Monday, June 29, 2020

ရခိုင်နယ်မြေရှင်းလင်းရေးစစ် အစုအပြုံလိုက်ထွက်ပြေးမှု ထပ်ဖြစ်လာနိုင်

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
29 ဇွန်၊ 2020  
ရခိုင်ပြည်နယ်မှာ တပ်စွဲထားတဲ့ မြန်မာစစ်တပ်က တပ်ဖွဲ့ဝင်တချို့။ (ဇန်နဝါရီ ၁၉၊ ၂၀၁၃)
 
 မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲ လတ်တလော လုပ်ဆောင်နေတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြန်လည် ထင်ဟပ်စေသလို၊ အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ ပစ်မှတ်ထားရှင်းလင်းမယ့် အန္တရာယ်ဖြစ်နေတယ်ဆိုတာ ဖော်ပြနေကြောင်း REFUGEES INTERNATONAL အဖွဲ့က ပြောပါတယ်။

အခုအခါ ရခိုင်အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဒီ စစ်ဆင်ရေးတွေ ရပ် ဆိုင်း ဖို့ ကမ္ဘာ့နိုင်ငံတွေက မတောင်းဆိုဘူးဆိုရင် နောက်ထပ် အရပ်သားတွေ အများအပြား ထွက်ပြေးကြရ ဖို့  ရှိကြောင်း REFUGEES INTERNATONAL အဖွဲ့ ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။


SEE ALSO:
အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ကာကွယ်ရေး ချက်ချင်း ဆောင်ရွက်ဖို့ ကုလသမဂ္ဂ တောင်းဆို 


လွန်ခဲ့တဲ့ ၃ နှစ်က ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာ သိန်းဂဏန်း ထွက်ပြေးခဲ့ကြရတာကြောင့် ဒီလို ဖြစ်ရပ်မျိုး ထပ် မဖြစ်ပွားအောင် နိုင်ငံတကာ တရားရုံးက အမိန့်ထုတ်ပြန်ထားပေမဲ့ အခု နောက် ဆုံး ဖြစ်ရပ် တွေက မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘူးဆိုတာကို ပြသနေကြောင်းလည်း REFUGEE INTERNATIONAL က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo 
 
မြန်မာနိုင်ငံအတွင်း အရင်က ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှု တွေ ကို အမေရိကန်နဲ့ တခြားနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုခြင်း မရှိတာကြောင့် လူ့အသက်တွေ နောက်ထပ် ဆုံးရှုံးမယ့် အန္တရာယ်တွေ ရှိနေကြောင်းနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုက လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်တယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo လက်ခံအသိအမှတ်ပြုဖို့အရေး တောင်းဆိုမယ့် လက်မှတ်ရေးထိုး အဆိုပြုလွှာ တစ်ခု ကောက်ယူနေကြာင်း REFUGEE INTERNATIONAL အဖွဲ့က ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေအတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် ဒုက္ခသည် သိန်းနဲ့ ချီပြီးနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါ တယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။  

 
Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */