Saturday, February 13, 2021

လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကို ပြည်ဝင်ခွင့်ပိတ်ဖို့ စစ်အစိုးရညွှန်ကြား

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2021-02-12

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ် အင်ဒရူး Thomas Andrews။Photo: RFA 
  
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာသောမတ် အင်ဒရူး Thomas Andrews ကို ပြည်ဝင်ခွင့်ဗီဇာမပေးဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆုံးဖြတ်ထားတယ်ဆိုတဲ့ သတင်းတွေ ထွက် ပေါ်နေပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက် လက်မှတ် ရေးထိုးထားတဲ့ စာတစောင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး၊ အဲဒီစာမှဦ မစ္စတာ အန်ဒရူးစ်ကို ဘယ်ဗီဇာအမျိုးအ စား ကိုမှ ထုတ်မပေးဖို့ ညွှန်ကြားထားတာကို တွေ့ရပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဒီစာကို အတည်ပြုဖို့ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေကို RFA က ဒီကနေ့ ဖုန်းခေါ်ဆိုခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

မစ္စတာသောမတ် အင်ဒရူးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာအရေးနဲ့ ပတ်သက်ပြီး ဒီကနေ့ ဆွေးနွေးပြောကြားခဲ့ပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာစစ်တပ်အပေါ်  စီးပွားရေး ပိတ်ဆို့မှုသာမက လက်နက်ရောင်းချမှုတွေပါ ပိတ်ပင်ဖို့၊ နိုင်ငံတကာအနေနဲ့ တရားဥပဒေေတွေအရ အရေးယူဖို့၊  အရပ်သားအစိုးရကို အမြန်ဆုံး အာဏာပြန်လွှဲပေးပြီး အာဏာသိမ်း စစ်ခေါင်းဆောင်တွေ စစ်တန်းလျားကို အမြန်ဆုံးပြန်သွားဖို့ မစ္စတာသောမတ် အင်ဒရူးက ပြော ဆိုသွားပါတယ်။

Link :Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */