Myanmar Now
ချမ်းသာ၊အောင်ငြိမ်းချမ်း
Mar 26, 2020
နီရဉ္စရာသတင်းဌာနနှင့် DMG သတင်းဌာနတို့၏ ဝက်ဘ်ဆိုက်များကို MPT နှင့် MyTel ဖုန်းအသုံးပြု၍ ဝင်ရောက်ကြည့် ရှု မရေ တာ့ခြင်း ဖြစ်ပြီး ရက္ခိုင့်တပ်တော်၏ဝက်ဘ်ဆိုက်လည်း ပါဝင်သည်။
DMG သတင်းဌာနဝက်ဘ်ဆိုက်ကို ဝင်ရောက်ကြည့်ရှုနေသူတစ်ဦးကို ယခုလအတွင်း တွေ့ရစဉ် (ဓာတ်ပုံ - စိုင်းဇော် / Myanmar Now)
ပြည်နယ်တွင်းဖြစ်ပွားနေသည့် သတင်းများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ရေးသားဖော်ပြနေသည့် နီရ ဉ္စရာသတင်းဌာနနှင့် Development Media Group (DMG) တို့၏ ဝက်ဘ်ဆိုက် နှစ်ခုကို မတ် ၂၃ နှင့် ၂၄ တွင် ဆက်သွယ်ရေးအော်ပရေတာများက တစ်စုံတစ်ရာအကြောင်းကြားခြင်းမရှိဘဲ ဖုန်းအင်တာနက်မှ ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါသတင်းဌာန တာဝန်ရှိသူများက ဆိုကြသည်။
မတ် ၂၃ ကတည်းက ပိတ်ပင်ခံထားရသည့် နီရဉ္စရာသတင်းဌာန၏ ဝက်ဘ်ဆိုက် စာမျက်နှာကို မြန်မာ့ဆက် သွယ်ရေးအော်ပရေတာ လေးခုအနက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကိုအသုံးပြု၍ ဖုန်းမှတဆင့် ဝင်ရောက်ကြည့်ရှုခွင့် မရတော့ခြင်းဖြစ်သည်။
အလားတူ မတ် ၂၄ က ပိတ်ပင်ခံရသည့် DMG သတင်းဌာန၏ ဝက်ဘ်ဆိုက်စာမျက်နှာကိုလည်း မြန်မာနိုင် ငံ ရှိ ဆက်သွယ်ရေးအော်ပရေတာများဖြစ်သည် MPT၊ Telenor ၊ Ooredoo နှင့် တပ်မတော်ပိုင် မြန်မာ့ စီးပွား ရေးကော်ပရေးရှင်း (MEC) နှင့် ဗီယက်နမ်ဆက်သွယ်ရေးကုမ္ပဏီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် Mytel အသုံးပြု၍ ဖုန်းမှတဆင့် ဝင်ရောက်ကြည့်ရှု့ခွင့်မရတော့ပေ။
ရခိုင်အခြေစိုက်သတင်းဌာနနှစ်ခုကို အင်တာနက်ပိတ်ပင်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက သီးခြားညွှန် ကြား ထားခြင်း မရှိကြောင်း ၎င်းက ပြောသည်။
ျပည်သူလူထုကို အထိတ်တလန့် ဖြစ်စေမည့် သတင်းအမှားများကို ပိတ်ပင်ရန်နှင့် ကလေးသူငယ် လိင်မှု ဆိုင် ရာကိစ္စများ၊ သက်ငယ်မုဒိန်းမှုများကို လျှော့ချလိုသောကြောင့် ယခုကဲ့သို့ ဆက်သွယ်ရေးအော်ပရေ တာများကို ညွှန်ကြားရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
“အော်ပရေတာတွေကို စိစစ်ပြီး တားမြစ်ပိတ်ပင်ဖို့ ညွှန်ကြားထားတာဟုတ်ပါတယ်။ ဘယ်ဟာကတော့ Porn Site (လိင်ကိစ္စဆိုင်ရာ ဝက်ဘ်ဆိုက်) တွေ၊ လိင်မှုဆိုင်ရာကိစ္စတွေ၊ သတင်းအမှားတွေဖြန့်နေတာတွေနဲ့ ပတ်သက်ပြီး ပြည်သူလူထုက သတင်းပို့တာတွေလည်း ရှိတယ်။ ဒါတွေကို သက်ဆိုင်ရာဌာန၊ အဖွဲ့ အ စည်းတွေက စိစစ်ပြီးပိတ်တာပါ” ဟု ဦးမျိုးဆွေက ပြောသည်။
သတင်းအမှားတင်သည့် ဝက်ဘ်ဆိုက် နှင့် လိင်ဖျော်ဖြေရေးဆိုင်ရာ ဝက်ဘ်ဆိုက်များ၊ ပိတ်ပင်လိုသည့် ဝက် ဘ်ဆိုက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် စိစစ်၍ အော်ပရေတာလေးခုထံ ပေးပို့ထားသည်ဟု ဆိုသော်လည်း အရေအတွက် အတိအကျမည်မျှရှိသည်ကို မသိရပေ။
သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များကို ဖုန်းအင်တာနက်မှတဆင့် ဝင်ရောက်ကြည့်ရှု့ခွင့် ပိတ်ပင်မှုအပေါ် ဆက်သွယ်ရေးအော်ပရေတာများကို Myanmar Now အနေဖြင့် ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။
တဖက်တွင်လည်း ရက္ခိုင့်တပ်တော် (AA) အဖွဲ့၏ ဝက်ဘ်ဆိုက်ကိုလည်း Telenor နှင့် Ooredoo ဖုန်းအင် တာ နက်များဖြင့်သာ ကြည့်ရှု့နိုင်ပြီး MPT နှင့် MyTel တို့ကမူ ပိတ်ပင်ထားသည်။
အထက်ပါ ဝက်ဘ်ဆိုက်များကို ရခိုင်ပြည်နယ်တွင် နေထိုင်သူများပင်မကဘဲ တနိုင်ငံလုံးမှ MPT, MyTel, Ooredoo, Telenor အသုံးပြုသူများပါ ဝင်ရောက်ကြည့်ရှု၍ မရခြင်းဖြစ်သည်။
ထို့အပြင် လိင်ဖျော်ဖြေရေးအင်တာနက်စာမျက်နှာများဖြစ်သည် PornHub နှင့် YouPornတို့၏ အင်တာ နက် စာမျက်နှာများကို အော်ပရေတာ လေးခုလုံးမှ မတ် ၂၃ ကတည်းက ကြည့်ရှု့ခွင့် မရတော့ပေ။
ပိတ်ပင်ခံရသည့် တိုင်းရင်းသားမီဒီယာနှင့် လူ့အခွင့်အရေးဝက်ဘ်ဆိုက်များစာရင်း အတိအကျရ ဖို့ပြုစုနေကြောင်း Myanmar ICT for Development Organization (MIDO) အဖွဲ့ ၏ အမှုဆောင်ဒါရိုက်တာ မထိုက် ထိုက်အောင်က Myanmar Now ကို ပြောသည်။
“အကယ်၍ ဒီဆိုက်တွေကို ဆင်ဆာလုပ်ဖို့အတွက် အစိုးရက အမိန့်ပေးတယ်လို့ သက်သေပြနိုင်မယ်ဆို ရင်တော့ ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို အကြီးအကျယ်တိုက် ခိုက်မှု ဖြစ်လာမှာပါ။ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ လက်ရှိ အင်တာနက်ပိတ်ထားတဲ့အပေါ်မှာလည်း စိုးရိမ်ပူ ပန်မှုအကြီးအကျယ် ရှိနေဆဲပါ။ ဘယ်တုန်းကနဲ့မှ မတူအောင် ဒီကနေ့ခေတ်မှာ သတင်းအချက် အလက် ရရှိဖို့ ပိုမိုလိုအပ်နေပါတယ်။ ဒါဟာ သေရေးရှင်ရေးကိစ္စလို့ ပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။
ရခိုင်တွင် အင်တာနက်လိုင်းပိတ်ထားခြင်းအပေါ် စိုးရိမ်မှု
ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း ၉ မြို့နယ်တွင် အင်တာနက်လိုင်း များဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံ စစ်ဘေးရှောင်များအတွက် စိုးရိမ်မိကြောင်း လွှတ်တော်ရပ် နားကြောင်း ကြေ ညာရင်း လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ယနေ့ မတ် ၂၅ တွင် ပြောကြားခဲ့သေးသည်။
Link : Here

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်သွယ်ရေးအော်ပရေတာများထံ စာပို့ အကြောင်းကြားထားသော်လည်း တုန့်ပြန်ဖြေ ဆို ခြင်းမရှိသေးဟု ဆိုသည်။
နီရဉ္စရာသတင်းဌာနမှ ရုပ်သံအယ်ဒီတာ ဦးနောင်ခိုင်အောင်ကမူ ၎င်းတို့အနေဖြင့် ဆက်သွယ်ရေးအော် ပရေ တာများထံ အကြောင်းကြားခြင်းမရှိသေးဘဲ အခြေနေကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ပြောသည်။
ရခိုင်ပြည်နယ်အခြေစိုက်သတင်းဌာနနှစ်ခုအပြင် ကရင်ပြည်နယ်အခြေစိုက် Karen News သတင်းဌာနကို လည်း MPT အသုံးပြု၍ ဖုန်းမှတဆင့်ကြည့်ရှု၍ မရပေ။
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် သတင်းဌာနများ၏ ဝက်ဘ်ဆိုက်များကို ပိတ်ပင်ရန် သီးခြားညွှန်ကြား ထားခြင်းမရှိသော်လည်း သတင်းမှားများ ထုတ်ဝေဖြန့်ဖြူးနေသည့် အင်တာနက်စာ မျက်နှာများနှင့် လိင်ဖျော်ဖြေရေးအင် တာနက်စာမျက်နှာများကို တားမြစ်ပိတ်ပင်ရန် ဆက်သွယ်ရေးအော် ပရေ တာလေးခုထံ မတ် ၂၁ က ညွှန်ကြားထားကြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောသည်။

၂၀၁၉ ခုနှစ် ဇွန် မှစတင်ကာ ၉ လကြာမြင့်လာသည့် အင်တာနက်ဖြတ်တောက်မှုတွင် ရခိုင်မြောက်ပိုင်းရှိ မြို့နယ် ၈ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ ပါဝင်သည်။ မြို့နယ်အချို့ကို အင်တာနက် ခေတ္တ ပြန်ဖွင့်ပေးခဲ့သော်လည်း တိုက်ပွဲများပိုမိုပြင်းထန်လာပြီးနောက် ပြန်လည်ဖြတ်တောက်လိုက်သည်။
ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုများအတွက် ပြည်နယ်လွှတ်တော်တွင် အဆိုပြုတောင်း ဆိုခဲ့ဖူးသလို အရပ်ဘက်အဖွဲ့အစည်းများကလည်း တစ်စိုက်မတ်မတ် တောင်းဆိုမှုများရှိနေသော်လည်း အစိုးရ၏ တုန့်ပြန်မှုကို မတွေ့ရသေးကြောင်း မင်းပြားမြို့နယ် ပြည်နယ်လွှတ်တော်အမတ် ဦးလှသိန်းအောင် က ဆိုသည်။
(‘အသံ’ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့၏ အင်တာနက်စာမျက်နှာကို Telenor ဖုန်းအင် တာနက်ဖြင့် ဝင်ရောက်ဖတ်ရှုမရဟု မူလက ရေးသားထားခဲ့သဖြင့် ပြန်လည်ပြင်ဆင်ထားပါသည်)

No comments:
Post a Comment