Monday, April 20, 2020

လှိုင်သာယာတွင် အထောက်ထားမဲ့ဝင်ရောက်လာသူ ၄ ဦး ဖမ်းမိ

မြန်မာတိုင်းမ်နေ့စဉ်
တိုးဝေအောင်
19 APR 2020

လှိုင်သာယာမြို့နယ်အတွင်း အထောက် အထားမဲ့ဝင်ရောက်လာသူ ၄ ဦးကို ယနေ့ဧပြီ ၁၉ ရက်နေ့တွင် ဖမ်း ဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဧပြီ၁၉ရက်မွန်းလွဲ၁နာရီခွဲခန့်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်(၁၈)ရပ်ကွက်၊အနော်ရထာလမ်းမရှိ DENKOဆီဆိုင်တွင် အထောက်အထားမဲ့ဝင်ရောက်လာသူများဟု ယူဆရသူများ ဆီလာထည့်နေကြောင်းသတင်း အရ အဆိုပါဆီဆိုင်သို့သောင်ကြီးနယ်မြေရဲစခန်းမှ ဒုရဲအုပ်စစ်အောင်ပိုင်နှင့်အဖွဲ့နှင့် ရပ်ကွက်အုပ် ချုပ်ရေးမှူးတို့ပါဝင်သည့်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါဆီဆိုင်တွင်စစ်တွေမြို့နေ မောင်မောင်(ခ)အဒူကာ(၄၃)နှစ်နှင့် အတူမောင်မောင်လှ(ခ) ကျမ်းရပိန် (၁၆) နှစ်၊ကျော်နိုင်(ခ)နော်ဘီဟူစင်(၁၃)နှစ်နှင့်ရွှေမောင်(ခ)ဂျမာဟူစိန်(၁၆)နှစ်တို့ကိုတွေ့ရှိသဖြင့် ရဲစခန်းသို့ ခေါ်ဆောင်ခဲ့သည်။

၎င်းတို့နှင့်ပတ်သက်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနသို့အကြောင်းကြား၍ တာဝန်ရှိသူ များနှင့် စစ်မေးခဲ့သည်။

ကျော်နိုင်(စုံစမ်းဆဲ)က မလေးရှားတွင် အလုပ်အကိုင်ရမည်ဟု ၎င်းတို့(၄)ဦးကို  စည်းရုံးခဲ့ပြီး ရခိုင်ပြည်နယ်မှတစ် ဆင့်လာရောက်ခြင်းဖြစ်ကြောင်း၊ကျော်နိုင်က တစ်ဦးလျှင်ကျပ်(၂၅)သိန်းတောင်းခဲ့ကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့သည်။

သောင်ကြီးနယ်မြေရဲစခန်းက(ပ)၂၄၂/၂၀၂၀၊ပုဒ်မ၃၆၇/၃၇၀/၁၁၄အရအမှုဖွင့်ကာတိမ်းရှောင်နေ သူကျော် နိုင်ကို ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */