Friday, January 29, 2021

ရိုဟင်ဂျာဒုက္ခသည် တတိယအသုတ် Bhasan Char ကျွန်း ပြောင်းရွှေ့

VOA
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇန္နဝါရီ၊ 2021
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်များ Bhasan Char သို့ ပြောင်းရွှေ့တဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)
 
ဘင်္ဂလာဒေ့ရှ်အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည် တတိယမြောက်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲက Bhasan Char ကျွန်း စခန်းသစ်ကို ထပ်ပို့လိုက်ပါပြီ။

အခုလိုမပို့ဖို့ လူ့အခွင့်အရေးအဖွဲ့တွေ တားနေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ ဒီဒုက္ခသည် ၁,၀၀၀,၀၀၀ ကျော်ကို မြန်မာနိုင်ငံပြန်ပို့ဖို့ ကြိုးပမ်းနေချိန် အခုပြောင်းတဲ့ရည်ရွယ်ချက်က ဒုက္ခသည်တွေ ပို ကောင်းတဲ့ အခြေအနေအောက်မှာ နေခွင့်ရဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီ အစီအစဉ်အောက်မှာ ဒုက္ခသည်ပေါင်း ၁,၇၇၈ ဦးကို ရေတပ်သင်္ဘော ၄ စီးနဲ့ စစ်တကောင်းမြို့ဆိပ်ကမ်းကနေ ပို့ဆောင်ခဲ့တာလို့လည်း ဘင်္ဂလားဒေ့ရှ် ရေတပ်တပ်မှူး Mohammad Mozammel Haque က ပြောပါတယ်။



“ကျနော်တို့အဖွဲ့အနေနဲ့ Bhasan Char ကျွန်းမှာ အသင့်ပြင်ထားပါတယ်။ သူတို့ ဒီနေ့ အဲ့ဒီကိုရောက်ရင် ကျနော် တို့ ဆရာဝန်တွေက စစ်ဆေးပေးမှာပါ။ သူတို့အတွက် အိမ်တွေ၊ အခန်းတွေနဲ့ အစစအရာရာ စီစဉ်ထားပြီးပါပြီ။ သူတို့ သီးသန့်အိမ်တွေနဲ့ နေရမှာပါ။ နောက် ရက်အနည်းငယ်အတွင်းမှာ ချက်ပြီးသား အစားအသောက်တွေ ပို့ပေးမှာပါ။ နောက်ရက်အနည်းငယ်ကြာရင် ကျနော်တို့ နည်းစနစ်အောက်မှာ သူတို့ကိုယ်တိုင် ချက်ပြုတ်စားကြ မှာပါ။ သူတို့ လုံလုံခြုံခြုံနဲ့ ဘဝသစ်ကို စနိုင်ဖို့ မျှော်လင့်ထားပါတယ်။” လို့ပြောပါတယ်။

ဒါပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ပြည်မဘက်ကနေ ၂၁ မိုင်ဝေးတဲ့ ဒီ ကျွန်းဟာ အဓိကအားဖြင့်အရင် တုန်းက လူမနေခဲ့တာအပြင် ပုံမှန် မိုးရာသီမှာ ရေကြီးလေ့ရှိတာမို့ တချို့ဒုက္ခသည်တွေ မပြောင်းချင်ဘဲ ဖိအား ပေးပြောင်းခံနေရတယ်လို့ ဝေဖန်ထားပါတယ်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */