" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, December 20, 2020

ရက်စက်တဲ့ဖြစ်ရပ်ဆိုးတွေကို ကလေးငယ်တွေ မေ့ပျောက် စေဖို့ Sesame Street က အရိုဟင်ဂျာ muppets ရုပ်လေး တွေဖန်တီး သွားမယ် လို့ဆို

ABANA
ဒီဇင်ဘာ ၁၉, ၂၀၂၀
News Code : 1097463

ဝါးအိမ်တဲလေးအတွင်းမှာတော့ ကလေးငယ်လေးများရဲ့မျက်လုံးတွေဟာ သူတို့မြင်တွေ့နေကျမဟုတ်တဲ့ အရုပ်ဇာတ်ကောင်လေးတွေရဲ့ သရုပ်ဖော်ပြဇာတ်အပေါ်မှာ စိတ်ဝင်တစားနဲ့စူးစူးစိုက် စိုက်ကြည့်နေကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

ဝါးအိမ်တဲလေးအတွင်းမှာတော့ ကလေးငယ်လေးများရဲ့မျက်လုံးတွေဟာ သူတို့မြင်တွေ့နေကျမဟုတ်တဲ့ အရုပ်ဇာတ်ကောင်လေးတွေရဲ့ သရုပ်ဖော်ပြဇာတ်အပေါ်မှာ စိတ်ဝင်တစားနဲ့စူးစူးစိုက်စိုက် ကြည့်နေကြပါ တယ်။

ကမ္ဘာ့အကြီးမားဆုံးဒုက္ခသည်စခန်းတွင်းက ရိုဟင်ဂျာကလေးအများစုဟာ တီဗီတစ်ခါမှကြည့်ဖူးခြင်း မရှိကြပါ ဘူး။ အခုအခါမှာတော့ ဘက်ထရီအားသွင်းပရောဂျက်တာအကူအညီနဲ့အတူ သူတို့တွေဟာ ချစ်စဖွယ် sesame street သရုပ်ဖော်အရုပ်ဇာတ်ကောင်လေး အလ်မိုနဲ့အတူ ပျော်ရွှင်ရယ်မောနေကြပြီဖြစ်ပါတယ်။ Sesame street ဟာ အိမ်နီးချင်းမြန်မာနိုင်ငံကအကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်၁သန်းကျော် ခိုလှုံနေရတဲ့ ဒုက္ခသည်စခန်းတွေမှာ သူတို့ရဲ့အတွေ့အကြုံတွေဝေမျှပြီး အစိတ်အပိုင်းတစ်ရပ်အနေနဲ့ မကြာ ခင် ပါဝင်လာတော့မှာဖြစ်ပါတယ်။

တစ်နှစ်ကျော်ကြာကြိုးပမ်းခဲ့ကြတဲ့ ဒီပရောဂျက်မှာ Sesame အလုပ်ရုံက သူတို့ရဲ့ ပထမဆုံးရိုဟင်ဂျာ ဇာတ် ကောင်လက်ထိုးအရုပ်လေးတွေကို ထုတ်လုပ်နေပြီဖြစ်တယ်လို့ NBC သတင်းဌာနက ထုတ်ဖော်ခဲ့ပါတယ်။ ဒီအရုပ်ဇာတ်ကောင်လေးတွေရဲ့ အမည်တွေက နူရ်ယက်စ်မင်းနဲ့ အဇစ်တို့ဖြစ်ကြပြီး ဒုက္ခသည်စခန်းတွေက ပညာရေးပုံစံဖွံဖြိုးတိုးတက်လာစေရေး တိုးချဲ့သွားဖို့ သန်း၂၀၀ ကျော်ကြိုးပမ်းအားထုတ်မှုရဲ့ အစိတ်အပိုင်းတစ် ရပ်ပဲဖြစ်ပါတယ်။ “ဒီကလေးငယ်တွေကို သူတို့ရှင်သန်အောင်မြင်မှုတွေရလာစေဖို့ မှန်ကန်တဲ့စတင်မှုနဲ့ ကျွန်မ တို့ကူ ညီပေးနိုင်မယ်ဆိုရင် နောက်ပိုင်းသူတို့အောင်မြင်ဖို့ အခွင့်အရေးအများကြီးရလာမှာပါ” လို့ Sesame အ လုပ်ရုံရဲ့ လူမှုအကျိုးဥက္ကဌ ရှယ်ရီဝက်စ်တင်က ပြောကြားခဲ့ပါတယ်။

