ဗွီအိုအေ (မြန်မာဌာန)
ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင်များ။ (ဓာတ်ပုံ - ကိုတေဇာအောင် (ရှင်သန်ခြင်း ပရဟိတလူမှူကူညီရေးအသင်း ဘုံရှည်ကုန်း) - ဇန်နဝါရီ ၀၆၊ ၂၀၂၀)
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ရိုဟင်ဂျာမူဆလင် ၁၀၀ နီးပါးထဲက ကိုဗစ်ရောဂါပိုး ကူး စက်သူ တွေ့ရှိခဲ့တာကြောင့် သီးသန့်ခွဲ ကုသမှုပေးဖို့ ပြင်ဆင်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေ မြန်မာ ပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ရွှေပြည်သာမြို့နယ်မှာ တရားမဝင် ရောက်ရှိနေသူတွေအဖြစ် အာဏာပိုင်တွေ ဒီသီတင်းပတ်ထဲမှာပဲ ထိန်း သိမ်းလိုက်တဲ့ ရိုဟင်ဂျာ ၉၉ ယောက် အနက် ၅ ယောက်မှာ ကိုဗစ်ရောဂါကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ တာ ဖြစ်ပါတယ်။ ကွန်ပျူတာတက္ကသိုလ်မှာ ထိန်းသိမ်းထားသူတွေကို ကိုဗစ်ရာဂါပိုး ရှိ၊ မရှိ မနေ့တုန်းက စစ် ဆေးရာမှာအမျိုး သမီး ၅ ယောက်မှာ ရောဂါပိုး ကူးစက်နေတာ တွေ့ရှိခဲ့တာလို့လည်း ရွှေပြည်သာ မြို့နယ် ရဲစ ခန်းက ရဲအုပ် ဇော်လင်း နိုင်က အတည်ပြုပါတယ်။
"လောလောဆယ်တော့ ပိုးတွေ့တာ ၅ ယောက်တွေ့တယ်။ သူတို့ကို ဖောင်ကြီးကုသရေးကိုပို့ထားတယ်။ ကျန် တဲ့သူတွေကတော့ လှော်ကား နည်းပညာ တက္ကသိုလ်မှာ ရှိတယ်။ စစ်ဆေးဆဲဆိုတော့ ပြောလို့မရသေး ဘူး လက်တ လောကတော့လေ။" SEE ALSO: ရောဂါပိုး ကူးစက်သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့တဲ့ ရွှေပြည်သာမြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို လည်း သီးသန့်ခွဲ စောင့်ကြည့်သွားမှာ ဖြစ်သလို၊ စစ်ဆေးထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့ အာဏာပိုင်တွေထဲက တချို့ကိုလည်း အိမ်မှာ အသွားအလာကန့်သတ်စောင့်ကြည့်ဖို့ ညွှန်ကြားထားတယ်လို့ ပြောပါတယ်။
ကျန်တဲ့ ရိုဟင်ဂျာတွေရဲ့ ကျန်းမာရေး အခြေအနေကောင်းမွန်နေပြီး ဒေသခံ တာဝန်ရှိသူတွေ ကူညီစောင့် ရှောက်ပေးနေကြောင်းလည်း ရွှေပြည်သာမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်း က ဗွီအိုအေကိုပြောပါတယ်။
"ကျန် ၉၄ ယောက် ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ စားဝတ်နေရေးကတော့ဖမ်းဆီးရမိတဲ့ ညတွင်း ချင်းမှာဘဲ တိုင်းအစိုးရဘက်က အထုတ် ၁၃၀ လောက်လာပို့တယ်။ ဒါတခုပေါ့။ တိုင်းဒေသကြီး အစိုးရလာပို့ တာက အစ္စလမ်တွေရဲ့ ဘာသာရေးနဲ့ မကိုက်ညီတာရှိမဆိုးလို့ မစားရဲကြတာတွေ ရှိတယ်။ အဲဒီတော့ အစ္စလမ် ဘာသာရေးအဖွဲ့တွေကနေချက်ပြုတ်ပေးပြီး လာရောက်ပို့ဆောင်ဖို့ စီစဉ်ပြီးပါပြီ။ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ပို့ပေးမယ်ဆိုရင်တော့ တိုင်းအစိုးရဘက်က လက်ခံပေးမယ်လို့ သဘောထားတွေ ညှိနှိုင်းထားပါတယ်။ ပို့မယ့် အဖွဲ့စည်းကတော့ ဒေါပုံက အဖွဲ့က ထမင်းတွေ လာပို့မယ်ပြောပါတယ်။"
ထိန်းသိမ်းခံထားရသူတွေကို ကနဦးစစ်ဆေးချက်အရ မလေးရှားနိုင်ငံကို တရားမဝင် သွားရောက်ဖို့ ထွက်လာ ကြ သူတွေ ဖြစ်ကြောင်း သိရှိထားရသလို၊ တရားဝင် ခရီးသွားလာခွင့် အထောက်အထား မရှိသူတွေကို အခ ကြေးငွေယူပြီး ပို့ဆောင်ပေးဖို့ စီစဉ်နေသူနဲ့ လက်ခံပေးထားသူ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား၂ ယောက် တို့ ကိုတော့ ရွှေပြည်သာ မြို့မရဲစခန်းမှာ သွေးဆောင်ခေါ်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ ပုဒ်မ နှစ် ခုနဲ့ အမှုဖွင့် အရေး ယူထားပြီး နောက်ထပ် သံသယရှိသူ နှစ် ဦးကို စုံစမ်းရှာဖွေနေကြောင်းလည်း လွှတ်တော်ကိုယ် စားလှယ် ဦးရန်အောင်မင်းကပြောပါတယ်။ SEE ALSO:

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက တရားဝင် အသိ အမှတ်ပြု လက်ခံမထားသလို၊ တရား ဝင် ခရီးသွားလာခွင့်တွေကိုလည်း ကန့်သတ်ထားတာကြောင့် အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေနဲ့လည်း ကြုံရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့နဲ့ မွန်ပြည်နယ် ပေါင်မြို့တို့တွေ မှာ တရားမဝင် ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိခဲ့ပြီး နေရပ်ပြန်ပို့ခဲ့ရကြောင်းလည်း ဒေသခံအာဏာ ပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။
Link : Here
No comments:
Post a Comment