" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Sunday, February 9, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို YMBA အသင်းက ဘွဲ့တံဆိပ်တစ်ခု ထပ်မံပေးအပ်


TheVoiceWeekly Journal
ရန်ကုန်၊ ဖေဖော်ဝါရီ ၈

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဗုဒ္ဓ ာသာကလျာဏယုဝအသင်း (YMBA) ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ အပ်နှင်းပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက်ပိုင်းက ရန်ကုန် တိုင်းစစ်ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့သည်။

အဆိုပါဘွဲ့တံဆိပ်ပေးအပ်သည့် အခမ်းအနားတွင် ဆရာတော်ကြီးများလည်း တက်ရောက်ခဲ့ပြီး နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်၊ ရွှေကျင်တွဲဖက်သာသနာပိုင် သီတဂူဆရာတော်၊ အင်းစိန်ရွာမဆရာတော်တို့လည်း တက်ရောက်ခဲ့ကြသည်။

ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်က အဆိုပါ အဂ္ဂမဟာ မင်္ဂလဓမ္မဇောတိကဓဇဘွဲ့ ဘွဲ့စလွယ်၊ ဘွဲ့တံဆိပ်နှင့် ဘွဲ့လက် မှတ်တို့ကို တပ်မတော်ကာကွယ် ရေးဦးစီးချုပ်အား ပေးအပ်ချီးမြှင့်ခဲ့သည်။

YMBA အသင်းအနေနှင့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အ စည်းအဝေးဆုံးဖြတ်ချက်အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို အသင်း၏ အမြင့်ဆုံးဘွဲ့ကို ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း YMBA အသင်း ဥက္ကဋ္ဌ ဦးရဲထွန်းက ပြောကြားသည်။

ထို့ပြင် ကာကွယ်ရေးဦးစီးချုပ်အနေနှင့် အမျိုးဘာသာ သာသနာလုပ်ငန်းများတွင် ထောက်ပံ့ခြင်း၊ နိုင်ငံအကျိုး ဆောင်ရွက်ခြင်းများကြောင့် ယင်းဘွဲ့တံဆိပ်ကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနှင့် အဆိုပါဘွဲ့တံဆိပ်ရရှိခဲ့သည့် ၁၂ ဦး မြောက်ပုဂ္ဂိုလ် ဖြစ်လာမည်ဖြစ်ပြီး ယင်းဘွဲ့တံဆိပ်သည် YMBA အသင်းအနေနှင့် အမြင့်ဆုံးပေးအပ် သည့်ဘွဲ့ဖြစ်ကာ သံဃာတော် ၇ ပါးနှင့် လူပုဂ္ဂိုလ် ၄ ဦးကို ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းလည်း ယင်းအသင်းထံမှ သိရသည်။

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */