B B C
ဘီဘီစီ မြန်မာပိုင်း
2020-06-15
ရခိုင်ပြည်နယ် မြောက်ပိုင်းက ဘူးသီးတောင်မြို့နယ်မှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ နောက်တစ် ယောက်ကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်နေ့မ နက် ပိုင်းက ထုတ်ပြန်ကြေညာခဲ့ပါတယ်။အဲ့ဒီပိုးတွေ့လူနာဟာ အမှတ်စဉ် ၂၆၂ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြန်လည် ဝင် ရောက်လာခဲ့သူ အသက် ၆၃ နှစ်အရွယ် အမျိုးသားဖြစ်ကာ အသွားအလာကန့်သတ်ထားသူဖြစ်ပြီး သူ့ကို ဘူးသီးတောင်မြို့ဆေးရုံမှာ ဆေးဝါးကုသမှုတွေပြုလုပ်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါ တယ်။
အဲ့ဒီအမျိုးသားဟာ ဘူးသီးတောင်မြို့နယ်မှာနေထိုင်သူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့မှာ ကျန်းမာ ရေးမကောင်းတဲ့ အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုသွားရောက် ဆေးကုသမှုခံယူခဲ့ပြီး မေလ ၂၂ ရက်နေ့ခန့်မှာ ပြန်လည်ဝင်ရောက်လာခဲ့ ကြောင်းနဲ့ ဆေးကုသမှုခံယူပြီးအပြန်မှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံလာရတာဖြစ် တယ်လို့ ဘူးသီးတောင်ဆေးရုံ ဆရာဝန်ကြီး ဒေါက်တာစောမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။
သူဟာ မောင်တောမြို့ မင်္ဂလာဈေးကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇား မြို့က အမည် မသိဆေး ခန်းတစ်ခု မှာ ဆေးကုသမှုခဲ့ယူခဲ့တယ်လို့ သိရပြီး အချက်အလက်တွေကို တော့ စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။
ဘူးသီးတောင် ကပိုးတွေ့သူ နှစ်ဦးရှိပြီ
"အကြမ်းဖျင်းသိရတာက မေ ၂ ရက်နေ့မှာ ဘူးသီးတောင်ကနေ ဘင်္ဂလားဒေ့ရှ်ကိုသွားတယ်လို့ပြောတယ်။ မောင်တောမင်္ဂလာဈေးကနေတစ်ဆင့် ကူတူပါလောင်ဒုက္ခသည်စခန်းကိုသွားတယ်။ ကော့ဘဇား က အမည် မသိဆေးခန်းတစ်ခုမှာ ဆေးကုသမှုခံယူခဲ့တယ်လို့ပြောတယ်။ မြန်မာနိုင်ငံကိုတော့ ခန့်မှန်း မေလ ၂၂ ရက် နေ့မှာ ပြန်ရောက်လာတယ်။"လို့ ဒေါက်တာစောမင်းသိန်းက ပြောပါတယ်။
သူဟာ အဲ့ဒီကနေ ဆေးကုသမှုခံယူပြီး ပြန်ဝင်ရောက်လာခဲ့တဲ့အချိန်မှာ ဘူးသီးတောင်မြို့နယ်အတွင်းက တောင်ဘဇာတိုက်နယ် ကျီးနှုတ်သီး ၁၂ ရပ်ကွက်မှာ ၆ ရက်နေ့အထိနေထိုင်ခဲ့ပြီးတော့ မြို့ပေါ်က အမှတ် ၄ ရပ်ကွက်ကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
သူ့ကို သတင်းရရှိတဲ့အတွက် လိုက်လံရှာဖွေတဲ့အချိန်မှာ ဘူးသီးတောင်နဲ့ တောင်ဘဇာတိုက်နယ်ကိုအသွား အပြန် ထွက်ပြေးနေခဲ့ပြီးဇွန်လ ၁၂ ရက်နေ့မှာတွေ့ရှိခဲ့ကာ အဲ့ဒီနေ့မှာပဲ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲစစ်ဆေး ဖို့ ပို့ဆောင်ပေးခဲ့ပြီး သူ့ရဲ့နေအိမ်မှာပဲ အသွားအလာကန့်သတ်ထားခဲ့တာဖြစ်တယ်လို့ ဆရာဝန်ကြီးက ပြောပါတယ်။
ဘူးသီးတောင်မြို့ပေါ်က သူနဲ့အတူနေသူ နောက်ထပ် ၅ ဦးကိုတော့ ဆေးစစ်မှုတွေပြုလုပ်ထားပြီးဖြစ်ကာ ပိုးမတွေ့ရှိဘူးလို့ဆိုပါတယ်။
ဆေးကုပြန်အလာမှာ တောင်ဘဇာ ဘက်ကိုထွက်ပြေး
ဘူးသီးတောင်မြို့နယ်အတွင်းကို ဇွန်လ ဒုတိယအပါတ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မိမိဆန္ဒအလျောက် တရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူ ၈ ဦးကို မြို့ပေါ် ၃ ရပ်ကွက်မှာရှိတဲ့ ဗလီကြီးမှာ သီးသန့် စောင့် ကြပ်မှုတွေပြုလုပ်ထားပြီး အဲ့ဒီထဲကအမျိုးသားတစ်ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း စစ်ဆေး တွေ့ရှိထားပါတယ်။
အဲ့ဒီအမျိုးသားကတော့ အသက် ၂၄ နှစ်အရွယ် လူနာအမှတ်စဉ် ၂၅၀ ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့က ဓာတ်ခွဲ အဖြေထွက်ရှိခဲ့ တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်အတွင်းမှာလည်း အခုလို မိမိဆန္ဒအလျောက် တ ရားမဝင် ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေ တော်တော်များများရှိနေပြီး အဲ့ဒီထဲက ၉၀ နီးပါးကို အသွား အ လာကန့်သတ်ထား ရှိတယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ဘီဘီစီကို ပြော ဆိုထားပါတယ်။
တစ်ဖက်နိုင်ငံကပြန်လည်ဝင်ရောက်လာသူတွေကို လှဖိုးခေါင်ကြားစခန်းမှာ အနီးကပ်စောင့်ကြပ် စစ်ဆေး ကြည့်ရှုမှု လုပ်ပေးနေသူတွေထဲက ၄ ဦးမှာလည်း ရောဂါပိုးကူး စက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
လူနာ အမှတ် ၂၃၄ ဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းက ပြန်ဝင်လာသူ
မောင်တောခရိုင်ဆေးရုံကြီးမှာ ဆေးဝါးကုသပေးမှုတွေပြုလုပ်ပေးနေတဲ့ ပိုးတွေ့လူနာ ၄ ဦးအနက် ၂ ဦးက တော့ ဟိန္ဒူဘာသာဝင်တွေဖြစ်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ သူတို့ရဲ့မိသားစုတွေဆီကို အလည်သွားပြီး ပြန်လာသူတွေဖြစ်ကြတယ်လို့ မောင်တောခရိုင် လက်ထောက်ဆရာဝန်ကြီး ဒေါက်တာနု ကေ သီစံက ပြောဆိုထားပါတယ်။
"သူတို့ကတော့ မောင်တောကနေ ဘင်္ဂလားကိုအလည်သွားတာပေါ့။ တစ်ယောက်ကတော့ မူဆိုနီ ဒုက္ခ သည်စခန်းမှာရှိတဲ့ သူ့ညီမကိုသွားတွေ့တယ်။ နောက်တစ်ယောက်ကျတော့ ကူတူးပါလောင်က သူ့အမေ ဆီသွားတွေ့တယ်။ မေလ ၂၆ ရက်နေ့က မြန်မာနိုင်ငံကနေထွက်သွားပြီးတော့ အဲ့ဒီမှာ ၆ ရက်လောက်နေ တယ်။ ၃ ရက်နေ့မှာ ပြန်ထွက်လာတယ်။ မြန်မာနိုင်ငံဘက်ကို ၄ ရက်နေ့ ပြန်ရောက်တယ်။"လို့ ဒေါက်တာ နုကေသီစံက ပြောပါတယ်။
သူတို့နှစ်ယောက်ဟာ မောင်တောမြို့ပေါ် ရွှေစားကျေးရွာကဖြစ်ပြီး ရွာကနေ သရက်အုပ်ကျေးရွာကိုသွားပြီး တော့ အဲ့ဒီကနေတဆင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို လှေနဲ့ကူးသွားခဲ့ကြတာလို့ သိရပါတယ်။
ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲဝန်ထမ်းတွေကိုလည်း ကွာရန်တင်းထားခဲ့ရပြီး အဲ့ဒီဝန်ထမ်းတွေရဲ့ တို့ဖတ်နမှုနာတွေကိုလည်း ဆေးစစ်မှုတွေပြုလုပ်တဲ့အခါမှာတော့ ရောဂါပိုးကူးစက် ခံရ တာ မတွေ့ရဘူးလို့ သိရပါတယ်။
မောင်တော
မောင်တောနယ်စပ်ဟာ လုံခြုံရေးစခန်းတွေအများအပြားရှိနေပေမယ့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အခု လိုမျိုး တရားမဝင်သွားလာနေသူတွေဟာ အလွယ်တကူသွားလာလို့ရနေကြပြီး အခုလိုမျိုး ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှု ပြင်းထန်နေတဲ့ကာလတွေမှာ အဲ့ဒီနယ်စပ်ထွက်ပေါက်နေရာတွေကို တင်းတင်းကျပ်ကျပ်တား ဆီး ဖို့လိုအပ်တယ်လို့ သက်ဆိုင်ရာမြို့နယ်တွေရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ထောက်ပြပြောဆိုနေကြ တာတွေလည်းရှိနေပါတယ်။
ဇွန်လ ၁၅ ရက်နေ့အထိဆိုရင် ရခိုင်ပြည်နယ်အတွင်းမှာ ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံနေရသူ ၈ ဦးအထိ ရှိလာ နေပြီဖြစ်ကာ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ သံတွဲမြို့နယ်ကတစ်ယောက်နဲ့ တောင်ကုတ်မြို့ နယ် က တစ်ယောက်တို့ဟာ မလေးရှားနိုင်ငံကပြန်လာသူတွေဖြစ်ကြပြီး မြောက်ပိုင်းနယ်စပ်မြို့တွေဖြစ်တဲ့ ဘူး သီးတောင်နဲ့ မောင်တောမြို့နယ်အတွင်း က ၆ ဦးကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြန်လာသူတွေဖြစ်ကြ ပါတယ်။
မြန်မာနိုင်ငံမှာ ဇွန်လ ၁၅ ရက် အထိ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲ အတည်ပြုလူနာ ၂၆၂ဦးရှိပြီး သေဆုံးသူ ၆ ဦးရှိပါတယ်။
Link : Here
No comments:
Post a Comment