" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Friday, February 21, 2020

မောင်နုရွာနဲ့ ချွတ်ပြင်ရွာ သတ်ဖြတ်မှု ICOE အစီရင်ခံစာ ဖော်ပြချက် တပ်မတော်ခုံရုံး စစ်ဆေးမယ်

VOA
21 ဖေဖော်ဝါရီ၊ 2020
ဗွီအိုအေ (မြန်မာဌာန)
၂၀၁၃ ခုနှစ် အောက်တိုဘာ ၃ ရက်တုန်းက ရခိုင်ပြည်နယ် ပေါက်တော် ကျေးရွာတွင် တပ်မတော်သားများကို တွေ့ရစဉ်

ရခိုင်ပြည်နယ်ပဋိပက္ခနဲ့ပတ်သက်လို့ စုံစမ်းခဲ့တဲ့ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အစီရင် ခံစာထဲမှာ အစုအပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့တယ်လို့ ဖော်ပြထားတဲ့ မောင်နုရွာနဲ့ ချွတ်ပြင်ရွာသတ်ဖြတ် မှုတွေကိစ္စကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) နဲ့ စစ်ဆေး ဆောင်ရွက်သွားမယ်လို့ စစ်တပ်က ပြောကြားလိုက်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Website မှာဖော်ပြထားတဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ မောင်နုရွာနဲ့ ချွတ်ပြင်ရွာဖြစ်စဉ်တွေကို လေ့လာသုံးသပ် စိစစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် စုံစမ်း စစ်ဆေးရေးခုံရုံးနဲ့ စစ်ဆေး ဆောင်ရွက်ပြီး စစ်ဘက်တရားစီရင်ရေးရဲ့ လုပ်ငန်းစဉ်တွေအတိုင်း စစ်တရားရုံး နဲ့ စစ်ဆေး စီရင်ခြင်းကို ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

အစီရင်ခံစာပါ ကျန်ဖြစ်စဉ်တွေကိုလည်း ဆက်လက် လေ့လာသုံးသပ်စိစစ်နေတယ်လို့ ပြောထားပါတယ်။ ဂူတာပြင်ရွာဖြစ်စဉ်နဲ့ပါတ်သက်လို့ အရေးယူ ဆောင်ရွက်ဆဲဖြစ်ပြီး စစ်တရားရုံးရဲ့ စစ်ဆေး ဆောင်ရွက်မှု အခြေနေတွေကို မကြာခင် သတင်းထုတ်ပြန် မယ်လို့လည်း အသိပေးထားပါတယ်။ အင်းဒင်ရွာဖြစ်စဉ်နဲ့ပတ်သက်လို့တော့ အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့လည်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က တပ်မတော် သတင်းထုတ်ပြန်ချက်မှာ ရေးထားပါတယ်။

ICOE ရဲ့ အစီရင်ခံစာထဲမှာ ၂၀၁၇ သြဂုတ်လ ၂၇ ရက်နေ့က ARSA တိုက်ခိုက်ရေးသမားတွေ ပုန်းနေ တယ် ဆိုတဲ့ သံသယနဲ့ ချွတ်ပြင်ရွာကို လုံခြုံရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ARSA အဖွဲ့ဝင်တွေ အပါအဝင် ရွာသူ ရွာသား ၁၀၀ လောက်အသတ်ခံခဲ့ရဖွယ်ရှိတယ်လို့ ရေးသားထားပါတယ်။

မောင်နုကျေးရွာမှာလည်း အစုလိုက်အပြုံလိုက်သတ်ခံရသူ ၁၀၀ နဲ့ ၂၀၀ ကြားရှိပြီး လက်နက်ကိုင်မဟုတ်တဲ့ ရွာသားတွေဖြစ်တယ်လို့ မျက်မြင်တွေက ပြောကြောင်း ICOE အစီရင်ခံစာမှာ ရေးထားပါတယ်။ ဒီအစီရင်ခံ စာ ထဲ မှာ မင်းကြီးရွာ၊ ချွတ်ပြင်ရွာ၊ မောင်နုရွာနဲ့ ဂူတာပြင်ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလက်ချက် နဲ့ အစုလိုက် အပြုံလိုက်သတ်ခံခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

Link : Here

1 comment:

  1. If the Editors of Rohingya News Bank wanted a broad base readership, you should publish your news in both Zawgyi and Unicode Myanmar fonts. Now, by limiting your don't to only one particular font, you have missed out a lot of readership.

    ReplyDelete

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */