Monday, February 10, 2020

ရိုဟင်ဂျာလေးသောင်းကျော် ပြန်ခေါ်ဖို့ ဘင်္ဂလားဒေ့ရှ်ကို ဆော်ဒီဖိအားပေး

10 ဖေဖော်ဝါရီ၊ 2020  
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar က ရိုဟင်ဂျာဒုက္ခသည်များ (မတ်၊ ၀၇၊ ၂၀၁၉) 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ပြီး ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၄,၂၀၀၀ ကို ပြန်ခေါ်ဖို့ ဆော်ဒီအစိုးရကနေ ဘင်္ဂလားဒေ့ရှ်အစိုးရကို ဖိအားပေးနေပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံတွင်းမှာ အရင်ကတည်းက ရိုဟင်ဂျာအတော်များများ ရောက်နေပြီး သူတို့ထဲက အချို့ကို ဆော်ဒီက အမြဲတမ်းနေထိုင်ခွင့်ပေးထားပါတယ်။
 
အခု ရိုဟင်ဂျာ ၄၀,၀၀၀ ကျော် ပြန်ခေါ်ဖို့ကိစ္စကိုတော့ Abu Dhabi မှာလုပ်တဲ့ သံတမန်အစည်းအဝေး တခုအတွင်း ဆွေးနွေးပြောဆိုခဲ့တာလို့ သိရပါတယ်။ လာမယ့် ဖေဖဝါရီ ၁၂ ရက်မှာ လုပ်မယ့် ဆော်ဒီ-ဘင်္ဂလား ဒေ့ရှ် နှစ်နိုင်ငံအစည်းအဝေးမှာ ဒီကိစ္စကို ထပ်မံဆွေးနွေးပြောဆိုဖို့ ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်သံတမန် အ သိုင်း အဝိုင်းက ဗွီအိုအေ ဘင်္ဂလားဌာနကို ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ရှိနေတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံကူးလက်မှတ်တွေနဲ့ လေကြောင်းကတဆင့် ဆော်ဒီအပါအဝင် အရှေ့အလယ်ပိုင်းနိုင်ငံတွေကို သွားရောက်တာတွေ ရှိနေတယ်လို့ ဆော်ဒီဘက်က ယူ ဆထားတဲ့အကြောင်းလည်း သံတမန်တွေက ပြောပါတယ်။

ဆော်ဒီမှာရှိနေတဲ့ ရိုဟင်ဂျာတွေကို ဆော်ဒီနိုင်ငံအနေနဲ့ မနှစ်တုန်းကလည်း နှစ်ကြိမ်ထက်မနည်း ဘင်္ဂ လား ဒေ့ရှ်ဘက်ကို ပြန်ပို့ခဲ့ဖူူးပါတယ်။

ဘင်္ဂလားဒေ့ရှ်က နယ်စပ်ဒုက္ခသည်စခန်းတွေမှာတော့ ရိုဟင်ဂျာ တသိန်းလောက်ရှိပြီး ဒီလူတွေကို မြန်မာ ပြည် ပြန်ပို့နိုင်ဖို့ မြန်မာအစိုးရနဲ့ ညှိနှိုင်းနေပါတယ်။ မြန်မာဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့်လို့ ဒုက္ခသည်တွေ ပြန်လက်ခံမယ်လို့တော့ ပြောထားပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */