Saturday, February 29, 2020

မြောက်ဦး၊ မင်းပြား တိုက်ပွဲများကြား လူ ၄ ဦးသေ

VOA 
ဗွီအိုအေ (မြန်မာဌာန)
29 ဖေဖော်ဝါရီ၊ 2020
မဆုမွန်
 ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် မြန်မာ တပ်မတော်သားအချို့။ (နိုဝင်ဘာ ၁၁၊ ၂၀၁၂)

ဒီကနေ့ စနေနေ့မနက်အစောပိုင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြားက ကျေးရွာတရွာ ကို လက်နက်ကြီးကျည်ကျလို့ လူ ၄ ဦးသေဆုံးပြီး ရွာသားတချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရသလို နေ အိမ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်းတွေအတွင်း ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာသလို စစ်ပြေးစစ်ရှောင်ဦးရေကလည်း တ သိန်းတသောင်းကျော်အထိ ရှိလာနေပြီလို့ ကူညီကယ်ဆယ်ပေးနေသူတွေက ပြောပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ် ပွားနေဆဲ အနေအထားမှာတော့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့ စနေနေ့မနက်ပိုင်းမှာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်ကြား တိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ရပြီး ရွာသား တ ချို့ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရခဲ့သလို နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဒေသ ခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်ကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အရပ်သား ထိခိုက်သေ ဆုံးမှု အခြေအနေကို ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေမြန်မာပိုင်း ကို အခုလိုပြောပါတယ်။

“မင်းပြားနဲ့ မြောက်ဦးကြား ဘူးတလုံး မွတ်စလင်ရွာကို မြန်မာစစ်တပ်ဘက်က ရမ်းသန်းပစ်တဲ့ လက်နက် ကြီး ထိပြီးတော့ မွတ်စလင် လေးဦးသေပြီး ငါးဦး ဒဏ်ရာရတာ။ မြောင်းဘွေရွာမှာလည်း အိမ်သုံးလုံး မီး လောင်သွားတယ်လို့ သိရတယ်။ နောက်ထပ် အရပ်သားတွေ ထိခိုက် ဒဏ်ရာရတဲ့ သတင်းတွေတော့ ဆက်တိုက် ကြားနေရတယ်။ ဒါပေမယ့် အသေးစိတ်ကတော့ လောလောဆယ် ကျနော်တို့ဆီ ရောက်မလာ သေး ဘူး။”

မဆုမွန် - ဒါက ဒီနေ့မနက်ဖြစ်တာပေါ့နော် ဦးခိုင်သုခ။

ခိုင်သုခ - “ဟုတ်ကဲ့၊ ဒီနေ့မနက်ဖြစ်တာဗျ။ အဲဒီမှာ မြန်မာစစ်တပ်ဘက်က သူတို့ အထိအခိုက် အကျအ ဆုံးတွေ များပြီဆိုရင် အနီးနားက ရွာတွေကို ရမ်းသန်းပြီး ပစ်တဲ့အတွက် အခုလို အရပ်သားတွေ ထိခိုက် သေ ကျေ ဒဏ်ရာရမှုတွေ ဖြစ်တာဗျ။” 


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင်း ဒီရက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်တိုက် ပြန်ဖြစ်ပွားလာနေပြီး စစ် ပြေးစစ်ရှောင်ပြည်သူတွေ ပိုများလာတယ်လို့ ရခိုင်စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ရခိုင်တိုင်း ရင်း သားမျိုးနွယ်များ အစည်းအရုံး (REC) က အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းကလည်း အခြေအနေ ပြောပြပါ တယ်။

“ဒီနေ့မနက် ၆ နာရီလောက်ကတည်းက စဖြစ်တာ။ ၉ နာရီခွဲလောက်ထိကို တိုက်ပွဲတွေက ဖြစ်တယ်။ သူကမြောက် ဦးနဲ့ မင်းပြားကြားလောက်ကို ကျတယ်။ ကျေးရွာမှာ အိမ်သုံးလုံးက မီးလောင်သွားတယ်။ ပြီးတော့ ဒဏ်ရာရတဲ့သူ တဆယ်ဝန်းကျင်လောက် ရှိတယ်။ ရသေ့တောင်၊ ဘူးသီးတောင် ဒေသဘက်မှာ ပြင်းထန် လာတာ ရှိတယ်။ အခုတခါ မြောက်ဦးနဲ့ မင်းပြားကြားမှာ ဖြစ်တာပေါ့။ ဒီနေ့ တိုက်ပွဲဖြစ်တဲ့အခါကျတော့ ကား အသွားအလာတွေ အကုန်လုံး ရပ်ဆိုင်းသွားတယ်။ အဝေးပြေးလမ်းမကြီးပေါ်မှာလည်း ကားတွေ မရှိတော့ ဘူး။ အဲ့လိုတွေဖြစ်သွားတယ်။ မြောက်ဦးနဲ့ မင်းပြား အကြားမှာရှိတဲ့ စခန်းတချို့မှာတော့ အခက်အခဲတချို့ တွေ့နိုင်တယ်။”

ချင်းပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်တွင်းက စစ်ဖြစ်ပွားနေတဲ့ မြို့နယ်တွေမှာ စစ်ရေးက ပိုပြင်းထန် လာ နေပြီး အစိုးရတပ်ဘက်က လေကြောင်းတွေနဲ့ပါ တိုက်စစ်ဆင်လာနေတယ်လို့ ရခိုင်တပ်ပြောခွင့်ရ ခိုင်သုခ က ပြောပါတယ်။

“ဒီရက်ပိုင်း ထိတွေ့မှု ပြင်းထန်တဲ့ဟာကတော့ ပလက်ဝဘက်မှာ တိုက်ပွဲက ဒီနေ့ဆို တိုက်ပွဲ ဆက်တိုက် ဖြစ်နေတာ ၂၃ ရက်မြောက်ရှိပြီ။ ပလက်ဝမြို့နယ် မီးကျောင်းတံတားထိပ်က မြန်မာစစ်တပ်ရဲ့ လက်နက်ကြီး စခန်းမှာ ဖြစ်နေတာ။ အဲဒီလက်နက်ကြီးစခန်း ဝန်းကျင်ကို မြန်မာစစ်တပ်ဘက်ကနေ စစ်လက်နက် ပစ္စည်း တွေ ရိက္ခာတွေထောက် ပံ့ဖို့အတွက် သူတို့ စစ်ကူတွေပို့ဖို့ ကြိုးစားနေတာရှိတယ်။ အဲဒီမှာ မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေနဲ့ ရခိုင့်တပ် တော်ရဲ့ ဖြတ်တောက်ရေး စစ်ကြောင်းတွေကြားမှာ တိုက်ပွဲတွေက နေ့စဉ်ရက် ဆက် ဖြစ်နေတာ။ အဲဒီမှာ မြန်မာစစ်တပ်ဘက်က Jet Fighter တွေ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံး ပြု ပြီး ဆက်တိုက် တိုက်ခိုက်နေတာပေါ့။ တချို့နေ့တွေမှာဆိုရင် မြန်မာစစ်တပ်ဘက်က ဂျက်လေယာဉ်နှစ် စီး ရဟတ်ယာဉ် လေးစီး အဲလိုမျိုး တပြိုင်နက်တည်း လာတိုက်ခိုက်တာတွေ ရှိတယ်။ ဗုံးကြဲတာတွေ ရှိ တယ်။ Rocket တွေနဲ့ ပစ်တာရှိတယ်။ စက်သေနတ်ကြီးတွေနဲ့ ပစ်တယ် အပေါ်ကနေ။ ဒီရက်ပိုင်းမှာတော့ အတော်လေး ပေါက်ကွဲအား ပြင်းထန်တဲ့ ဗုံးအကြီးစားမျိုးတွေ လာပြီးတော့ ချတာလည်း ရှိတယ်။”

အခုဆိုရင်တော့ ရခိုင်တပ်နဲ့ စစ်တပ်တို့ကြား စစ်ရေးတင်းမာမှုတွေကြောင့် စစ်ရှောင်ဦးရေက ဒီကနေ့အထိ တသိန်းတသောင်းကျော်သွားပြီဖြစ်ပြီး ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာ၊ အခြေခံဆေးဝါးနဲ့ နေထိုင်ရေး အတော်လေးကို ဒုက္ခတွေ့နေကြရတယ်လို့လည်း ရခိုင်ဒုက္ခသည်တွေကို ကူညီပေးနေသူ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“အကုန်လုံး တသိန်း တသောင်းနဲ့ ခုနှစ်ထောင် ကျော်ကျော်လောက်တော့ ရှိနေပြီ။ လောလောဆယ် အဓိ က အခက်အခဲက ဘာရှိလဲဆိုတော့ ရေရှားပါးလာတဲ့ စခန်းတွေ ရှိနေတယ်။ ဆိုတော့ ရေရှားပါး လာ တာ နဲ့အတူ ကျန်းမာရေးပြဿနာတချို့လည်း ရှိလာတယ်။ အထူးသဖြင့် ကလေးတွေမှာ အရေပြားရောဂါတွေ ဖြစ်လာတာရှိတယ်။ ပြီးတော့ ဝမ်းလျှောတာတွေလည်း ရှိလာနိုင်တယ်။ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေ မယ် ဆိုရင်တော့ စားနပ်ရိက္ခာတွေလည်း လိုအပ်ချက် အများကြီး ဖြစ်ပေါ်လာနိုင်ဖို့ အခြေအနေ ရှိပါတယ်။”

ဒီကနေ့ဖြစ်ပွားတဲ့ မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွင်းက တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တပ်မတော် သ တင်းမှန်ပြန်ကြားရေးအဖွဲ့ကို အတည်ပြုနိုင်ဖို့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ မနေ့ သောကြာ နေ့ကလည်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်းမှာ တပ်မတော်ရေယာဉ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွင်း မင်းပြားမြို့ခံ အမျိုး သားတဦး သေဆုံးပြီး ကိုယ်ဝန်ဆောင်မိခင်တဦး၊ ကလေးငယ်နှစ်ဦး အပါအဝင် အရပ်သားတချို့ ဒဏ်ရာ ရခဲ့ပါတယ်။
 
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */