Tuesday, January 14, 2020

လှေစီးပြေး ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ်ထဲ ပြန်ပို့

VOA 
ဗွီအိုအေ (မြန်မာပိုင်း)
14 ဇန်နဝါရီ၊ 2020
 ဒီဇင်ဘာလတွင်း မြန်မာ ရေတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာများ

ပြီးခဲ့တဲ့ လတုန်းက ပင်လယ်ပြင်မှာ မြန်မာ ရေတပ်က ဖမ်းဆီးခဲ့တဲ့ ရိုဟင်ဂျာ မူဆလင် ၂၀၀ နီးပါးကို ရခိုင် ပြည် ပနယ်ထဲ ပြန်ပို့ခဲ့ပြီး ဖြစ်ကြောင်း တနလာၤနေ့မှာ တာဝန်ရှိသူတွေရဲ့ အပြောကို ကိုးကားပြီး AFP သ တင်း က ဖော်ပြပါတယ်။ တနသာၤရီတိုင်း ကော့သောင်း အနီးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ လလယ်ပိုင်းက ၁၇၃ ယောက်ကို ကယ်တင်ခဲ့ရတာပါ။

တနင်္လာနေ့က ရိုက်ယူထားတဲ့ ဓာတ်ပုံထဲမှာတော့ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ် စုစုပေါင်း ၁၇ ယောက်တို့ ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အနီးက ပင်လယ်ကမ်းစပ်မှာ သစ်သား လှေပေါ်ကနေ ဆင်းလာတာကို တွေ့ရပါတယ်။

သူတို့ရဲ့ နာမည်တွေပါတဲ့ ကဒ်ပြားတွေကိုလည်း ချိတ်ဆွဲထားကြပြီး ကမ်းခြေမှာ တန်းစီနေကြတာပါ။ သူ တို့ကိုတော့ သဲချောင်း စခန်းကို ခေါ်ဆောင်သွားပြီး ကျန်တဲ့ ၁၅၆ ယောက်ကိုတော့ မောင်တော မြို့နယ်ထဲ က ငါးခူရ စခန်းကို ပို့ဆောင်ခဲ့ကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဌာနက ပြောဆိုချက်ကို ကိုးကားထားပါတယ်။ ငါးခူရ စခန်းဟာဆိုရင် ဘင်္ဂလားဒေရှ့်က ပြန်လာတဲ့ ဒုက္ခသည်တွေကို စိစစ်လက် ခံရာ ဖြစ်ပါတယ်။

ဒီလူတွေကို အရေးယူမလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိကြောင်း ဗိုလ်မှူးကြီး မင်းသန့်က AFP ကိုတယ် လီဖုန်းနဲ့ ဖြေကြားပြီး ဒီလူတွေ အရေးကို ရခိုင်အရေး ကြီးကြပ်ဆောင်ရွက်တဲ့ UEHRD က ဆုံး ဖြတ် မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရခိုင်မြောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးရတဲ့ သိန်း နဲ့ချီတဲ့ လူတွေကို စိစစ်ပြီး ပြန်လည် လက်ခံမယ်လို့ မြန်မာ အစိုးရက ပြောဆိုထားပေမယ့် ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ အသိအမှတ် မပြုပါဘူး။ 

 

Link : Here 

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */