Wednesday, May 13, 2020

သတင်းထောက်နှစ်ဦး အမှုမှာ အကြီးဆုံး အတားအဆီးက ဒေါ်စု လို့ နယူးယောက်တိုင်း ဖော်ပြ

လွတ်လပ်တဲ့အာရှအသံ ( RFA )
မြန်မာဌာန | သတင်းများ 
2019-05-13
 သမ္မတရဲ့လွတ်ငြိမ်းသက်သာခွင့်နဲ့ အင်းစိန်အကျဉ်းထောင်ကနေ လွတ်မြောက်လာတဲ့ ရိုက်တာသတင်း ထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို ၂၀၁၉ မေလ ၇ ရက်နေ့ကတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA


ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ လွတ်မြောက်ရေးမှာ အကြီးမားဆုံး အတားအဆီးက စစ်တပ် မဟုတ်ဘဲ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖြစ်တယ်လို့ သံတမန်တွေ အပါ အဝင် လူပုဂ္ဂိုလ်တွေက ပြောဆိုကြကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြလိုက်ပါတယ်။

သတင်းထောက် နှစ်ဦး လွတ်မြောက်ရေးအတွက် သံတမန် အသိုင်းအဝန်းက အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြ ပေမယ့် မအောင်မြင်ခဲ့ဘဲ၊ တစ်ခါတရံ စိတ်ဆိုးဒေါသဖြစ်တတ်တယ်လို့လည်း ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာလကြာရှည် မိတ်ဆွေဖြစ်ခဲ့တဲ့ အမေရိကန် နိုင်ငံရေးသမား၊ ကုလသမဂ္ဂ သံအ မတ်ဟောင်း Bill Richardson က မနှစ်က သတင်းထောက်တွေကိစ္စ ပြောဆို မေးမြန်းခဲ့ရာမှာ ဒေါ်အောင် ဆန်း စုကြည် အကြီးအကျယ် ပေါက်ကွဲသွားခဲ့တယ်လို့ ဖော်ပြပါတယ်။

ဂျပန် ရုပ်သံသတင်းဌာနတစ်ခုက တွေ့ဆုံမေးမြန်းခဲ့ရာမှာလည်း သတင်းထောက် နှစ်ဦးဟာ ဥပဒေကို ချိုးဖောက်ခဲ့ကြကြောင်း ပြောဆိုခဲ့ပါတယ်။ တရားရုံးက မဆုံးဖြတ်ခင် ပြောဆိုခဲ့တာဖြစ်တယ်လို့ နယူး ယောက်တိုင်း က ဖော်ပြပါတယ်။

ဒါပေမဲ့ သတင်းထောက်တွေလွတ်မြောက်ရေးအတွက် အမေရိကန် အစိုးရ ဒု သမ္မတ မိုက်ပင့်စ် ကလည်း ကြိုးပမ်းခဲ့ပါတယ်။

မြန်မာနိုင်ငံ သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မတီ ထူထောင်သူ နဲ့ မြန်မာနိုင်ငံ သတင်း ကောင်စီ အတွင်းရေးမှူး ဦးသာလွန်ဇောင်းထက်ကလည်း သတင်းထောက်နှစ်ဦး အမှု နဲ့ ပတ်သက်ပြီး၊မိသား စုဝင်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံစဉ် အကူ အညီတောင်းခံခဲ့ရာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တတ်နိုင်တာ ကူညီပါ့မယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ထံကတော့ အကြောင်းမပြန်ခဲ့ဘူးလို့ ပြောဆိုကြောင်း နယူးယောက်တိုင်း သတင်းစာက ဖော်ပြပါတယ်။


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */