VOA
ဗွီအိုအေ (မြန်မာဌာန)
11 မတ်၊ 2020
သက်နိုင်
11 မတ်၊ 2020
သက်နိုင်
AA ရခိုင်လက်နက်ကိုင်အဖွဲ့ (မှတ်တမ်းဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲတွေကနေ မြန် မာစစ်တပ်က တပ်ရင်းမှူး တဦးအပါအဝင် တပ်မတော်သား ၃၀ နီးပါးကို ဖမ်းဆီးထားတယ်လို့ AA ရခိုင် လက်နက် ကိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သား ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ ပါတယ်။ ဗွီအိုအေသတင်းထောက် ကိုသက်နိုင် စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။
ပလက်ဝမြို့နယ် မီးဝဗျုးကုန်းမှာ မနေ့က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းဘုရားကြီးမြို့အခြေစိုက် ခမရ (၇) တပ်ရင်းက တင်းရင်းမှူး သက်နိုင်ဦး အပါအဝင် တပ်သား ၂၀ ဦးကို ဖမ်း ဆီးရမိတယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
"တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းဘုရားကြီးမြို့အခြေစိုက် ခမရ (၇) တပ်ရင်းက တင်းရင်းမှူး သက်နိုင် ဦး အပါအဝင် တပ်သား ၂၀ ဦးကို လက်ရဖမ်းဆီးရမိတာ စစ်မြေပြင်က ဖမ်းမိခဲ့တယ်။"
ဒီကနေ့မှာလည်း ပလက်ဝနဲ့ ကျောက်တော်ဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး ခမရ (၇) တပ်ရင်းက ဗိုလ်ကြီးအဆင့်ရှိ ဆေးတပ်မှူး တဦး အခြားဗိုလ်ကြီး တဦးအပါအဝင် စုစုပေါင်း ၁၀ လောက်ကို လက်နက် ၁၄ လက်နဲ့အတူ ထပ်မံဖမ်းဆီးထား ပြီး စစ်သုံ့ပန်းဥပဒေနဲ့ အညီထိန်းသိမ်းမှာ ဖြစ်တယ်လို့ ခိုင်သုခက ပြောပါတယ်။
"ဒီနေ့ ၁၁ ရက်နေ့မှာလည်းပဲ မနေ့က ဖမ်းဆီးခဲ့တဲ့ တပ်ရင်းကနေ နောက်ထပ် ဖမ်းဆီးရမိတာကတော့ ဆေးဗိုလ်ကြီး တယောက်ရယ် တိုက်ခိုက်ရေး ဗိုလ်ကြီးတစ်ယောက်ရယ် တပ်ဖွဲ့ဝင် ၈ ယောက် အကုန်လုံး ၁၀ ယောက် ကျနော်တို့ ဒီနေ့ ဆက်ပြီးတော့ ဖမ်းမိထားတာရှိတယ်။ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကိုတော့ ကျနော်တို့ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီးတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေေ တွနဲ့ ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ဆက်ပြီးတော့ ထိန်းသိမ်းထားမှာ ဖြစ်တယ်။"
ဒါအပြင့် ကျောက်တော်မြို့နယ်အတွင်းက ပြိုင်းတိုင်းကျေးရွာဘက်တွေမှာ တိုက်ပွဲအပြန်း အထန်ဖြစ်ပွားနေ တာကြောင့် ဒေသခံအများအပြား ကြောက်လန့်ပြီး ထွက်ပြေးနေကြတယ်လို့ သူကဆက်ပြောပါတယ်။
ပြိုင်းတိုင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ မိသာစုတစ်စုကတော့ သံဖရာကျေးရွာကို အရောက်မှာလက် နက် ကြီးကျည်ကျပြီး တဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကိုယ်တိုင်ဒဏ်ရာ ပြင်းထန်နေတဲ့ ဦး သိန်းထွန်းက ပြောပါတယ်။
"ကျနော်တို့ ရွာမှာတော့ လက်နက်ကြီးတွေနဲ့ ပစ်နေကြတယ်။ ဒဏ်ရာရတာ ၇ ယောက်၊၈ယောက်လောက် ရှိပြီ။ ကျနော်တို့လည်း ကြောက်ပြီးတော့ အဲဒီက ထွက်ပြေးလာတာ။ ထွက်ပြေးလာတော့ သံဖရာထောင့် ကျေးရွာကို ညတနာရီလောက် အချိန်မှာရောက်တယ်။ ရောက်တော့ လှေတွေဘာတွေလည်း မရှိတော့ အဲဒီမှာ ညအိပ်လိုက်တယ်။ အဲဒီမှာလက်နက်ကြီးနဲ့ လှမ်းပစ်တော့ ကျနော်မိသားစုကို အကုန်လုံး ထိ သွားတယ်။ သားအကြီး ဆုံးကတော့ ဆုံးသွားပြီ။ ကျနော် တယောက်ရယ် ကျနော်မိန်းမ တယောက်ရယ် ကျနော်သမီး တယောက်ရယ် ကျနော့် သားတယောက်ရယ် ကျနော်ကတော့ အများဆုံး ဒဏ်ရာရတယ်။ ဘယ်ဘက်ပါးရယ်၊ မျက်ခုံးရယ် လက်တွေရော အကုန်လုံးပဲ။"
ကျောက်တော်မြို့နယ် အတွင်းမှာ ဒီကနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေပြီး ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို ဒေသခံတွေအမြောက်အများ ဒဏ်ရာရတာတွေ ရှိနေသလို သေဆုံးသူ ၃ ဦးအထိ ရှိနေတယ်လို့လည်း ကျောက်တော် ပရဟိတအသင်းက ကိုညီပုက ပြောပါတယ်။
"အဲဒီဘက်မှာ အခုအချိန်ထိ လေယာဉ်တွေနဲ့ ပစ်ခတ်နေတာ ရှိတယ်လို့ ဒေသခံတွေက ပြောတယ်။ မီး တွေလည်း လောင်နေတယ်။ ဒဏ်ရာရတဲ့ သူတွေလည်း အများအပြား ရှိနေတယ်လို့ပြောတယ်။ ရွာသား တွေလည်း ပိတ်မိ နေကြတယ်။ အဲတာကို ကျနော်တို့ကို လှမ်းပြီးတော့ အကူအညီတောင်းနေကြပါတယ်။ အဲဒီကျေး ရွာတွေက ထွက် ပြေးလာကြတဲ့ သူတွေလည်း ကျောက်တော်ကယ်ဆယ်ရေးစခန်းမှာ တော် တော် များများ ရောက် နေကြပါပြီခင်ဗျာ။ အသေအပျောက်ကတော့ ကျနော်တို့ဆီကို ပြောထားတာကေ တာ့ ၃ယောက် ရှိနေပါပြီ ဒဏ် ရာရတဲ့ သူတွေ ကတော့ ၇ယောက်၊ ၈ယောက်လောက် ဖြစ်နေပါပြီ လွန်ခဲ့တဲ့ ၅ ရက်လောက်ကဆိုရင်လည်း ဒဏ်ရာ ရတဲ့သူတွေကလည်း ၇ယောက်ရှိနေပါပြီ။ အဲဒီလူနာတွေကိုလည်း ကျနော်တို့ သွားရောက်ပြီးတော့ ကူညီလို့မရသေးပါဘူးခင်ဗျာ။ နီးစပ်ရာမှာပဲ သူတို့ ဆေးကုမှု ခံယူနေကြပါတယ်ခင်ဗျာ။"
ကျောက်တော်မြို့နယ်အတွင်းမှာ နေ့တိုင်းလိုလို တိုက်ပွဲတွေ ပြင်းထန်နေပြီး နေရပ် စွန့်ခွာထွက်ပြေး လာ ကြသူတွေ များပြားနေတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင် က ပြောပါတယ်။
"ကျနော်တို့ကျောက်တော်မြို့နယ် အထက်ပိုင်း ပလက်ဝနယ်စပ်မှာ အဲဒီဘက်တွေမှာ ထိခိုက် ဒဏ်ရာရ တာတွေ များတယ်။ တချို့ရွာတွေက ဆိုရင် မနေရဲဘဲ မြို့ပေါ်ကို လာခိုနေကြတာရှိတယ်။ နေ့တိုင်းလိုလို ဒဏ်ရာရတဲ့ သူတွေကတော့ ရှိနေတယ်။ လက်နက်ကြီးပစ်ခတ်သံတွေကလည်း နေ့တိုင်းလိုလို မနက်ရော၊ ညရော ကြားနေရ တယ်။ နေ့တိုင်းလိုလို ထိခိုင်ဒဏ်ရာရတာတွေ မြင်နေရတယ်။ လက်နက်ကြီး ကျလို့ ဆေးရုံကို ရောက်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးလာသူတွေ နေ့တိုင်းလိုလို ရှိနေတယ်ဗျာ။"
ဒီကနေ့မှာလည်း ပလက်ဝမြို့နယ် မီးဝဗျူဟာကုန်းနဲ့ ကျောက်တော်မြို့နယ်တွေဘက်မှာ တိုက်ပွဲတွေ ဆက် လက်ပြင်းထန်နေသလို ကျေးရွာ တချို့လည်း လက်နက်ကြီးကျည် ထိမှန်ပြီး မီးလောင်နေတာတွေ ရှိတယ်လို့ AA အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်က တိုက်ပွဲအခြေအနေတြေ အရပ်သားတွေ ပစ်ခတ်ခံနေရတာနဲ့ ပတ် သတ်ပြီး မေးမြန်းဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ ဆက်သွယ်ခဲ့ပေမဲ့လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်းမရှိပါဘူး။
ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့အထိ အစိုးရတပ်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး တိုက်ပွဲအတွင်းအရပ်သား ထိခိုက် သေဆုံးဒဏ်ရာရတာတွေ များပြားလာသလို ဒေသခံတွေ၊ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူ တွေ နဲ့ ဌာနဆိုင် ရာဝန်ထမ်းတွေ ဟာလည်း မကြာခဏဆိုသလို တပ်နဲ့ AA နှစ်ဘက်စလုံးရဲ့ ဖမ်းဆီး စစ်ဆေးမှုတွေကို ခံနေကြရတာလည်း ဖြစ်ပါတယ်။
Link : Here

No comments:
Post a Comment