VOA
07 မတ်၊ 2020
ကုလအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံနေသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦး။ (မတ် ၇၊ ၂၀၂၀။ ဓာတ်ပုံ - Antonio Guterres' Twitter)
ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ကျေးရွာမှာ ရိုဟင်ဂျာ ၁၀ ဦး သတ်ဖြတ်ခံရမှု သတင်းထုတ်ဖော် ရေး သားခဲ့ကြတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres နဲ့ တွေ့ဆုံခဲ့ပါတယ်။
ကုလသမဂ္ဂရုံးချုပ်ရှိရာ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ မနေ့ သောကြာနေ့က တွေ့ဆုံကြ တာပါ။ ဘာကြောင့် ခုလိုတွေ့ဆုံတာလဲ ဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကိုတော့ မသိရပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ချက်တွေမှာ မြန်မာအစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ ဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ ကိစ္စကို စုံစမ်းဖော်ထုတ်ဖို့ ကြိုးစားရင်း ၂၀၁၇ ခုနှစ်၊ ဒီဇင် ဘာလမှာပဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံခဲ့ရတာပါ။
သူတို့ကို အကြိမ်ကြိမ် ရုံးထုတ်စစ်ဆေးပြီးတဲ့နောက်မှာတော့ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ ချိုး ဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် မေလမှာတော့ နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ သူတို့ ၂ ဦးစလုံး ပြန်လွတ်မြောက်လာခဲ့ကြတာလည်း ဖြစ်ပါတယ်။
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နိုင်ငံတ ကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားသလို ချိုးဖောက် တဲ့လူတွေကိုလည်း စုံစမ်းပြီး အရေးယူသွားမယ်လို့ ပြောဆိုထားပါတယ်။

No comments:
Post a Comment