Sesame Street နဲ့ သူတို့ရဲ့တွဲဖက်ပါတနာအဖွဲ့အစည်းတွေရဲ့ ကြီးကြီးမားမားကြားဝင်ကူညီပေးမှုမရှိရင် ငယ် ရွယ် တဲ့ရိုဟင်ဂျာကလေးငယ်တွေဟာ စာရေးတတ် ဖတ်တတ်နိုင်ခြင်းရှိမှာမဟုတ်သလို အခြေခံသင်္ချာ ပညာ ရပ်တောင်တွက်ချက်နိုင်ခြင်းရှိမှာမဟုတ်ကြောင်း ဝက်စ်တင်ကဖြောင်းဖျနိုင်ခဲ့ပါတယ်။ “ဒီကလေးအ များ အပြားဟာ တွေးလို့တောင်မရတဲ့ရက်စက်မှုတွေကိုတွေ့ကြုံခံစားခဲ့ရတာပါ” လို့သူမကပြောကြားခဲ့ပါတယ်။

“ဒီကနေ့ခေတ် ဦးနှောက်နဲ့အာရုံကြောသိပ္ပံတွေ့ရှိချက်တွေအရ စိတ်ဒဏ်ရာဒဏ်ချက်တွေနဲ့ ဖိအားဒဏ်တွေေ ရရှည်ခံစားခဲ့ရတဲ့ ကလေးငယ်တွေဟာ ဦးနှောက်ဖွံဖြိုးမှု လျော့ကျစေတာကို တွေ့ရှိခဲ့ရပါတယ်။အသက်အ ရွယ်နုနယ်စဉ်မှာ အထူးသဖြင့်စိတ်ဒဏ်ရာတွေကြုံတွေ့ခဲ့ရတဲ့ ကလေးငယ်တွေဆီ ကျွန်မတို့တွေရောက်ရှိနိုင်ဖို့ အရေးပါတဲ့ကဏ္ဍကနေပါဝင်နိုင်ပါတယ်” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။ မြန်မာစစ်တပ်ရဲ့ရက်စက် တဲ့ဖိနှိပ်မှုတွေကြောင်း ၂၀၁၇ခုနှစ် သြဂုတ်လမှာရိုဟင်ဂျာမွတ်စလင်သိန်းနဲ့ချီ နေရပ်စွန့်ခွာထွက်ပြေး ခဲ့ရပါ တယ်။

ဒါဟာလူမျိုးတုံးရှင်းလင်းမှုစံပြဥပမာဖြစ်ကြောင်း ကုလလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကဖော်ပြခဲ့ပြီး အကြမ်းဖက်မှုစတင်ဖြစ်ပွားတဲ့ ပထမလအတွင်း အသက်၅နှစ်အောက်ကလေးငယ် ၇၃၀အပါအဝင် ရိုဟင်ဂျာ ၆၇၀၀ ထက်မနည်းအသတ်ခံခဲ့ရကြောင်း နယ်စည်းမခြားဆရာဝန်များအဖွဲ့ကထုတ်ပြန်ထားပါတယ်။ နောက် နှစ်နှစ်အတွင်းမှာပဲ ရိုဟင်ဂျာကျေးရွာ၂၀၀နီးပါး မီးရှို့ပြာချခံခဲ့ရတယ်လို့ ကုလကဖော်ပြထားပါတယ်။ ဒီအ ကြမ်း ဖက်မှုတွေကနေ ထွက်ပြေးခဲ့သူအများစုဟာ အဲဒီကတည်းက ကော့ဘဇားခရိုင်က ဒုက္ခသည်စခန်းတွေ မှာ ခိုလှုံနေကြရပါတယ်။

ဒီမှာရှိတဲ့ ရိုဟင်ဂျာကလေးငယ် ၇သိန်းနီးပါးဟာလည်းသူတို့မိဘတွေကိုဆုံးရှုံးခဲ့ရပါတယ်။ သူတို့တွေဟာ ရေ မရှိ လျှပ်စစ်မီးမရှိနဲ့ တစ်ခြားမိသားစုဝင်တွေနဲ့အတူ လက်လုပ်ဝါးအိမ်တဲလေးတွေနဲ့ တာပေါ်လင်ရွက်ဖျင်တဲ တွေထဲမှာ နေထိုင်ကြရပါတယ်။ ဒုက္ခသည်တွေဟာ သန့်ရှင်းတဲ့ရေရရှိဖို့ ဒုက္ခသည်စခန်းတစ်ဝန်းအနှံချထားတဲ့ အကန့်အသတ်ရှိတဲ့ရေသန့်စက်တွေဆီ လမ်းလျှောက်သွားကြရပါတယ်။ မာရူလာလို့အမည်ရတဲ့ အဘွားဖြစ် သူ ဟာ သမီးဖြစ်သူ မြေးဖြစ်သူနှစ်ဦးနဲ့အတူ ဒုက္ခသည်စခန်းမှာနေထိုင်လာခဲ့တာဖြစ်ပါတယ်။ မြန်မာတပ်မေ တာ် သားတွေ သူတို့ရွာကိုရောက်လာပြီးမီးရှို့ခံချိန်မှာ သူ့မိသားစုအသက်လုထွက်ပြေးခဲ့ရကြောင်း မာရုလာ ကပြောပါတယ်။ “ကျွန်မတို့အသတ်ခံတော့မယ်လို့တွေးမိခဲ့ပါတယ်” လို့သူမကဆိုပါတယ်။

စိတ်ဒဏ်ရာဒဏ်ချက်ကနေ ကလေးတွေကိုစိတ်သက်သာရာရအောင်ကူညီပေးဖို့ လက်တွေ့စမ်းသပ်ခန်းကို ကစားရာနေရာအဖြစ် အသုံးချနေတဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့ BRAC က ထူထောင်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကစားစရာလက်တွေ့စမ်းသပ်ခန်းအဖြစ် ဒုက္ခသည်စခန်းမှာ လူသိ များတဲ့ ပညာသင်ကြားရေးပရိုဂရမ်မှာ ကလေးတွေဖြစ်တဲ့ အစ္စမာဘယ်လာနဲ့ ဘီဘီဂျန်တို့ပါဝင်ခဲ့ကြပါတယ်။ “သူအခုတော့သွက်သွက်လက်လက်လေးနဲ့ လိမ္မာရေးခြားလာပြီ” လို့မာရူလာက အစ္စမာဘယ်လာကို ရည် ညွှန်းပြောကြားခဲ့ပါတယ်။

မိဘအများအပြားနဲ့ ကလေးတွေကိုစောင့်ရှောက်ပေးနေသူအများစုကတော့ ပညာရေးဟာ ကလေးငယ်တွေ ဘဝမှာတိုးတက်မှုတွေဖြစ်လာစေဖို့ တစ်ခုတည်းသောနည်းလမ်းအဖြစ်မြင်ထားကြောင်း ပြောကြားခဲ့ပါတယ်။ “ပညာရေးသာမပါရင် သူတို့မျက်ကန်းတွေပဲဖြစ်နေမှာ” လို့ ဒုက္ခသည်စခန်းကမိခင်တစ်ဦးကဆိုပါတယ်။ ဒါပေ မယ့်ကလေးငယ်တွေများပြားပြီး သင်ထောက်ကူပြုအရင်းအမြစ်နည်းပါးတဲ့ ဒီကဒုက္ခသည်စခန်းတွေမှာ အခွင့် အလမ်းတွေသင်ကြားနိုင်ရေးဟာ ရှားပါးလျက်ရှိပါတယ်။ လူသားချင်းစာနာထောက်ပံ့ရေးအများစုဟာလည်း အစားအစာနဲ့ နေရာထိုင်ခင်းတွေအတွက်သာ ဖြစ်နေပြီး ထောက်ပံ့မှုအားလုံးရဲ့ ၃%အောက်သာ ပညာရေးပိုင်း အတွက် အသုံးပြုနိုင်ကြောင်း ဝက်စ်တင်ကဆိုပါတယ်။

ပြီးခဲ့တဲ့သုံးနှစ်အတွင်း Sesame Workshop နဲ့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီတို့ဟာ ဆီးရီးယားနဲ့ဘင်္ဂ လားဒေ့ရှ် က ဒုက္ခသည်စခန်းတွေမှာနေထိုင်နေကြတဲ့ ကလေးငယ်တွေအတွက် ပညာရေးပိုင်း နည်းလမ်းအ သစ်တွေဖန်တီးအထောက်အပံ့ပြုနိုင်ဖို့ မက်အာသာဖောင်ဒေးရှင်းနဲ့ LEGO ဖောင်ဒေးရှင်းတို့ကနေ ဒေါ်လာ သန်း ၁၀၀ရရှိခဲ့ပါတယ်။ “ကလေးသူငယ်တွေဟာ အရည်အသွေးမြင့်ပညာရေးပိုင်းအခွင့်အလမ်းတွေ ရရှိဖို့လို အပ်သလို သူတို့ရဲ့စိတ်သောကဖိအားတွေလျော့ကျစေဖို့နဲ့ လူမှုစီးပွားကျန်းမာရေးတွေ တိုးတက်လာစေဖို့ နည်းလမ်းတွေလည်းလိုအပ်ပါတယ်” လို့ LEGO ဖောင်ဒေးရှင်းရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် ဂျွန်ဂွတ်ဒ်ဝင်း က ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်က Sesame ရဲ့ တွဲဖက်ပါတနာဖြစ်တဲ့ BRAC ဟာ ဒုက္ခသည်စခန်းပြင်ဘက်ပညာရေးပိုင်း အောင် မြင်မှု သမိုင်းရှိထားပါတယ်။ BARC ကျောင်းတွေရဲ့ ကလေး၈၅%ဟာ ၅တန်းအောင်မြင်ခဲ့ကြပါတယ်။ ရိုဟင် ဂျာ လက်ထိုးအရုပ်အသစ်လေးတွေ စတင်လုပ်ဆောင်မှုကို ပြီးခဲ့တဲ့နှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ Sesame အဖွဲ့ဟာ ပထမဆုံးအနေနဲ့ အလ်မိုနဲ့ ဂရိုဗာအရုပ်ဇာတ်ကောင်လေးတွေနဲ့ စတင်စမ်းသပ်ပြီး ကလေး တွေရဲ့ တုံ့ပြန်မှုတွေကို လေ့လာသုတေသနပြုခဲ့ပါတယ်။ ဒီဇိုင်းအဖွဲ့က ပဏာမဇာတ်ကောင်ပုံကြမ်းကို ဖန်တီး ခဲ့ပါ တယ်။ ဒါပေမယ့် Sesame တာဝန်ခံတွေဆီမပြခင် လူတွေဆီကနေတုံ့ပြန်မှုတွေကိုရယူဖို့ ဆန္ဒရှိခဲ့ကြ တာ ဖြစ် ပါတယ်။

ကိုဗစ်ကပ်ဘေးမတိုင်ခင် ဖေဖေါ်ဝါရီမှာ ရိုဟင်ဂျာကလေးငယ်တစ်ဒါဇင်ခန့်နဲ့သူတို့ရဲ့စောင့်ရှောက်သူတွေဟာ Sesame Workshop ခန့်မှန်းတွက်ချက်မှုနဲ့ နိုင်ငံတကာသုတေသနဆိုင်ရာ စီနီယာဒါရိုက်တာ ကင်မ်ဖူဒ်စ်ဦး ဆောင် တဲ့ အဖွဲ့အတွက်စုဝေးခဲ့ကြပါတယ်။ ဒီစုဝေးပွဲမှာ အရုပ်ဇာတ်ကောင်အသစ်တွေဖန်တီးဖို့ Sesame ရဲ့ တိုက်ရိုက်ထိတွေ့ချည်းကပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ Sesame တာဝန်ခံတွေက ဘယ်လိုလက်ထိုးအရုပ်ဇာတ် ကောင်မျိုးကို ကလေးငယ်တွေလိုချင်လဲဆိုတာ တိုက်ရိုက်နားထောင်ချင်ကြတာဖြစ်ပါတယ်။ “ကလေးငယ် တွေ သူတို့ဘာသာသူတို့ကြည့်တဲ့အခါ ဒါဟာအကောင်းဆုံးသင်ယူမှုဆိုတာကျွန်မတို့သိပါတယ်။ ဒါကြောင့်ဒီ အရုပ်ဇာတ်ကောင်တွေကို သူတို့ကိုယ်တိုင်အကြိုက်ရွေးဖို့ အရမ်းအရေးကြီးပါတယ်” လို့သူမကဆက်လက်ပြောကြားခဲ့ပါတယ်။

ကလေးတွေရဲ့နံရံပေါ်ကပန်းချီလက်ရာတွေပြသထားတဲ့ အခန်းထဲမှာ ဖူဒ်စ်က ဘာသာပြန်အကူအညီနဲ့ ပုံ လေးပုံကိုပြသခဲ့ပြီး ကလေးငယ်တွေကိုသူတို့ဘယ်ဟာကြိုက်လဲရွေးခိုင်းပါတယ်။ ကလေးငယ်တွေကို သူတို့ အကြိုက်ကိုရွေးပြီး နာမည်ပါရွေးခိုင်းပြီး ဖူဒ်စ်ကမိနစ်၃၀ကြာစုဝေးပွဲကို အဆုံးသတ်ကာကျေးဇူး တင်ကတိပြု စကားပြောကြားခဲ့ပါတယ်။ “ဒီကအကြံပေးချက်အားလုံးကိုယူပြီး ကျွန်မတို့ရဲ့အဖွဲ့ထံပြန်လည်ဝေ မျှပေးသွားပါ မယ်။ ရှင်တိုနဲ့တူတဲ့ ရိုဟင်ဂျာဇာတ်ကောင် Muppet အရုပ်လေးနှစ်ခုကို ကျွန်မတို့ဖန်တီးသွားမှာပါ” လို့သူမ ကပြောကြားခဲ့ပါတယ်။

တစ်ဘက်မှာတော့ မှားစရာမရှိတဲ့ အသံလေးနဲ့ အပြာရောင်Muppet အရုပ် ဂရိုဗာလေးက အထူးဧည့်သည် အ ဖြစ်ရောက်ရှိလာခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် အရုပ်ပြဇာတ်ရုံတစ်ခုက ဝယ်ယူခဲ့တဲ့ ဂရိုဗာဟာ မကြာခင်မှာပဲ ပျော် ရွှင်မြူးထူးနေကြတဲ့ ကလေးအုပ်ကြားထဲရောက်သွားခဲ့ပါတယ်။ ကလေးတစ်ယောက်တိုင်းစီဟာ muppet လက်ထိုးအရုပ်ကလေးနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ အခွင့်အရေးရရှိခဲ့ပါတယ်။

“ရိုဟင်ဂျာဇာတ်ကောင် muppet လက်ထိုးအရုပ်လေးနှစ်ရုပ်ဖြစ်တဲ့ နူရ်နဲ့အဇစ်တို့ဟာ ဒီအခက်အခဲကာလကို ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကလေးငယ်အများအပြားရဲ့တူညီတဲ့အတွေ့အကြုံတွေကို ဝေမျှထားရုံတင်မကပဲ စိတ်ဒဏ်ရာတွေသောကတွေကို ကလေးငယ်တွေကျော်လွှားနိုင်ဖို့နဲ့ သင်ကြားရေးအခြေခံလှုပ်ရှားမှုတွေကနေ ဒီဒဏ်ရာဒဏ်ချက်တွေကိုတွန်းလှန်နိုင်တဲ့ ခံနိုင်ရည်တည်ဆောက်သွားနိုင်ဖို့ ကူညီပေးသွားမှာပါ” လို့ LEGO ဖောင်ဒေးရှင်းရဲ့ အကြီးအကဲတာဝန်ခံ ဆာရာဘိုချီကပြောကြားခဲ့ပါတယ်။

“ဒါဟာ လူတိုင်းအတွက်ပိုမိုတည်ငြိမ်တဲ့ကမ္ဘာကြီးဖြစ်လာစေဖို့ ရင်းနှီးမြုပ်နှံမှုတစ်ခုပါပဲ။ လူသားချင်းစာနာ ထောက် ထားရေးကနေ ကလေးငယ်တွေဆီရောက်ရှိအောင် ကျွန်မတို့ရင်းနှီးမြုပ်နှံနိုင်မယ်ဆိုရင် ဒါကကမ္ဘာ ္ဘကြီး ကိုပြောင်းလဲသွားစေမှာပါ” လို့ ဝက်စ်တင်ကပြောကြားခဲ့ပါတယ်။

NBC News သတင်းဌာနပါ Christine Romo, Cynthia McFadden နဲ့ Rich Schapiro တို့ရေးသားသည့် “Sesame Street unveils Rohingya Muppets to help kids overcome unthinkable horrors” အမည်ဖြင့် ဖော် ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ ဆီ လျော်အောင်ပြန် ဆိုသည်။

Link : Here



No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */