Sunday, February 2, 2020

မီးရှို့ခံလိုက်ရတဲ့ အိမ်ကိုပြန်ဆောက်ပြီးနေချင်


B B C
ဘီဘီစီ မြန်မာပိုင်း
2020.02.02

မီးရှို့ခံလိုက်ရတဲ့ အိမ်ကိုပြန်ဆောက်ပြီးနေချင်ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် မောင်တောမှာ ဖြစ်ခဲ့တဲ့ ပြဿနာမှာ ကျေးရွာတော်တော်များများဟာ မီးလောင်ခဲ့ရ သလို ဒေသခံတွေလည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရတဲ့ အခက်အခဲတွေရှိခဲ့ကြပါတယ်။

မောင်တောမြို့နယ်အတွင်းက ပဒင်းကျေးရွာအုပ်စုတွင်းမှာ ကျေးရွာလေးရွာရှိခဲ့ပြီး ရွာသုံးရွာဟာ မီးလောင် မှုဖြစ် ပွားခဲ့တဲ့အတွက် အဲ့ဒီကျေးရွာသားတွေဟာ ပဒင်း-ကညင်ချောင်းကျေးရွာမှာ စုပေါင်းနေထိုင်နေကြ ရပါတယ်။

ပဒင်း-ခေါင်းဒုက္ကာကျေးရွာ မီးရှို့လောင်ကျွမ်းမှုမှာ မွတ်ဆလင်ဘာသာဝင်တစ်ဦးဖြစ်တဲ့ အသက် ၆၉ နှစ်အ ရွယ် ဦးအဘူကာလာမ်ရဲ့နေအိမ်လည်း ပါဝင်ပါတယ်။

လက်ရှိမှာတော့ သူတို့မိသားစုဟာ ပဒင်း-ကညင်ချောင်းကျေးရွာမှာ နေအိမ်ငှားပြီးနေထိုင်နေကြရကြောင်းနဲ့ ယခင်လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ သူတို့ရဲ့လယ်မြေတွေကိုလုပ်ကိုင်ရင်း မူလကနေထိုင်ခဲ့တဲ့ သူတို့ရဲ့နေ အိမ်မြေကွက်ပေါ်မှာ ပြန်လည်ဆောက်လုပ်နေချင်တယ်လို့ဆိုပါတယ်။

သူတို့မိသားစုမှာ ပိုင်ဆိုင်တဲ့ လယ်မြေ ၁၀ ဧကခန့်ရှိပြီး ကောက်ပဲသီးနှံစိုက်ပျိုးတဲ့ အလုပ်ကို အဓိကလုပ် ကိုင်ခဲ့ကြပေမယ့် အခုအခါမှာတော့ အစိုးရကထောက်ပံ့ပေးထားတဲ့ စားနပ်ရိက္ခာတွေကိုပဲ အားကိုးပြီးနေ ထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ရိုက်ကူး - မြင့်လွင်

#ဘီဘီစီမြန်မာပိုင်း #ရခိုင် #မောင်တော 


Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */