Wednesday, January 20, 2021

ရိုဟင်ဂျာဒုက္ခသည်စခန်းတွင်းလောင်တဲ့မီး ရှို့မီး ဟုတ်-မဟုတ် စုံစမ်းဆဲ

VOA
ဗွီအိုအေ (မြန်မာဌာန) 
20 ဇန္နဝါရီ၊ 2021 
မှတ်တမ်းဓါတ်ပုံ-၂၀၂၁ ဇန်နဝါရီ ၁၄ ရက်က ရိုဟင်ဂျာဒုက္ခသည်စခန်း မီးလောင်ခဲ့

ဘင်္ဂလားဒေရှ့် နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွင်း မီးလောင်မှုမှာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ ကျောင်း ၄ ခု မီးလောင် ပျက်စီးခဲ့ကြောင်း အင်္ဂါနေ့မှာ တာဝန်ရှိသူတွေက ပြောဆိုလိုက်ပြီး UNICEF ကတော့ ဒါက ရှိုှု့မီး ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။ မီးလောင်ချိန်မှာ ကျောင်းတွင်းမှာတော့ ကျောင်းသားတွေ မရှိခဲ့ပါဘူး။

ဒီကျောင်းတွေကို ဘယ်သူက တိုက်ခိုက်နိုင်ခြေ ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိပေမယ့်လည်း လူ တသန်းလောက်ရှိတဲ့ ဒုက္ခသည် စခန်းမှာ ဒီလပိုင်းတွေ အတွင်း လုံခြုံရေး အခြေအနေ ဆိုးနေတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။ ဓာတ်ငွေ့မီးဖို့ကနေ စခဲ့တဲ့ မီးလောင်မှုကြောင့် စခန်းတွေ အတွင်းက ဝါးအိမ်ပေါင်း ရာနဲ့ချီ မီးထဲပါသွားပါတယ်။

UNICEF ဘက်က ရှို့မီးလို့ စွပ်စွဲထားပေမယ့်လည်း ဘင်္ဂလားဒေရှ့်ရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Razwan Hayat ကတော့ တမင် မီးရှို့မှုလို့ မယူဆကြောင်း၊ ဒါပေမယ့် စုံစမ်းစစ်ဆေးနေကြောင်း AFP ကို ပြောပါတယ်။ ဒီစာသင်ကျောင်းတွေက အခိုင်အခံ့ ဆောက်လုပ်ထားတာ မဟုတ်ဘဲ မီးလောင်လွယ်တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာပါလို့လည်း သူက ပြောပါတယ်။

ဒါပေမယ့်လည်း UNICEF ဘက်ကတော့ ကျောင်းတွေကို မီးရှို့မှု ဖြစ်တယ်လို့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။ တိုက်ခိုက် ဖျက်စီးခံရမှုကို ဆန်းစစ်ဖို့ မိတ်ဖက် အဖွဲ့တွေနဲ့ အတူ ဆောင်ရွက်နေပြီး စာသင်ခန်းတွေ ပြန်ဆောက်ဖို့လည်း လုပ်နေကြောင်း တွစ်တာမှာ ဖော်ပြခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ဘင်္ဂလားဒေရှ့်ဘက် ထွက်ပြေးခိုလှုံနေရတဲ့ ဒီဒုက္ခသည်တွေကို မြန်မာဘက်က လက်ခံမယ်လို့ ပြောထားပေမယ့်လည်း ရိုဟင်ဂျာဆိုတဲ့ အသုံးကိုတော့ လက်မခံပါဘူး။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */