VOA
17 ဇန်နဝါရီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
ဗွီအိုအေ (မြန်မာပိုင်း)
အမျိုးသမီးများ အရေး အီတလီ လမ်းဘေးအနုပညာပြပွဲ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကမ္ဘာမှာထင်ရှားတဲ့ အမျိုးသမီးခေါင်း ဆောင်တွေရဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာရထားတာမျိုး ရေးဆွဲထားတဲ့ ပိုစတာတွေကို လမ်းဘေးနံရံ မှာကပ်ထားတဲ့ လမ်းဘေးအနုပညာလှုပ်ရှားမှုတခုကို အီတလီနိုင်ငံ၊ မီလန်မြို့မှာ စတင်လုပ်ဆောင်နေတဲ့ အကြောင်း AFP သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လူတွေ ပိုပြီး သတိပြုမိလာစေဖို့ အခုလိုလုပ်တာလို့ ပိုစတာတွေကို ရေးဆွဲတဲ့ အီတလီအနုပညာရှင် AleXsandrio Palombo ကပြောပါတယ်။
“ကျမဟာ မိန်းမသားဖြစ်နေလို့သာ” လို့ဆိုရမယ့် “Just Because I am a Woman” လို့ အမည်ပေးထားတဲ့ ဒီအနုပညာလှုပ်ရှားမှု ရဲ့ ပိုစတာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပုံနဲ့အတူ အမေရိကန် သမ္မတဟောင်း ကတော် Michelle Obama ၊ နောက်ထပ် သမ္မတဟောင်းကတော် တဦးလည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီး ဟောင်းလည်းဖြစ်တဲ့ Hillary Clinton ၊ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ၊ အမေရိကန် အောက်လွှတ်တော်အမတ် Alexandria Ocasio-Cortez နဲ့ အိန္ဒိယက ထင်ရှားတဲ့ နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်သူ Sonia Gandhi တို့လည်း ပါဝင်ပါတယ်။
“အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ လူမျိုးမရွေး၊ လူတန်းစားမရွေး ဒါမှမဟုတ် ကိုးကွယ်တဲ့ဘာ သာမရွေး လူတိုင်းပေါ် သက်ရောက်တဲ့ ကမ္ဘာလုံးဆိုင်ရာပြဿနာတခုဖြစ်တယ်” လို့ ပိုစတာတွေပေါ်မှာ ရေးထားပါတယ်။
မျက်နှာမှာ ဒဏ်ရာတွေရထားတဲ့၊ ဒါမှမဟုတ် လည်ပင်းညှစ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ပုံဖော်ထားတဲ့ ပိုစ တာပါ အမျိုးသမီးတွေက “ကျမဟာ အိမ်တွင်းအကြမ်းဖက်မှုဒဏ် ခံရသူတဦးဖြစ်ပါတယ်၊ ပေးတဲ့လုပ် ခလစာက ပိုနည်းပါတယ်၊ လိင်အင်္ဂါ လှီးဖြတ်ခံထားရ ပါတယ်၊ ကျမနှစ်သက်သလို အဝတ်အစား ဝတ် ဆင်ခွင့်မရပါဘူး၊ ဘယ်သူ့ကို အိမ်ထောင်ဘက်အဖြစ် လက်ထပ်မယ်ဆိုတာ ကျမ ရွေးချယ်ခွင့်မရပါဘူး၊ ကျမ မုဒိန်းကျင့်ခံရပါတယ်” ဆိုတဲ့စာသားတွေကို ပိုစတာတွေမှာ ရေးထားပါတယ်။

Link : Here
No comments:
Post a Comment