Sunday, January 19, 2020

ARSA က ဟိန္ဒူလူမျိုး ၁၃ဝ ကျော်သတ်ဖြတ်မှုကို နိုင်ငံတ ကာ လျစ်လျူရှုထားဆဲဟု ဟိန္ဒူကူညီရေးအဖွဲ့ပြော

မြန်မာတိုင်းမ်နေ့စဉ်
တီအမ်ဇက်
19 JAN 2020
ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ရခိုင်ပြည်နယ်ဟိန္ဒူ ကူညီစောင့်ရှောက် ရေးအဖွဲ့(ရန်ကုန်)မှ ကြီးမှူးကျင်းပ သည့် 'ရခိုင်ပြည်နယ် ပဋိပက္ခတွင် အမှန်တကယ်နစ်နာသူများမှာ မည်သူ တွေလဲ' ခေါင်းစဉ်ဖြင့် သတင်းစာရှင်း လင်းပွဲ။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ARSA အဖွဲ့က ဒေသခံတိုင်းရင်းသား များနှင့် ဟိန္ဒူလူမျိုး ၁၃ဝ ကျော်အား အကြမ်း ဖက်သတ်ဖြတ်ခဲ့သော်လည်း နိုင်ငံတကာက လျစ်လျူရှုထားဆဲဖြစ် ကြောင်း ရခိုင်ပြည်နယ်ဟိန္ဒူ ကူညီရေး အဖွဲ့မှ ဦးရာဂူးနေမြင့်က ပြောသည်။

ဇန်နဝါရီ ၁၈ ရက်က ရန်ကုန်မြို့ Park Royalဟိုတယ်တွင် ရခိုင်ပြည်နယ်ဟိန္ဒူ ကူညီစောင့်ရှောက် ရေးအဖွဲ့ (ရန်ကုန်)မှ ကြီးမှူးကျင်းပ သည့် 'ရခိုင်ပြည်နယ် ပဋိပက္ခတွင် အမှန်တကယ်နစ်နာသူများမှာ မည်သူ တွေလဲ' ခေါင်းစဉ်ဖြင့် သတင်းစာရှင်း လင်းပွဲ၌ ထည့်သွင်းပြောခြင်းဖြစ်သည်။

''ဟိန္ဒူတွေ ဒီလောက်အဖြစ်ဆိုးနဲ့ ကြုံရတာတောင် ဘယ်နိုင်ငံတကာအဖွဲ့ အစည်းမှအကူအညီမရဘူး။ ၂ဝ၁၇ မှာ ဟိန္ဒူတွေတကယ်နစ်နာခဲ့တယ်။ ဒါကို နိုင်ငံတကာမှာ အခုအထိလျစ်လျူ ရှုခံနေရတယ်။ ARSA နဲ့ ဘင်္ဂါလီတွေ တိုက်ခိုက်တာကို သက်သေအထောက် အထားတွေရှိတယ်။ ကျွန်တော်တို့ အခုလိုပြော တာ က တပ်ဘက်ကိုလိုက်ပြီး ပြောနေတာမဟုတ်ဘူး။ တကယ် ကြုံနေရတာကို ပြောတာ။ တပ်က အင်အားအ လွန် အကျွံသုံးတယ်ဆိုတဲ့ စကားက တကယ့်ရယ်စရာကြီးဖြစ်နေ တယ်။ တကယ့်အင်အားအလုံးအရင်းနဲ့ လုပ်တာက ARSAနဲ့ ARSAအဖွဲ့ သြဇာခံတဲ့ ဒေသခံဘင်္ဂါလီတွေပဲဖြစ် တယ်''ဟု ၎င်းက ပြောသည်။

၂ဝ၁၇ ခုနှစ် သြဂုတ်လကုန်ပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွား ခဲ့သည့် အကြမ်းဖက်ခံရ မှုဖြစ်စဉ် တွင် ဒေသခံ ရခိုင်တိုင်းရင်းသားများနှင့် ဟိန္ဒူလူမျိုးများ သတ်ဖြတ်ခံရသော် လည်း ကမ္ဘာနှင့်မြန်မာ့သတင်း မီဒီယာ များက လျစ်လျူရှုထားသကဲ့သို့ လူ့အခွင့် အရေးဆိုသူများကလည်း အသံတိတ် နေကာ အမှန် တ ကယ်နစ်နာသူများမှာ ဟိန္ဒူနှင့် ဒေသခံရခိုင်တိုင်းရင်းသားများ သာဖြစ်ကြောင်း ၎င်းကဆိုသည်။

ARSAအဖွဲ့က ဟိန္ဒူလူမျိုးများအား သတ်ဖြတ်ရာတွင် အမျိုးသားနှင့်အမျိုး သမီးအုပ်စုခွဲကာ အမျိုးသားများ အား မသတ်မီ လိင်အင်္ဂါကိုဖြတ်တောက်ခဲ့ပြီး အမျိုးသမီးများအား ရင်သားများဖြတ် တောက်ပြီးမှ သတ်ဖြတ် ခဲ့ခြင်းဖြစ် ကြောင်း၊ ထို့နောက် တပ်မတော်သား များသတ်ဖြတ်ခဲ့သည့်ပုံဖော်ဆောင်ရန် ရည်ရွယ်ပြီး အ လောင်း များအား အစုလိုက် အပြုံလိုက် မြှုပ်နှံခဲ့သည်ဟု ပြန်လည်လွတ်မြောက်လာသူများထံမှ သိရကြောင်း ရခိုင်မျိုးစောင့်အဖွဲ့ဥက္ကဋ္ဌ ဦးဘအေးက ပြောသည်။

''လွတ်လာတဲ့သူတွေက ဘာသာ ပြောင်းမယ်ဆိုလို့မသတ်တာ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်ကို ခေါ်သွားတယ်။ လမ်းမှာ အကြိမ်ကြိမ်မုဒိမ်းကျင့်တယ်။ဘင်္ဂလားဒေ့ရှ်ရောက်ရင် ရခိုင်နဲ့တပ်က သတ်တာပါဆိုပြီး သူတို့သင် ပေး တဲ့ အတိုင်း မီဒီယာကိုပြောခိုင်းတယ်။ အဲဒီအင်တာဗျူးတွေကိုကြည့်ပြီး သူတို့ ဘင်္ဂလားဒေ့ရှ်ရောက်နေပြီ ဆိုတာသိလို့ ခက်ခက်ခဲခဲသွားကယ်လာရတာပါ'' ဟု ဦးဘအေးက ပြောသည်။

ပြန်လည်ကယ်တင်နိုင်ခဲ့သည့် ဟိန္ဒူလူမျိုးများ၏ ပြောပြချက်အရ ARSAအဖွဲ့သတ်ဖြတ်ထားခဲ့သည့် ကလေးငယ်များပါဝင်သည့် ဟိန္ဒူရုပ် အလောင်း ၄၅ လောင်းထပ်မံတွေ့ရှိခဲ့ သည်ဟု ပြောသည်။

မြန်မာနိုင်ငံသည် ဘင်္ဂါလီများ အပေါ်လူမျိုးရေးသတ် ဖြတ်သည်ဆိုကာ စွပ်စွဲချက်ဖြင့် ဂမ်ဘီ ယာနိုင်ငံက နိုင်ငံတ ကာတရားရုံးတွင် တရားစွဲထားမှုကိုရင်ဆိုင်နေရပြီး ဇန်န ဝါရီ ၂၃ ရက်တွင် အပြီးသတ်အမိန့် ချမှတ် မည်ဖြစ်သည်။
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */