Thursday, December 17, 2020

သေဆုံးပြီ ထင်ကာ ဇနီးနဲ့ သမီးကို အသုဘချပြီးမှ ပြန်လည် ဆုံဆည်းနိုင်ခဲ့တဲ့ ရိုဟင်ဂျာ မိသားစု

မဇ္ဈိမ 
ဒီဇင်ဘာ ၁၇ ၊ ၂၀၂၀
                                                                 Photo: AFP

ရိုဟင်ဂျာအမျိုးသား နီမတ်ရှာဟာ သူ့ဆီ လာဖို့ကြိုးစားရင်း သူ့ဇနီးနဲ့ သမီးဟာ ပင်လယ်ပြင်မှာ သေဆုံးခဲ့ရပြီ လို့ ယူဆပြီး အသုဘချပေးခဲ့ပါတယ်။

သီတင်းပတ်တွေအကြာမှာတော့ အင်ဒိုနီးရှားက ဒုက္ခသည်လှေတစ်စင်းပေါ်မှာ သူ့သမီးနဲ့ ဇနီးရဲ့ ဓာတ်ပုံကို အွန်လိုင်းကနေ တွေ့လိုက်ချိန်မှာတော့ ကြက်သေသေသွားအောင် အံ့ဩဝမ်းသာသွားခဲ့ပါတယ်။

အခုလို ပုံဝတ္ထုဆန်တဲ့ မိသားစု ပြန်လည်ပေါင်းစည်းနိုင်တဲ့ အကြောင်းကို အေအက်ဖ်ပီရဲ့ ရိုဟင်ဂျာတွေ လူကုန် ကူးခံရအကြောင်း ထောက်လှမ်းစုံစမ်းရေးသတင်းမှာ နီမတ်ရှာက ပြန်ပြောင်းပြောဆိုတာ ဖြစ်ပါတယ်။

ဇနီးနဲ့ သမီးကို ဆုံးရှုံးလိုက်ရပြီဆိုပြီး ဝမ်းနည်းပူဆွေးနေတုန်းအချိန်မျာပဲ ဇွန်လအတွင်းက အင်ဒိုနီးရှားကမ်းခြေ မြို့တစ်မြို့အနီး ကမ်းကပ်လာတဲ့ ရိုဟင်ဂျာ ၁၀၀ ကြားမှာ သမီးနဲ့ ဇနီးကို အံ့အားသင့်ဖွယ် မြင်တွေ့ခဲ့ရ တာပါ။

“ကျွန်တော်ရဲ့ ဇနီးနဲ့ သမီးဖြစ်မှန်း သိလိုက်တာနဲ့ ကျွန်တော် ဘဝမှာ အပျော်ရွှင်ဆုံး နေ့ရက်အချိန်ပဲ ဖြစ်ခဲ့တော့ တယ်။”လို့ အဲဒီ အွန်လိုင်းဓာတ်ပုံကို ရည်ရွယ်ရင်း ရှာက ပြောပါတယ်။

အေအက်ဖ်ပီအပါအဝင် နိုင်ငံတကာမီဒီယာတွေကနေ ဖော်ပြတဲ့ ကမ်းကပ်ဒုက္ခသည်လှေတွေရဲ့ ဗီဒီယိုနဲ့ ဓာတ် ပုံကြားမှာ ရှာရဲ့ ဇနီးနဲ့ သမီးတို့လည်း ပါရှိလာတာဖြစ်ပြီး အဲဒီ ဒုက္ခသည်လှေကို စိုးရိမ်ပူပန်ကြတဲ့ ဒေသခံတွေ က ကမ်းခြေဆီ ဆွဲတင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။

ရှာဟာ ရိုဟင်ဂျာအနည်းဆုံး တစ်သိန်းရှိနေရာ မလေးရှားမှာ ဒုက္ခသည်အဖြစ် နေထိုင်နေပြီး တစ်လကို အေမရိကန်ဒေါ်လာ ၅၀၀ လောက် ဝင်တဲ့ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေတာပါ။

ရိုဟင်ဂျာလှေ ကမ်းကပ်လာတဲ့ သတင်းဟာ သူတို့အသိုင်းအဝန်းထဲမှာတော့ သတင်းကြီးဖြစ်ပြီး အသက် ၂၄ နှစ်ရှိတဲ့ ရှာဟာ အွန်လိုင်းက ထုတ်လွှင့်တဲ့ အဲဒီ သတင်းကို ကြည့်ခဲ့ရာက ဇနီးနဲ့ သမီးကို လှေစီးဒုက္ခသည် တွေကြားမှာ တွေ့ရှိခဲ့တာပါ။

ရိုဟင်ဂျာကွန်ရက်ကနေတစ်ဆင့် နောက်ဆုံးမှာတော့ ရှာဟာ ဇနီးသည် မာဂျူမာနဲ့ မိုဘိုင်းဖုန်းကနေ ဆက်သွယ်မှု ရခဲ့ပါတော့တယ်။ သူတို့ရဲ့ ဖုန်းပြောဆိုမှုဟာ မိနစ်အနည်းငယ်ပဲ ကြာပေမယ့် ရှာအတွက်တော့ အလုပ်ကနေ နုတ်ထွက်ပြီး အင်ဒိုနီးရှားဆီ အရောက်သွားဖို့ ချက်ချင်းဆုံးဖြတ်ချက် ချလိုက်ပါတော့တယ်။

လအတန်ကြာမှာတော့ ရှာဟာ ဇနီးဖြစ်သူရယ်၊ ခြောက်နှစ်အရွယ် သမီးငယ် ဖာတီမာတို့နဲ့အတူ ပြန်လည် ပေါင်းစည်းနိုင်ခဲ့ပြီး အင်ဒိုနီးရှားမှာ အာဏာပိုင်တွေက ဒုက္ခသည်စခန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းဟောင်းတစ်ခုက ယာယီအခန်းမှာ သူတို့ရဲ့ အိမ်ရာသစ်အဖြစ် အတူပေါင်းစည်းနေနေကြေ တာ့ တာ ဖြစ်ပါတယ်။  

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */