Thursday, January 23, 2020

ICJ အမိန့်ချမယ့်နေ့မှာ တရုတ်က မြန်မာနဲ့အတူ အမြဲရှိနေ မယ်လို့ ထုတ်ပြန်

လွတ်လပ်တဲ့အာရှအသံ ( RFA )
020-01-23
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို ၂ဝ၁၉ ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ်
Photo: Thiha Tun/RFA 

နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာကို ကြားဖြတ်အရေးယူမယ့်အစီအစဉ် ချမှတ်မယ့် ဒီနေ့ မနက်ပိုင်းမှာပဲ “စတင်တာ အရမ်းစောတယ်” လို့ မပြောလိုက်ပါနဲ့ ဘယ်ကိုပဲသွားသွား ခင်ဗျားရဲ့ အနီးကပ် မိတ်ဆွေတွေက ခင်များအနားရှိနေမှာပါ” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီဝန်းကျင်မှာ နိုင်ငံတကာတရားရုံး ICJ က မြန်မာကို ကြားဖြတ် အရေးယူ ဆုံး ဖြတ်ချက် ချမှတ်သင့်၊ မသင့် ဆုံးဖြတ်မှာဖြစ်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ့ခေါင်းဆောင်တွေက သမ္မတ ရှီကျင့်ဖျင်ရဲ့ခရီးစဉ်မှာ နိုင်ငံတချို့ ဟာ လူ့အခွင့်ရေး၊ ဘာသာရေးနဲ့ တိုင်းရင်းသားအရေးကို အကြောင်းပြပြီး ပြည်တွင်းရေးကို ရည်ရွယ်ချက် ရှိရှိ စွက်ဖက်နေကြတယ်လို့ ပြောဆိုခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့အခါ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က တရုတ်ဟာ မြန်မာ အပေါ် နှစ်ပေါင်းများစွာ နားလည်မှုရှိရှိနဲ့ နှစ်နိုင်ငံဆက်ဆံရေးသာမက နိုင်ငံတကာအရေးမှာပါ ဆက်ဆံတဲ့ အတွက် မြန်မာလူထုက အမြဲအမှတ်တရရှိနေမှာဖြစ်ကြောင်း အားတက်သရော ပြောဆိုခဲ့တယ်လို့လည်း တရုတ်နိုင်ငံ ခြားရေးဝန်ကြီးက ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကယ်စင်မြင့်ပေါ်မှာ မြန်မာနိုင်ငံရဲ့အချုပ်အချာ ရပ်တည်ပိုင်ခွင့်နဲ့ နိုင်ငံ့ပုံရိပ်၊ အကျိုးစီးပွား ရပ် တည်ချက်တွေကို တရုတ်နိုင်ငံဘက်က ဆက်လက်ပြီး ထောက်ခံနေမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ သမ္မတချီကျင့်ဖျင်ဟာ ၂၀၂၀ နှစ်အစပိုင်းမှာ မြန်မာနိုင်ငံကို စတင်လည်ပတ်ခဲ့တာမို့လို့ နှစ်နိုင်ငံဆက်ဆံရေး အစကောင်းတဲ့သဘောလည်း ရေးထားပါတယ်။

တရုတ်-မြန်မာ နှစ် ၇၀ ပြည့် ဆက်ဆံရေးကို အသိအမှတ်ပြုတဲ့အနေနဲ့ နှစ်နိုင်ငံခေါင်းဆောင်းတွေဟာ ၂၀၂၀ ကို ယဉ်ကျေးမှုအမွေအနှစ်နှင့် ခရီးသွားနှစ်အဖြစ် သတ်မှတ်ပြီးတော့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ တခြားအစီအစဉ် ၇၀ ကျော် ကျင်းပဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို သိသာစွာပြောင်းလဲစေရေး ရည်ရွယ်ပြီးတော့ တရုတ်-မြန်မာ အသိုင်း အဝိုင်းတည်ဆောက်ဖို့လည်း နှစ်နိုင်ငံခေါင်းဆောင်တွေ ဆုံးဖြတ်ကြခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */