လွတ်လပ်တဲ့အာရှအသံ (RFA)
2020-03-18 မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ သတင်းစာရှင်းလင်းပွဲကို ၂၀၂၀၊ မတ် ၁၈ ရက်နေ့က ကျင်းပစဉ်
ဓာတ်ပုံ - ကျော်လွင်ဦး/ RFA
ဓာတ်ပုံ - ကျော်လွင်ဦး/ RFA
ဧရာဝတီသတင်းဌာနနဲ့ ရိုက်တာသတင်းဌာနတွေကို တပ်မတော်က တရားစွဲတိုင်ကြားထားတဲ့အမှု နှစ်ခုကို တပ်မ တော်က ပြန်လည်ရုပ်သိမ်းသွားမယ်လို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ MPC က ဒီနေ့ မတ်လ ၁၈ ရက်နေ့မှာ ပြောလိုက်ပါတယ်။
အမှုတွေကို ပြန်ရုပ်သိမ်းမယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးက ဒီနေ့အကြောင်း ကြားလာတာဖြစ်ကြောင်း ကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်က ပြောပါတယ်။
ဧရာဝတီသတင်းဌာန အယ်ဒီတာ ဦးရဲနည်ကို ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထွန်း တရားစွဲဆိုထားတဲ့အမှုနဲ့ ဇန်နဝါရီ ၂၅ ရက်နေ့က ရိုဟင်ဂျာတွေရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တယ်ဆိုပြီး သတင်းဖော်ပြခဲ့တာကြောင့် ရိုက်တာသတင်းဌာနကို ဖွင့်ထားတဲ့ အမှုတွေကို ရုပ်သိမ်းပေးမှာလို့ တပ်မတော် က ကောင်စီကို အကြောင်းကြားထားတာပါ။
ရိုက်တာသတင်းဌာနအမှုကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ နှစ်ဘက်လုံးက တောင်းဆိုလာတာကြောင့် ကူညီဆောင် ရွက်ပေးခဲ့ကြောင်းလည်း ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ပိုမိုသိရှိနိုင်ဖို့ ဧရာဝတီသတင်းဌာန၊ ရိုက်တာသတင်းဌာနနဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
Eleven သတင်းဌာနကိုလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အမှုဖွင့်ခဲ့တာတွေရှိခဲ့ပေမယ့်ကောင်စီ ရဲ့ ညှိ နှိုင်းဆောင်ရွက်ပေးမှုကြောင့် တရားစွဲဆိုထားတဲ့အမှုကို ပြန်လည်ရုပ်သိမ်းထားပါတယ်။
သတင်းသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ အရေးမယူဘဲ ဆက်သွယ်ရေးဥပဒေပုဒ်မတွေ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မတွေနဲ့ အရေးယူဖို့ ကြိုးစားနေတာကို ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာတွေနဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

Link : Here
No comments:
Post a Comment