Tuesday, January 14, 2020

ထိုင်းထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတချို့ ပြန်လည်ဖမ်းမိ

VOA
 ဗွီအိုအေ (မြန်မာဌာန) 
အေးအေးမာ
 
14 ဇန္နဝါရီ၊ 2020  
 ၂၀၁၉ ခုနှစ်က ဆုံခလာခရိုင်မှာ ဖမ်းမိတဲ့ရိုဟင်ဂျာများ ( ပုံ-ထိုင်းကယ်ဆယ်ရေးအဖွဲ့)
 
 ထိုင်း-မလေးနယ်စပ် လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်ကနေ ဇန်နဝါရီလ ၈ ရက်နေ့ ကထောင်ဖောက် ပြေးတဲ့ ရိုဟင်ဂျာ ၁၉ ဦးအနက် ၄ ဦး ကို ပြန်လည်ဖမ်းမိ ခဲ့ပါတယ်။ ကျန်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို မလေးရှားအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ဆက်လက်ရှာဖွေနေပါတယ်။

ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ၊ ဆုန်ခလာခရိုင် ၊ စဒေါင်မြို့နယ်တွင်းက လဝက အကျဉ်းထောင်ကနေဇန်နဝါရီလ ၈ ရက်နေ့ မနက်မှာ ထောင်ကို ဖောက်ပြီး ထွက်ပြေးခဲ့ကြတဲ့ ထိန်းသိမ်းခံ ရိုဟင်ဂျာ ၁၉ ဦး ကို ဖမ်းဆီးနိုင်ဖို့ စဒေါင်မြို့ ရဲတပ်ဖွဲ့ ၄၃၇ နယ် ခြားစောင့်တပ်တွေ စုပေါင်းပြီး ရှာဖွေဖမ်းဆီးခဲ့တာပါ။ ဆုန်ခလာခရိုင် ရဲမူးကြီး Chalitchok Amornpanich က ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။

“ဇန်နဝါရီလ ၈ ရက်နေ့မနက် ၄နာရီလောက်မှာ ထွက်ပြေးသွားတဲ့ရိုဟင်ဂျာ ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါ တယ်။ ၃ယောက်ကတော့ ထိုင်း-မလေးနယ်စပ်မှာ ပြန်ဖမ်းမိပါတယ်တယောက်တော့ မလေးရှားအာဏာ ပိုင်တွေက ဖမ်းပြီး ထိုင်းကိုပြန်ပို့ ပေးခဲ့ပါတယ်။ကျန်နေသေးတဲ့ ၁၅ယောက်ကိုဖမ်းမိဖို့အတွက် ဆက်လက် လုပ်ဆောင်နေသေးတယ်”

ထိုင်း-မလေးနယ်စပ်တလျောက်မှာ အနံ့ခံခွေးတွေနဲရော ရဟတ်ယာဉ်တွေနဲ့ပါ ရှာဖွေနေတာကို ရုပ်သံသ တင်းမှာတွေ့ရပါတယ်။ ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာတွေထဲက လွတ်နေသူတွေရဲ့ဓါတ်ပုံတွေကို ထိုင်း-မလေးနယ်စပ်တွေက ကျေးရွာသူကြီးတွေဆီပို့ပြီး ဒီလူတွေကို တွေ့ရင်သတင်းပေးဖို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ ထောင်ဖောက်ပြေးမူနဲ့ ပတ်သက်လို့ ဇူလိုင် ၁၁ ရက်နေ့ကတော့ စဒေါင် ရဲစခန်းမှာ တာဝန်ကျ နေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင် ၁၂ဦးကိုတာဝန်ပေါ့လျော့မူနဲ့စုံစမ်း စစ်ဆေးနေပါတယ်။ အလားတူပဲ ထိုင်းတောင် ပိုင်း ဖန်ငခရိုင်မှာလည်း အချုပ်ထောင်ကို ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေရှိခဲ့ဖူးပါတယ်။ ထိုင်းတောင်ပိုင်း ဖန်း ငအခြေစိုက်ပညာ ရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန် ခံဦးမင်းဦး ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

“ထိုင်းကတော့ ဂေဟာတွေမှာပဲထားတယ်။ ဒုက္ခသည်စခန်းလည်းပို့လို့မရဘူးလေ ကျနော်ထင်တာကြာ မယ်ထင်တာ သိတ်မကြာဘူး ။ ပြီးခဲ့တဲ့လက လဝကရုံးကိုရောက်တုန်း မေးကြည့်တာ ကျန်တဲ့ရိုဟင်ဂျာ ၁၀ယောက်တောင် မပြည့်တော့ဘူး ။ ကျန်တဲ့လူတွေက UN အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်သွားကြပြီ။ ဟိုတုန်းကအကြာကြီးနေရတာ ကြပ်ပိတ်ပြီးနေရတာ ပြဿနာတွေတက် အချုပ်ကိုဖောက်ပြေးလို့ သေနတ် ဖောက်ပြီးပြန်ဖမ်းတာတယောက်တောင် သေ သေးတယ် ဒါပေမယ့် တချို့ကလည်း သူတို့ကိုယ်တိုင်တတိ ယနိုင်ငံကို မသွားချင်ကြဘူး မလေးရှားမှ မလေးရှားပဲ သွားချင်တာရှိတယ်။”

ထိုင်းတောင်ပိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲက အမျိုးသမီးနဲ့ ကလေးတွေကိုတော့ တချို့ စောင့်ရှောက် ရေးဂေဟာတွေမှာ ထားပေးတာတွေရှိခဲ့ပါတယ်။ အခု ထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေထဲက ပြန်မိ သူတွေကတော့ သူတို့ကို မြန်မာပြည်ပြန်ပို့မှာ ကြောက်လို့ ထွက်ပြေးကြတယ်လို့ ထိုင်းမီဒီယာတွေကို ပြော ဆို ထားပါတယ်။ ဒါပေမဲ့ ထိုင်းဘက်မှာဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ကို ပြန်ပို့တာမျိုးကိုတော့ မကြားမိဘူးလို့ ဦးမင်းဦးကတော့ဆိုပါတယ်။

ထိုင်းဘက်ကို ရောက်လာတဲ့ရိုဟင်ဂျာတွေဟာ ရခိုင်ဘင်္ဂလားနယ်စပ်ကနေ လာရောက်ကြတာပါ။ လူကုန် ကူးသူတွေကတော့ မလေးရှားပို့ပေးမယ်ဆိုပြီး ခေါ်လာရင်း သူတို့ဟာ ထိုင်းမလေးနယ်စပ်မှာ ဖမ်းမိခဲ့ တာဖြစ်တယ်လို့ ဦးမင်းဦးကပြောပါတယ်။

လတ်တလောမှာ ထောင်ဖောက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ ထိုင်းဘက်က မြန်မာသံရုံး ဘက် ကို အကြောင်းကြာတာ မြန်မာဘက်က တာဝန်ယူရတာရှိ၊ မရှိကိုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာ သံအမတ်ကြီးဦးမျိုးမြင့်သန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“မရှိပါဘူး ခင်ဗျ သတင်းစာထဲမှာပဲ တွေ့ပါတယ်။ မရှိပါဘူး အရင်တုန်းကလည်း မပြောဘူးပါဘူး Human Trafficking နဲ့ ပတ်သက်တာဆိုရင်တော့ သူတို့ကော်မတီတွေ သပ်သပ်ရှိပါတယ်။”

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ အခုထောင်ဖောက် ပြေးတဲ့သူတွေ ဟာ ၂၀၁၉ခုနှစ်အတွင်းမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာများဖြစ်ပါတယ်။

 

Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */