကြောင်း ဖော်ပြခဲ့သည်။

အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သည့်သူများ မူလအလုပ်တာဝန် ရာထူးတည်မြဲရေးအတွက် အာမခံ ချက် အပြည့်အဝပေးနိုင်စေရန် ဥပဒေပြဌာန်းမည်ဟု ဖေဖော်ဝါရီ ၁၁ ကြေညာချက်က ဆိုသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */