လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ
04.12.2020
လူတသိန်းလောက်ထားဖို့ပြင်ထားတဲ့အဲဒီကျွန်းကို ပထမအသုတ်အနေနဲ့ လူ (၂၅၀၀) ပို့ဖို့စီစဉ်ထားပြီး၊ မနေ့က လူ ကိုးရာလောက် ပို့လိုက်ပါတယ်။ ဒီနေ့မှာတော့ အဲဒီပထမအသုတ်ထဲက ကျန်တဲ့သူတွေကို ဆက်ပို့တာပါ။
အဲဒီကျွန်းဟာ ရာသီဥတုဆိုးတဲ့အတွက် လူနေဖို့ မသင့်တော်တာကြောင့် ရိုဟင်ဂျာတွေ ကို ပြောင်းရွှေ့နေရာ ချတာမလုပ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက တောင်းဆိုတိုက်တွန်းနေပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက လက်မခံဘဲ ပြောင်းရွေ့နေတာဖြစ်ပါတယ်။ ဒါကြောင့်လဲ နိုင်ငံတကာရဲ့ဝေဖန်မှုကို ဘင်္ဂလားဒေ့ရှ်အစိုးရရင် ဆိုင်နေရပါတယ်။
ကျွန်းဟာ နှစ်တိုင်းရေကြီးတာ၊ မုန်တိုင်းဒဏ်ခံရတာကြောင့် ဒုက္ခသည်အများစုက မပြောင်းချင်ကြဘူးလို့ RFA က စုံစမ်းသိရှိရပါတယ်။
ဒီလိုမပြောင်းရွှေ့ချင်ပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက လိုက်လံဖမ်းဆီးပြီး ပို့နေတယ်လို့ ပြောင်း ရွှေ့ရမယ့် ရိုဟင်ဂျာတွေက ရိုက်တာသတင်းဌာနကိုပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူမိုမန်ကတော့ အစိုးရဘက်က ဘယ်သူ့ကိုမှ အတင်းအကြပ် ပြောင်း ရွှေ့ တာတွေ မလုပ်ဘူးလို့ မနေ့က သတင်းထောက်တွေကိုပြောပါတယ်။ ၂၀၁၇ နောက်ပိုင်း မြန်မာပြည်ကေန ထွက် ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ခုနှစ်သိန်းလောက်ရှိပြီး (၁၉၉၂) ခုနှစ် နောက်ပိုင်း ထွက်ပြေး ရောက် ရှိနေတဲ့ သူတွေနဲ့ဆိုရင် တစ်သန်းလောက်ရှိတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက ပြောထားပါတယ်။

No comments:
Post a Comment