" ယူနီကုတ်နှင့် ဖော်ဂျီ ဖောင့် နှစ်မျိုးစလုံးဖြင့် ဖတ်နိုင်အောင်( ၂၁-၀၂-၂၀၂၂ ) မှစ၍ဖတ်ရှုနိုင်ပါပြီ။ (  Microsoft Chrome ကို အသုံးပြုပါ ) "

Thursday, December 5, 2019

ICJ တွင် တရားစွဲဆိုထားမှု ကန့်ကွက်ရှုတ်ချပွဲ ခန္တီးမြို့တွင် ကျင်းပ

DVB
By အောင်ကိုလတ်
5 December 2019
 ဂမ်ဘီယာနိုင်ငံကနေ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာအပေါ် တရားစွဲဆိုထားတဲ့အပေါ် ကန့်ကွက်ရှုတ်ချပွဲကို စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ ဒီနေ့မနက် ကျင်းပခဲ့ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ရှိနေတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ရပ်တည်ထောက်ခံပွဲကို မြို့ခံပြည်သူ တချို့ စုပေါင်းကာ ကျင်းပပြုလုပ်ခဲ့ကြတာလို့ ဦးဆောင်သူ ကိုအောင်ဆန်းမြင့်က ပြောပါတယ်။

“ဒီနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်။ မကြာခင်လည်း နိုင်ငံတော်ရဲ့ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဒီကိစ္စကို သွားရောက်ဖြေ ရှင်းမှာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ အရေးကို တခြားနိုင်ငံက ဝင်ရောက် စွက်ဖက်တာကို လက်ခံလို့မရဘူး။ နိုင်ငံတော်အတိုင်ပင်ခံနဲ့အတူ ပြည်သူတွေရှိနေတယ်ဆိုတာကို ပြသကြဖို့ လိုတဲ့အတွက် ဒီပွဲကို ပြုလုပ် တာဖြစ်ပါတယ်။”

ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အပေါ် ကန့်ကွက်ရှုတ် ချပွဲတွေကို ရန်ကုန်၊ မုံရွာ စတဲ့မြို့ကြီးတွေမှာလည်း ပြုလုပ်ခဲ့ကြပြီး ခန္တီးအပြင် နောက်ထပ် တခြားသောမြို့တွေမှာလည်း ပြုလုပ်ဖို့ ပြင်ဆင်နေကြပါတယ်။

ခန္တီးမြို့ကပွဲမှာတော့ ခန္တီးမြို့မှာရှိတဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အားလုံး ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက အစ္စလာမ္မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား မြန်မာနိုင်ငံကို နယ်သာလန်နိုင်ငံ သည်ဟိဟ်မြို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုထားတာ ဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့ စတင်ကြားနာမှာဖြစ်ပါတယ်။
 
Link : Here

No comments:

Post a Comment

/* PAGINATION CODE STARTS- RONNIE */ /* PAGINATION CODE ENDS- RONNIE */