Saturday, January 30, 2021

ရိုဟင်ဂျာ ၁,၄၀၀ ကျော် Bhasan Char ကျွန်း ထပ်မံပို့ ဆောင်

VOA
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhashan Char သို့ ပြောင်းရွှေ့နေထိုင်တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)
 
ဘင်္ဂလားဒေ့ရှ်အစိုးရ အနေနဲ့ ရိုဟင်ဂျာဒုက္ခသည် နောက်တသုတ်ကို ဘင်္ဂလားပင်လယ်အော်ထဲက ဝေးလံ ခေါင်ဖျား Bhasan Char ကျွန်းရှိ စခန်းသစ်ကို ထပ်ပို့လိုက်တယ်လို့ ဘင်္ဂလားဒေ့ရှ် ရေတပ်အရာရှိတဦးက ပြောပါတယ်။
အရင် လူသူမနေခဲ့တဲ့ကျွန်းမှာ မုန်တိုင်းနဲ့ ရေကြီးတာ ဖြစ်လေ့ရှိတာမို့ ဒုက္ခသည်တွေကို ကျွန်းကိုမပို့ဖို့ လူ့အခွင့် အရေးအဖွဲ့တွေ တားနေတဲ့အချိန်မှာပဲ နောက်ထပ် ဒုက္ခသည် ၁,၄၀၀ ကျော်ကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ က ဒီကနေ့မှာ ရေကြောင်းက ထပ်မံပို့ဆောင်ခဲ့တာပါ။

 သောကြာနေ့တုန်းကလည်း ဒုက္ခသည် ၁,၈၀၀ နီးပါး ပို့ဆောင်ခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာလဆန်းကနေစ ခု ချိန်ထိ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေကနေ ရိုဟင်ဂျာ ၆,၇၀၀ ထက်မနည်း ဒီကျွန်းကို ပို့ ထားပြီလို့ ဆိုရမှာပါ။

ကျွန်းက ဘင်္ဂလားဒေ့ရှ်တာဝန်ခံ ရေတပ်တပ်မှူး Abdullah Al Mamum Chowdhury က ဒီဒုက္ခသည်အသစ်တွေကို လက်ခံဖို့ ကျွန်းမှာ အဆင်သင့် ပြင်ထားပြီးပြီလို့ ရိုက်တာသတင်းဌာနကို ဖုန်းနဲ့ ပြောပြခဲ့ပါတယ်။ ဒီနေ့ပို့ဆောင်တဲ့ ဒုက္ခသည်တွေနဲ့ သူတို့အ သုံး အဆောင်တွေကို သေင်္ဘာ ၅ စီးနဲ့ နယ်စပ်စခန်းနားက စစ်တကောင်းမြို့ ဆိပ်ကမ်းကနေတဆင့် ပို့ဆောင်ခဲ့ တာလို့လည်း သူက ရှင်းပြခဲ့ပါတယ်။

ဒီ Bhasan Char ကျွန်းဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကမှ ပေါ်လာတာဖြစ်ပြီး အနီးဆုံး နိုင်ငံတောင်ပိုင်းဆိပ်ကမ်း ကနေ နာရီပေါင်းများစွာမောင်းရတဲ့ ခရီးဝေးမှာ တည်ရှိနေတာပါ။

ဒီဒုက္ခသည် ၁ သန်းကျော်ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ကြိုးပမ်းနေချိန် အခုပြောင်းတဲ့ ရည်ရွယ်ချက်က ဒုက္ခသည်တွေ ပိုကောင်းတဲ့ အခြေအနေအောက်မှာ နေခွင့်ရဖို့ ဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ဆိုပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပါဘူး။ ဒါပေမယ့် ဒီဒုက္ခသည်တွေကို စိစစ်လက် ခံသွားမယ်လို့ နိုင်ငံတကာကို ကတိပေးထားပါတယ်။ Lin : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */