" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Saturday, December 5, 2020

ဒီမိုကရေစီ ဖြင့်သာ တရုတ်၏ ခြေလှမ်းကို ဟန့်တားနိုင်မည် ဖြစ်

ယောနသံ
by Hla Soewai
Dec 05 2020
Image Credit – Nikkei Asia Review
မြန်မာသည် အင်ဒိုချိုင်းနား ကျွန်းဆွယ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိနေ၍ ဂျပန်၊ အမေရိကန် ပြည်ထောင် စု အပါအဝင် အခြားနိုင်ငံများ မှ ဦးဆောင်ဦးရွက် အကောင်အထည် ဖေါ်နေသည့် “လွတ်လပ်စွာ တံခါးဖွင့် ထား သော အင်ဒို-ပစိဖိတ် မူဝါဒအတွက် မဟာဗျူဟာအရ အရေးပါဆုံး ရပ်ဝန်းလည်း ဖြစ်ပေသည်။

ထိုမူဝါဒကို အကောင်အထည် ဖေါ်နိုင်မှုအရေး နှင့် တရုတ်အား ရှေ့သို့တိုးမလာနိုင်အောင် ဟန့်တားနိုင်ရေး ဆို သည်မှာ ရာစုနှစ် တဝက်နည်းပါးမျှ စစ်အုပ်ချုပ်ရေး အောက်တွင် ကျရောက်ခဲ့သော မြန်မာ ပြည်သူ ၅၅ သန်း အတွက် ဒီမိုကရေစီ ရှင်သန် ဖွံ့ဖြိုးအောင် အကောင်အထည် ဖေါ်နိုင်ရေးသည် လွန်စွာ အရေးပါနေ ရ ပေသည်။

နိုဝင်ဘာလ တွင် ကျင်းပခဲ့သော ဒုတိယ အကြိမ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၈၀% ကျော် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်သည်။ စစ်တပ်အတွက် ၂၅% နေ ရာ ပေးထားရခဲ့ရသော် လည်း NLD သည် အမတ်နေရာ အများစုကို ထိန်းချုပ်နိုင်လိုက်ခြင်းပင် ဖြစ်ပေသည်။

အဆိုပါ ရွေးကောက်ပွဲ အား ဒေါ်အောင်ဆန်းစုကြည်၏ ငါးနှစ်တာ သက်တမ်းအတွက် လူထု ဆန္ဒခံယူပွဲဟုပင် ပြော၍ရပေသည်။ လေ့လာသူများသည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေး အပါအဝင် သူမ၏ လူသိရှင်ကြား ပေးထားသော ကတိများကို ပထမငါးနှစ်တွင် ဖြစ်မြောက်အောင် အကောင်အထည် ဖေါ်နိုင် ခဲ့ ခြင်း မရှိ၍ ရွေးကောက်ပွဲတွင် အခြေအနေမကောင်းနိုင်ဟု ခန့်မှန်းထားခဲ့ကြသည်။ သို့သော် အထင်နှင့် အမြင် ကား လွဲချော်သွားခဲ့ရလေသည်။

ဒေါ်အောင်ဆန်းစုကြည် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့ခြင်း မှာ မြန်မာလူထု က အာဏာရှင်စနစ် ပြန်၍ ခေါင်း ထောင်လာမည့် အရေးကို လက်မခံခဲ့ကြ၍ ပင် ဖြစ်သည်။ စစ်တပ် ထောက်ခံသော USDP ပါတီသည်ပင် ယခင် ရွေးကောက်ပွဲ နှင့် နှိုင်းစာလျှင် လက်တစ်ဆုပ်မျှလောက်သော နေရာများသာ အနိုင်ရရှိသွားခဲ့သည်။

စစ်အာဏာရှင်များ လက်အောက်တွင် လွတ်လပ်စွာ ပြောဆို ရေးသားခွင့်များ ပိတ်ပင်ထားခြင်း ခံရပြီး အရည် အ ချင်း ရှိသူများ ပြည်ပသို့ အစုလိုက် အပြုံလိုက် ထွက်ခွာသွားခဲ့ကြရသည်။ ထို့အပြင် အနောက်နိုင်ငံများ၏ စီးပွား ရေး ပိတ်ဆို့ဒဏ်ခတ်မှုများ ခံခဲ့ရ၍လည်း ခေတ်ကောင်းချိန်တွင် ထိုင်း နှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများ တဟုန်ထိုး တိုးတက်သွားခဲ့ချိန်တွင် နောက်ကျ ကျစ်ရစ်ခဲ့ရပြန်သည်။

မြန်မာပြည်တွင် ဒီမိုကရေစီ ခိုင်မာစွာ အမြစ်တွယ်ရေး အတွက် အကြီးမားဆုံး အတားအဆီးများသည်က ဖွဲ့စည်း ပုံ အခြေခံ ဥပဒေအရ စစ်တပ်မှ လွှတ်တော်ထဲတွင် လေးပုံတပုံခန့် နေရာယူထားနေခြင်းနှင့် အချို့သော ဝန်ကြီး ဌာနများကို စစ်တပ်မှ ဆက်လက်ထိန်းချုပ်ထားနေခြင်းများကြောင့်ပင် ဖြစ်သည်။

မကြာမီက ထွက်ပေါ်လာသော ရွေးကောက်ပွဲ ရလဒ်များကို ကြည့်၍ စစ်တပ်မှ ဖွဲ့စည်းပုံကို ပြန်လည် ပြင်ဆင် ရန် အလေးအနက် စဉ်းစားသင့်ပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း စစ်တပ်မှ “ရိုဟင်ဂျာ” မူဆလင် လူနည်းစုများ အပေါ် ဖိနှိပ်ခဲ့မှု အတွက် အနောက်နိုင်ငံများ၏ အပြင်းအထန် ဝေဖန်ရှုတ်ချခြင်းကို ခံခဲ့ရပြန်သည်။ တကယ်တမ်းတွင် သူမသည် ထိုကဲ့ သို့ ဖိနှိပ်မှုများကို ထောက်ခံခဲ့သည့်တိုင် ပြည်တွင်းတွင် ဒီမိုကရေစီ ထွန်းကားရေး ကို မြေတောင်မြှောက်ပေး နေသူ ပင် ဖြစ်သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် စည်းလုံး ညီညွတ်သည့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်ရေး အ တွက် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ငြိမ်းချမ်းရေး ရရှိအောင် ဖေါ်ဆောင်နေစဉ်အတွင်း ‘ရိုဟင်ဂျာ” ပြဿနာကို အဖြေရှာရန် ကြိုးပမ်းသွားမည်ဟု မျှော်လင့်ရပေသည်။

မြန်မာသည် အိန္ဒိယ သမုဒ္ဒရာကို မျက်နှာမူထားသည့်အပြင် တရုတ်နှင့်လည်း နယ်နမိတ် ထိစပ်လျှက် ရှိနေ ပြန် သည်။ ထို့ကြောင့် တရုတ်တို့အဖို့ အိန္ဒိယ သမုဒ္ဒရာ အတွက် ထွက်ပေါက်ကြီး အဖြစ် မျက်စိကျ လာနေသည်။ တရုတ်၏ ရည်မှန်းချက်ကြီးစွာ လှုပ်ရှားလာသော ရပ်ဝန်းနှင့် လမ်း စီမံကိန်း ၏ တစိတ်တပိုင်း အဖြစ် “တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမ” ကြီး စီမံချက်တွင် ပါဝင်သော အခြေခံ အဆောက်အအုံပိုင်းကို ပူးတွဲ အကောင် အထည် ဖေါ်နေကြသော နိုင်ငံနှစ်နိုင်ငံလည်း ဖြစ်နေသည်။

တရုတ်သည် စစ်အစိုးရ လက်ထက်ကပင် မြန်မာ အား အကူအညီများ သိသိသာသာ ပေးခဲ့ဖူးသည်။ ယခုအခါ တွင်လည်း “ရိုဟင်ဂျာ ပြဿနာ” အား “ပြည်တွင်းရေး”ဟု ဆိုကာ မြန်မာ အစိုးရအား နှုတ်အားဖြင့် ထောက် ခံလျှက် ရှိနေဆဲပင် ဖြစ်သည်။

တရုတ်တို့ကို မြန်မာအား အာဏာရှင် လမ်းကြောင်းပေါ်သို့ ပြန်ရောက်အောင် တဖြေးဖြေး နှင့် ကျုံးသွင်း လာ မည့် အရေး လုပ်ခွင့် မပြုမှသာ ဖြစ်ပေမည်။

ထို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အစိုးရကို ဂျပန်မှ ထောက်ခံမှု ပေးပြီး တိုင်းရင်းသား လူနည်းစု များ နှင့် ရင်ကြားစေ့နိုင်ရေး အပြင် ဒီမိုကရေစီ ထွန်းကားလာအောင် အားပေးကူညီသင့်ပေသည်။

တချိန်တည်းမှာပင် မြန်မာစစ်တပ်အားလည်း နိုင်ငံရေး နှင့် ကင်းကင်းရှင်းရှင်း နေရန်ကို တိုက်တွန်းရန် အရေး ကြီးလှပေသည်။

(Japan Forward မဂ္ဂဇင်း Via Sankei Shimbun ၏ အယ်ဒီတာ အာဘော် ဖြစ်သည်)


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */