Thursday, April 16, 2020

ရိုဟင်ဂျာ ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် ကယ်တင်

VOA
ဗွီအိုအေ (မြန်မာပိုင်း)
16 ဧပြီ၊ 2020 
  ဇွန် ၂၀၁၂ တုန်းက ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် တွေ ရိုဟင်ဂျာ ၅၀ နီးပါးကို ကယ်တင်စဉ် 

 ဘင်္ဂလားဒေ့ရှ် ပိုင်နက် ရေပြင်ထဲမှာ လွန်ခဲ့တဲ့ ၂ လလောက်ကတည်းက လှေကြီး တစင်းနဲ့ မျောနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၄၀၀ နီးပါးကို ဘင်္ဂလားဒေ့ရှ် ကမ်းစောင့်တပ်က ဗုဒ္ဓဟူးနေ့မှာ ကယ်ဆယ်ခဲ့ရတယ်လို့ ကမ်းစောင့်တပ်က ပြောပါတယ်။

သတင်းအရ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ကမ်းရိုးတန်းတလျှောက် ၃ ရက်ကြာ လိုက်လံ ရှာဖွေခဲ့တာ ဖြစ်ပြီး ငါးဖမ်းလှေကြီးပေါ်မှာ အစာရေစာပြတ်နေတဲ့ ရိုဟင်ဂျာ ၃၈၂ ယောက်ကို တွေ့ခဲ့ရကြောင်းနဲ့ သူတို့ကို Teknaf မြို့နားက ကမ်းခြေကို ခေါ်လာခဲ့တယ်လို့ ကမ်းစောင့်တပ် ပြောခွင့်ရက ပြောပါတယ်။

သူတို့ဟာ လှေနဲ့ ၅၈ ရက်ကြာ မျောနေရာကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ဘင်္ဂလားဒေ့ရှ် ရေပြင် ပိုင်နက်ထဲ ရောက်လာတာ ဖြစ်ပြီး ပါလာသူတွေထဲက အယောက် ၃၀ ကျော် သေဆုံး သွားခဲ့တာ တွေ့ရတယ်လို့ AFP သတင်းမှာ ဖေါ်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက် ကမ်းရိုးတန်း ဒုက္ခသည်စခန်းတွေက ဖြစ်မယ်လို့ ခန့်မှန်းရတဲ့ ဒီရိုဟင်ဂျာတွေဟာ မလေးရှားနိုင်ငံကို ဦးတည်သွားနေတာ ဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် မလေးရှား အစိုးရက ကမ်းရိုးတန်းတလျှောက် တင်းတင်းကြပ်ကြပ် စီစစ်နေတဲ့ အတွက် ပင်လယ်ပြင်ထဲ ပြန်ထွက်လာတာ ဖြစ်နိုင်တယ်လို့ Dhaka Tribune သတင်းက ဖေါ်ပြပါတယ်။

လူတွေ ကျပ်ညပ် လိုက်ပါလာတဲ့ ငါးဖမ်း သင်္ဘောပေါ်မှာ သေဆုံး သွားသူ ၃၂ ဦး ရဲ့ ရုပ်အလောင်း တွေကို ရေထဲ ပစ်ချခဲ့တာ ဖြစ်ပြီး အသေးစိတ်သိရဖို့ စုံစမ်း စစ်ဆေးနေပြီလို့ ဘင်္ဂလားဒေ့ရှ် အရာရှိကပြောပါတယ်။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */