Saturday, July 18, 2020

လူ့အခွင့်အရေးရှေ့နေ Amal Clooney ကို CPJ အဖွဲ့ ဂုဏ်ပြုမယ်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
15 ဇူလိုင်၊ 2020 
လူ့အခွင့်အရေးရှေ့နေ Amal Clooney
 
သတင်းလိုက်ရင်း ရာဇဝတ်ပြစ်မှုတွေနဲ့ အရေးယူ အပြစ်ပေးခံရတဲ့ သတင်းသမားတွေဘက်က ရှေ့နေ လိုက်ပေး သူ လူ့အခွင့်အရေးရှေ့နေ Amal Clooney ကို ဂုဏ်ပြုမယ်လို့ နိုင်ငံတကာသတင်းသမားများ အကာအကွယ်ပေးရေး CPJ အဖွဲ့ကပြောကြားလိုက်ပါတယ်။

ဖမ်းဆီးမှု၊ ခြိမ်းခြောက်မှု၊ လက်တုန့်ပြန်မှုတွေကြားက သတင်းတင်ပြခဲ့ကြတဲ့ Bangladesh၊ Iran၊ Nigeria နဲ့ Russia နိုင်ငံတို့က သတင်းထောက်တွေကို ဂုဏ်ပြုတဲ့အခမ်းအနားကျရင် သတင်းလွတ်လပ်ခွင့်အတွက် တဘက်တလမ်းကဆောင်ရွက်ပေးနေတဲ့ Amal Clooney ကို ဂုဏ်ပြုမယ်လို့ CPJ အဖွဲ့အကြီးအကဲ Joel Simon က တနင်္လာနေ့က ကြေညာတာပါ။

Hollywood ရုပ်ရှင်မင်းသား George Clooney ရဲ့ ဇနီးဖြစ်တဲ့ Amal Clooney ဟာ အီဂျစ်အစိုးရ တရားစွဲ ထောင်ချခံခဲ့တဲ့ Al Jazeera သတင်းထောက်တွေရဲ့အမှု၊ ဖိလစ်ပိုင်နိုင်ငံမှာ အစိုးရက တရားစွဲ ပြစ်ဒဏ် ချ ထားတဲ့ သတင်းထောက် Maria Ressa ရဲ့အမှုတွေကို လိုက်ပေးခဲ့သူဖြစ်ပါတယ်။


SEE ALSO:
ကိုဝလုံးဇနီး ပန်းအိမွန် ခင်ပွန်းပြန်လွတ်လာမှုအတွက် ကျေးဇူး တင် စကားပြောကြား 

Reuters သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုမှာလည်း ဥပဒေအကြံပေး အနေ နဲ့ ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။ ရခိုင်ပြည်နယ် အင်းဒင်ရွာနားမှာ ရိုဟင်ဂျာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသတင်းဖော်ထုတ်ဖို့ ကြိုးစားရင်း Reuters သတင်းထောက်တွေ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးတရားစွဲထောင်ချခံခဲ့ရပါတယ်။

ထောင်ဒဏ် ၇ နှစ်စီချခံရတဲ့ သူတို့ နှစ် ယောက်လုံး ၂၀၁၉ မေလမှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်တပ်က အင်းဒင်သတ်ဖြတ်မှုမှာ တာဝန်ရှိတယ်လို့ဆိုတဲ့တပ် မတော်သား ၇ ယောက်ကို ထောင် ၁၀ နှစ်စီ ချခဲ့ပေမဲ့ ၁ နှစ်မပြည့်ခင်မှာပဲ ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */