" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Tuesday, March 31, 2020

ရိုဟင်ဂျာလူမှုအသိုက်အဝန်းဟု သုံးစွဲခဲ့ခြင်းကြောင့် အမေရိကန်သံရုံးရှေ့၌ဆန္ဒထုတ်ဖော်

ရန်ကုန် ဧပြီ ၂၈
သတင်းနှင့်ဓာတ်ပုံ-မျိုးမင်းသိန်း(မရမ်းကုန်း)၊ထင်ပေါ်ဝင်း(ကမာရွတ်)


ရခိုင်ပြည်နယ် စစ်တွေမြို့ သဲချောင်း အနီး၌ ဧပြီ ၁၉ ရက်က စက်လှေ နစ်မြုပ်၍ သေဆုံးသွား ခဲ့သူ များနှင့် ပတ် သက်ပြီး အမေရိကန်သံရုံးမှ ထုတ်ပြန်သော ကြေညာ စာတမ်းပါ သဝဏ်လွှာ၏ ရိုဟင်ဂျာလူ မှုအသိုက် အဝန်း ဟူ၍ သုံးနှုန်းဖော်ပြထား ခြင်းအပေါ် ကျေနပ်မှုမရှိသော အမျိုးသားရေး တက်ြ ကွလှုပ်ရှားသူ များက ရန် ကုန် မြို့ တက္ကသိုလ်ရိပ် သာလမ်း အမေရိကန်သံရုံးရှေ့၌ ယနေ့ မွန်းလွဲ ၁ နာရီက ဆန္ဒ ထုတ်ဖော်ခဲ့ ကြ သည်။

အမျိုးသားရေးတက်ကြွ လှုပ်ရှား သူက ရန်ကုန်တက္ကသိုလ်စာတိုက် နှင့် တက္ကသိုလ် ဆေးရုံကြားရှိ ''ဂ'' ကွေ့ မြေကွက်လပ်၌ နံနက် ၁၁ နာရီတွင် စုဝေးခဲ့ကြသည်။ ထို့ နောက် အင်အား ၁ဝဝဝ ခန့်က အလံ များနှင့် ကြွေး aကြာ်သံဆိုင်း ဘုတ်များ ကိုင်ဆောင်ကာ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း အမေ ရိကန်သံရုံးရှေ့သို့ ချီတက် ခဲ့ ကြ သည်။ သံရုံးရှေ့ အရောက်တွင် ဘင်္ဂါလီကို ရိုဟင်ဂျာဟု သုံးစွဲသူ- တို့ရန်သူ၊ အမေရိကန်သံရုံးရဲ့ ရိုဟင် ဂျာ ကြေညာချက် - ချက်ချင်း ဖျက်၊ တိုင်းရင်းသား ၁၃၅ မျိုး ထပ်တိုးမည့်အကြံ - တို့လက် မခံ ဟူသော ကြွေးကြာ် သံများ ထုတ်ဖော်ခဲ့ကြသည်။ အမျိုးသားရေး တက်ကြွ လှုပ်ရှား သူများ၏ ထုတ်ပြန် ထားသော ကြေညာချက် အိတ်ဖွင့် ပေးစာကို သံရုံးမှ တာဝန်ရှိ သူအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ရိုဟင်ဂျာဟူ သော တိုင်းရင်းသားလူမျိုး လုံးဝ မရှိကြောင်း အစိုးရနှင့် လွှတ်တော် က တရား ဝင် ပြောကြားထားသော ကြောင့် အမေရိကန်နိုင်ငံအနေ ဖြင့် ရိုဟင်ဂျာအမည်ကို သုံးစွဲခြင်း မပြုရန် မြန်မာ့ အမျိုး သားရေး ကွန်ရက်မှ ကြေညာချက် ထုတ်ပြန် ထားကြောင်းလည်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ရခြင်း နှင့်ပတ်သက်၍ မကွေးကျောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြား ရာတွင် ''ဧပြီ ၂ဝ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး သံအမတ် ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂါလီ လို့ မသုံး ဘဲနဲ့ ရိုဟင်ဂျာမျိုးနွယ်စုက ဆိုပြီးတော့ ရိုဟင်ဂျာဆိုတဲ့အမည်ကို မြန်မာ တိုင်းရင်းသား ၁၃၅ မျိုးမှာ လုံးဝ ပါ ဝင်ခြင်း မရှိတဲ့ ရိုဟင်ဂျာအမည်ကို သုံးနှုန်းသွားတယ်'' ဟု မြွက်ကြား ခဲ့သည်။

ဆန္ဒထုတ်ဖော်ရန်အတွက် ခွင့်ပြု မိန့်တောင်းခံချက်ကို သက်ဆိုင်ရာက ဗဟန်း ဗိုလ်စိန်မှန် အားကစားကွင်း ၌ ပြုလုပ်ရန်သာ ခွင့်ပြုထား ကြောင်း ကမာရွတ်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရ သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သဲချောင်းအနီး၌ ဧပြီ ၁၉ ရက် က စက်လှေနစ်မြုပ်၍ သေဆုံး သွားသူများ အ တွက် ဧပြီ ၂ဝ ရက် က အမေရိကန်သံရုံး (ရန်ကုန်)၏ ဝမ်းနည်း ကြောင်း ထုတ်ပြန်ချက်တွင် ဘင်္ဂါလီများ အား ''ရိုဟင်ဂျာ လူမှုအသိုက်အဝန်း''ဟု သုံးစွဲခဲ့ သည့် အတွက် အမျိုးသားရေးတက်ကြွလှုပ် ရှားသူများက ဆန္ဒ ထုတ် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းစွာ စုဝေးဆန္ဒ ထုတ်ဖော်ခြင်းကို မွန်းလွဲ ၂ နာရီခွဲ တွင် အေးချမ်းစွာဖြင့် လူစုခွဲကာ ရုပ်သိမ်းခဲ့ကြ ကြောင်း သိရ သည်။


လင့်: ၊Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */